ကျန်းမာတော်မူကြပါစခင်ဗျာ။ မိုးလေဝသ - အောင်လံ (NGO) Web စာမျက်နှာသည် အစိုးရအဖွဲ့အစည်း မဟုတ်ပါ။ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းသာ ဖြစ်ပါသည်။ အောင်လံမြို့နှင့် အနီးတစ်ဝိုက်၏ မိုးလေဝသ သတင်း အချက်အလက်များကို အချိန်နှင့်တပြေးညီ ဖော်ပြပေးလျှက်ရှိပါသည်။

Thursday, June 11, 2020

(၁၂ - ၀၆ - ၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ

(၁၂ - ၀၆ - ၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ
============================================================

အပူချိန်အခြေအနေခန့်မှန်းချက်
=======================

အမြင့်ဆုံးအပူချိန် = 33°C
အနိမ့်ဆုံးအပူချိန် = 25°C

နာရီအလိုက်အပူချိန်ခန့်မှန်းချက်
========================

နံနက် ၀၀း၀၀ နာရီ = 26°C
နံနက် ၀၈း၀၀ နာရီ = 27°C
နံနက် ၁၀း၀၀ နာရီ = 30°C
မွန်းတည့် ၁၂း၀၀ နာရီ = 31°C
မွန်းလွဲ ၁၃း၀၀ နာရီ = 33°C
မွန်းလွဲ ၁၄း၀၀ နာရီ = 32°C
ညနေ ၁၅း၀၀ နာရီ = 29°C
ညနေ ၁၇း၀၀ နာရီ = 30°C
ည ၂၀း၀၀ နာရီ = 28°C
ည ၂၂း၀၀ နာရီ = 27°C

မိုးတိမ်အခြေအနေခန့်မှန်းချက်
======================

          နံနက်ပိုင်းနှင့်ညနေပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။ နေ့လယ်ပိုင်းတွင သာယာနိုင်ပြီး ညပိုင်းတွင် တိမ်အနည်းငယ်ရှိနိုင်ပါမည်။ မိုးဖွဲဖွဲကျခြင်း သို့မဟုတ် မိုးအုံ့ခြင်း ရှိနိုင်ပါမည်။

လေအခြေအနေခန့်မှန်းချက်
====================

          အရှေ့တောင်အရပ်မှ လေသည် အမြင့်ဆုံး တစ်နာရီ ၂၀ ကီလိုမီတာ၊ အနောက်တောင်အရပ်မှလေသည် အမြင့်ဆုံး တစ်နာရီ ၃ ကီလိုမီတာမှ ၅ ကီလိုမီတာအကြား တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းရရှိပါသည်။

မိုးလေဝသ - အောင်လံ (NGO)

ဥတုရာသီ လူကိုမွီ - ဒေါက်တာထွန်းလွင်

         
 
မိုးလေဝသနှင့် ဇလေဗဒ ပညာရှင် ဆရာကြီး ဒေါက်တာ ထွန်းလွင်၏ ၂၀၁၃ခုနှစ်၊ မတ္လ (၃) ရက်နေ့က တာချီလိတ်မြို့တွင် ဟောပြောခဲ့သည့် "ဥတုရာသီ လူကိုမွီ" ဗီဒီယိုဖိုင်အား အောက်ဖော်ပြပါလင့်ခ်မှ ဝင်ရောက်၍ Download ရယူကြည့်ရှုနိုင်ပါသည်။

ကောင်းကင်ကြိုး


မူစ်ဘရန်း (moosbrunn) ဩစတြီးယားရှိ လှိုင်းတို "Curtain " အင်တင်နာ

ကောင်းကင်ကြိုးဆိုသည်မှာ လျှပ်စစ်စွမ်းအင်ကို ရေဒီယိုလှိုင်းများ အဖြစ် ပြောင်းလဲပေးသော လျှပ်စစ်ပစ္စည်း တစ်မျိုး ဖြစ်သည်။အခြားတစ်နည်းဆိုရလျှင် အင်တင်နာသည် လျှပ်စစ်သံလိုက်လှိုင်းများ(Electromagnetic Waves) မွ လျှပ်စီးလမ်း(Current) အဖြစ် လျှပ်စီးလမ်းမှ လျှပ်စစ်သံလိုက်လှိုင်းများအဖြစ် အပြန်အလှန် ပြောင်းလဲပေးသော ကိရိယာပင်ဖြစ်သည်။ အင်တင်နာများကိုရေဒီယိုနှင့်တယ်လီဗီးရှင်းထုတ်လွှင့်ခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရေဒီယိုဖြင့် ဆက်သွယ်ခြင်း၊ ကြိုးမဲ့ LAN ကွန်ယက်များ၊ ရေဒါ နှင့် အာကာသစူးစမ်းရှာဖွေရေး တို့တွင် အသုံးပြုကြသည်။ အင်တင်နာများသည် ပုံမှန်အားဖြင့် လေထုထဲတွင် သို့မဟုတ် အာကာသဟင်းလင်းပြင်ထဲတွင် အလုပ်လုပ်သည်။ သို့သော်အချို့နေရာများ၌ ရေအောက်တွင် အသုံးပြုနိုင်ပြီး အချို့သော ကြိမ်နှုန်းများကို အသုံးပြု၌ မြေကြီးထဲတွင် သို့မဟုတ် ကျောက်စိုင်ကျောက်သားထဲတွင် တိုတောင်းသော အကွာအဝေးအတွက် ဆက်သွယ်မှု ပြုနိုင်သည်။

တည်ဆောက်ပုံအားဖြင့်ဆိုရလျှင် အင်တင်နာများသည် အားသက်ရောက်မှုပေးသော ပြောင်းလဲနေသည့် ဗိုးတေ့ခ်(alternating voltage)နှင့် ၎င်းနှင့်သက်ဆိုက်သည့် ပြောင်းလဲနေသောလျှပ်စီးလမ်း(alternating current) ပေါ်မူတည်၍ ရေဒီယိုလှိုင်းများပါဝင်သည့် လျှပ်စစ်သံလိုက်စက်ကွင်းများကို ထုတ်လွှတ်ပေးသော လျှပ်ကူးပစ္စည်းများကို စီစဉ်ထားခြင်းတစ်မျိုးဖြစ်သည်။ နောက်တစ်နည်းဆိုရလျှင် လျှပ်စစ်သံလိုက်စက်ကွင်းအတွင်း၌ ထားရှိခြင်းအားဖြင့် အင်တင်နာအတွင်းရှိ ပြောင်းလဲနေသော လျှပ်စီးလမ်းနှင့် အစွန်းဖက်(terminal) တို့ကြားရှိ ဗိုးတေ့ခ်ကို စက်ကွင်းတစ်ခုမှတစ်ခုသို့ ပြောင်းပေးနိုင်အောင်(induction) ပြုလုပ်ထားခြင်းဖြစ်သည်။ အချို့သော အင်တင်နာကိရိယာများ (parabolic antenna, Horn Antenna) သည် အခြားအင်တင်နာအမျိုးအစားများမှ လေဟာနယ်(free space) ကိုသာ ဖမ်းယူပေးသည်။

သောမတ် အက်ဒီဆင်သည် အင်တင်နာများကို ၁၈၈၅ ခုနှစ်မှ စတင်အသုံးပြုခဲ့ပြီး အမေရိကန်နိုင်ငံတွင် မူပိုင်ခွင့်အမှတ် ၄၆၅၉၇၁ ဖြင့်မှတ်ပုံတင်ခဲ့သည်။ ဟိန်းဒရစ် ဟတ်ဒ်စ် ( Heinrich Hertz) (၁၈၅၇-၁၈၉၄) ကလည်း အင်တင်နာကိုအသုံးပြု၍ ဂျိမ်းစ်ကလက်မက်စ်ဝဲလ် (James Clerk Maxwell) ခန့်မှန်းခဲ့သော လျှပ်စစ်သံလိုက်လှိုင်းများ တည်ရှိနေမှု ကို အတည်ပြုခဲ့သည်။

Source; Wikipedia