ကျန်းမာတော်မူကြပါစခင်ဗျာ။ မိုးလေဝသ - အောင်လံ (NGO) Web စာမျက်နှာသည် အစိုးရအဖွဲ့အစည်း မဟုတ်ပါ။ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းသာ ဖြစ်ပါသည်။ အောင်လံမြို့နှင့် အနီးတစ်ဝိုက်၏ မိုးလေဝသ သတင်း အချက်အလက်များကို အချိန်နှင့်တပြေးညီ ဖော်ပြပေးလျှက်ရှိပါသည်။

Saturday, June 20, 2020

မိုးကြိုးပစ်ရာ ထန်းလက်ဖြင့် ကာ၍မရပါ

ဆောင်းပါး
==========

မိုးကြိုးပစ်ရာ ထန်းလက်ဖြင့် ကာ၍မရပါ
===========================

မြင့်မြတ်သီတာ

မြန်မာလူမျိုးတို့၏ ချစ်စဖွယ်ကောင်းသောဓလေ့၊ နှစ်သက်ဖွယ်ကောင်းသည့် စရိုက်တွင် တစ်ဦးနှင့်တစ်ဦး စကားပြောရာ၌ စကားပုံများဖြင့် ကြားညှပ်ပြောဆိုခြင်း ပါဝင်ပါသည်။ မြန်မာ့ရိုးရာ စကားပုံမ်ားထဲမွ မိုးရာသီနှင့် သက်ဆိုင်သော စကားပုံလေးများမှာ မိုးပြိုအများ၊ မိုးကြိုး ပစ်ရာ ထန်းလက်ကာ၊ မိုးစေန လေရာဟု၊ မိုးကောင်းမှ ပျိုးသန်၊ မိုးလွန်မှ ထြန္ခ် စသည်တို့ ဖြစ်ပါသည်။ ယင်းတို့ ထဲတွင် မိုးကြိုးပစ်ရာ ထန်းလက်ကာ ဟူသော စကားပုံ ၏အဓိပ္ပာယ်မှာ လူတစ်ဦးကို ချက်ချင်းလက်ငင်း မီးသွေး တုံးဘဝသို့ ပြောင်းလဲနိုင်လောက်အောင် မိုးကြိုးပစ်ရာ တွင် မပြောပလောက်သော ထန်းလက်ကလေးနှင့် ကာ၍မရကြောင်း ဥပမာပေးထားခြင်းပင် ဖြစ်သည်။ ကြီးကျယ်သော ပြစ်မှုတစ်ခုအတွက် နီးရာတွေ့ရာ ဆင်ခြေပေး၍မရသည်ကို ပြောဆိုခြင်းဖြစ် သည်။

မိုးဦးကာလတွင် ကမ်ဘာတစ်ဝန်း တစ်နှစ်တစ်နှစ် မိုးကြိုးပစ်ခံရသဖြင့် အသက်ဆုံးရွုံးရေသာ လူအမ်ား အ်ပား ရှိခဲ့ပါသည်။ မိုးကြိုးမပစ်အောင် သိပ္ပံပညာရှင်များ လည်း မစွမ်းဆောင်နိုင်ချေ။ မိုးကြိုးပစ်ခံရသဖြင့် သေဆုံး သူများလည်းရှိသလို မသန်စွမ်းဖြစ်သွားသူများလည်း ရှိကြောင်း ကြားသိနေရပါသည်။ ကျွန်မတို့ အိမ်နီးချင်း အစ်မတစ်ယောက်၏ ရင်နာစရာအဖြစ်မှာ မိုးကြိုးပစ် သံကြောင့် နားမကြားနိုင်တော့ခြင်းပင် ဖြစ်ပါသည်။ မိုးကြိုးက အိမ်ခေါင်းမိုးပေါ်ကို ပစ်ချသည့်အသံကြောင့် နားစည်ထိပြီး ဘာမှမကြားရတော့ခြင်း ဖြစ်သည်။ ရုပ်ရည်ချောမောလှပပြီး လူမမည်သမီးနှစ်ယောက် အေမမို့ အားလုံးက ကရုဏာသက်ခဲ့ကြရသည်။ ယနေ့ အထိ လူအမ်ား၏ နှုတ်ခမ်းလှုပ်ရှားပုံကိုကြည့်ပြီး စကား နားလည်အောင် လုပ်ဆောင်နေရဆဲ ဖြစ်ပါသည်။ ကိုယ်ပြောတာ သူမကြားဘဲ သူကြားချင်သလိုကြားပြီး ပြောချင်တာကို ပြောနေခြင်းက စိတ်မကောင်းစရာ ဖြစ်သော်ငြား မိုးကြိုးထိမှန်ပြီး အသက်မသေခဲ့ခြင်းကပင် ကံကောင်းလှပါသည်။ အားလုံးက စိတ်မကောင်းစွာ နားလည်မှုဖြင့် ကူညီဖေးမပေးခဲ့ကြပါသည်။

မိုးကြိုးပစ်သည်ဆိုသည်မှာ

မိုးဥတုတွင် ရာသီဥတု ရုတ်ခြည်းဖောက်ပြန် ပြောင်းလဲသောအခါများ၌ မိုးသက်မုန်တိုင်းကြောင့် တိမ်လွှာအောက်ခြေတွင် လျှပ်စစ်ဓာတ်တို့ရွေ့လျားရာမှ လျှပ်စစ်အမဓာတ်တို့၏ ဆွဲဆောင်မှုကြောင့် လျှပ်စစ် အဖိုဓာတ်တို့သည် မြင့်သောနေရာများဖြစ်သည့် လျှပ်စစ် ဓာတ်တိုင်များ၊ လျှပ်စစ်ဝိုင်ယာကြိုးများ၊ အလံတိုင်နှင့် သစ်ပင်များ၊ ထိုးထိုးထောင်ထောင်ရှိနေသည့် အဆောက် အအုံမ်ား၏ ထိပ္ဖ်ားဆီသို့ တက်ရောက်လာကြသည်။ ထိုအခါတွင် စုဝေးမှု အစိုင်အခဲ ကြီးမားလာရာမှ ခုန္ကူး ပေါင်းစပ်မှု ပြုကြသည်။ ဤသို့ ဖြစ်ပျက်သည်ကို မိုးကြိုး ပစ်သည်ဟု ခေါ်ဆိုကြောင်း ဖတ်မှတ်ခဲ့ရပါသည်။

မိုးကြိုးအန္တရာယ်

မြင့်မားသောအဆောက်အအုံများ၊ သစ်ပင်ကြီးများ၊ ချွန်ထက်နေသော ထိုးထိုးထောင်ထောင်ရှိနေသည့် အဆောက်အအုံ စသည်တို့သည် မိုးဥတုအခါသမယတွင် ရာသီဥတု ရုတ်ခြည်းဖောက်ပြန်ပြောင်းလဲလာ၍ မိုးသက် မုန်တိုင်းကျရောက်သောအခါများ၌ မိုးကြိုးပစ်ခံရရန် အခွင့်အလမ်း ပို၍များပါသည်။ ယင်းတို့နှင့် နီးကပ္စြာ ရှိနေသော လူနှင့်တိရစၧာန်များ၊ ဝတၳုပစ္စည်းများသည် လည်း မိုးကြိုးစက်ကွင်းအတွင်း သက်ဆင်းကျရောက် နေသည်ဖြစ်၍ အန္တရာယ်ကြီးမားလှသည်။ 
ထို့ကြောင့် လျှပ်စီးလက်၍ ထစ်ချုန်းသောအခါမျိုး၌ ကျယ်ပြန့်သောနေရာများ၊ လွင်တီးခေါင်ဖြစ်သော နေရာ မ်ား၊ လယ်ကွင်းပြင်များတွင် မနေသင့်ပေ။ ထိုအခါမျိုး တွင် ကွင်းပြင်နှင့်လွင်တီးခေါင်အလယ်၌ရပ်နေသော လူ သို့မဟုတ် တိရစၧာန်တို့သည် အဆိုပါ နေရာများ၏ အမြင့်ဆုံး သော တည်ရှိမှုများဖြစ်နေသည့်အတွက် လျှပ်စစ်အဖိုဓာတ် နှင့် လျှပ်စစ်အမဓာတ်တို့ ခုန်ကူးပေါင်းစပ်မှုပြုရာ ဗဟိုချက်မ ဖြစ်သွားနိုင်သည်။ 

မိုးဥတုအခါမျိုးတွင် လယ်ကွင်းပြင်များ၌ လယ်ထွန် နေသူများနှင့် ကျွဲ၊ နွားစသည်တို့ မိုးကြိုးထိမှန်ခံရတတ်ခြင်း မျိုးသည် အထက်ပါ သဘောတရားကြောင့်ပင် ဖြစ်သည်။ 

ကောင်းကင်မြေစိုက်ကြိုးတပ်ဆင်ခြင်း

မိုးကြိုးအန္တရာယ်မှ ကာကွယ်ရန်အတွက် ကောင်းကင် မြေစိုက်ကြိုးအဖြစ် သွပ်ရည်စိမ်သံမဏိကြိုးကို သော်လည်းကောင်း၊ ကြေးအုပ်ထားသော သံမဏိကြိုးကို သော်လည်းကောင်း လျှပ်စစ်ဓာတ်တိုင်များ၏ ထိပ်အစွန်း မ်ား၌ သွယ်တန်းတပ်ဆင်ကြရမည်ဖြစ်ပါသည်။ သာမန် လူနေအိမ်အဆောက်အအုံများအနေဖြင့်မူ မိမိတို့၏ အဆောက်အအုံနှင့် နီးကပ္စြာ တည်ရှိနေသော ဓာတ်တိုင် များတွင် ကောင်းကင်မြေစိုက်ကြိုးများဖြင့် မိုးကြိုးလျှပ်စစ် အန္တရာယ်ကို စနစ္တက်ကာကြယၳားပါက မိုးကြိုး အန္တရာယ်ကျရောက်ရန် အခွင့်အလမ်း အလွန်နည်းပါးမည် ဖြစ်သည်။ သို့ရာတွင် ပို၍ စိတ်ချစေရန် မိုးကြိုးလွှဲများ တပ်ဆင်လိုပါက အနိမ့်စားဖိအားမိုးကြိုးလွှဲကို တပ်ဆင် လျှင် ကောင်းစွာ လုံလောက်မှုရှိသည်။ တပ်ဆင်မထားသော အထပ်မြင့်များ၊ တာဝါတိုင်များ၊ သစ်ပင်ကြီးများသည် မိုးကြိုးပို၍ အပစ်ခံရပါသည်။

အလင်းနှင့် အသံ

မိုးကြိုးပစ်လျှင် အလင်းရောင်ကို လက္ခနဲ မြင်တွေ့ တတ်ကြလေ့ ရှိပါသည်။ အလင်း၏ အလျင်သည် အသံ၏ အလျင်ထက် အဆမတန်များပြားလှသဖြင့် အလင်းကို မိမိကိုယ်တိုင်မျက်စိဖြင့် မြင်ပြီးပြီဆိုလျှင် ယင်းမိုးကြိုးသည် မိမိနှင့် လွဲဖယ်သွားပြီဟု သိရှိနားလည်နိုင်ပါသည်။

သတိရှိစေချင်

မိုးကြိုးပစ်ခံရမှုကြောင့် ၂ဝ၁၉ ခုနှစ်တွင် လူ ၁၃၃ ဦးသေဆုံးခဲ့ပြီး ၅၂ ဦး ဒဏ်ရာ ရရွိခဲ့ရာ ယခု ၂ဝ၂ဝ ပြည့်နှစ် ဇန္နဝါရီလ ၁ ရက်နေ့မှ ဇြန္လ ၆ ရက်နေ့အထိ လူ ၆၂ ဦး သေဆုံးကာ ၂၆ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ 
မိုးကြိုးပစ်မှုဖြစ်စဉ်များကို ကြည့်ပါက မိုးထစ်ချုန်း ရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်း ဖြစ်ပေါ်နေချိန်များတွင် လယ်ကွင်းထဲ၌ အလုပ်လုပ်နေစဉ်၊ အိမ်အပြင်ဘက်၌ လူများတစုတစည်းတည်းရှိနေစဉ်၊ လမ်းပေါ်စက်ဘီးတွန်း လာစဉ်၊ မြစ်ကမ်းဘေးတွင် လမ်းလျှောက်လာစဉ်၊ နေအိမ် ခြံဝင်းအတွင်း သစ်ပင်ဘေး၌ထိုင်နေစဉ်၊ ရေမြောင်းတူး နေစဉ်၊ နေအိမ်တံစက်မြိတ်၌ မိုးရေချိုးနေစဉ်၊ နေအိမ်ထဲ၌ ရေဒီယိုနားထောင်နေစဉ်၊ အိမ်ထဲ၌ ဖုန်းဖြင့်အင်တာနက်အသုံးပြုနေစဉ်၊ သစ်ပင်အောက်တွင် မိုးခိုနေစဉ်၊ တောင်ယာ တဲအတွင်းရှိနေစဉ်၊ ချောင်းထဲတွင် ငါးဖမ်းနေစဉ်၊ အုန်းပင် အနီးရှိနေစဉ် စသည်တို့ကြောင့် မိုးကြိုးဒဏ်ခံရသကဲ့သို့ ရင်ဘတ်ထဲထည့်ထားသည့်ဖုန်းကို မိုးကြိုးထိမှန်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးသည့် သတင်းမှာလည်း သတိပြု စရာအချက် ဖြစ်ပါသည်။ မိုးရွာနေစဉ် ဖုန်းပြောခြင်း၊ ဖုန်းအားသွင်းထားခြင်းမပြုလုပ်ဘဲ စက္ကိုပိတၳား သင့်ပါသည်။

မြန်မာနိုင်ငံတွင် မိုးကြိုးဘေးအန္တရာယ်သည် မိုးကြို ကာလနှင့် မိုးနှောင်းကာလများ၌ ပိုမိုဖြစ်ပွားတတ်ပြီး လေ့လာတွေ့ရှိမှုများအရ တစ်နေ့တာအတွင်း မိုးကြိုးပစ် ခြင်း အဖြစ်အများဆုံးအချိန်မှာ မွန်းတည့် ၁၂ နာရီမြ ညေန ၆ နာရီအတွင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက မိုးထစ်ချုန်းရွာသွန်းခြင်း၊ လျှပ်စီး လက်ခြင်းများ ဖြစ်ပေါ်နေချိန်တွင် အောက်ပါအချက်များကို အထူးသတိပြု လိုက်နာနေထိုင်ကြပါရန် အသိပေးနှိုးဆော် ထားပါသည် -

(က) အိမ်အပြင်တွင် ရောက်ရှိနေပါက -

(၁) အိမ်ထဲသို့ ချက်ချင်းပြေးဝင်ပါ။ သံ/သတ္တု ပစ္စည်းများကို လက်တွင် ကိုင်မထားပါနှင့်၊ သံ/သတ္တုပစ္စည်းများသည် လျှပ်စစ် အလြယ္တကူ စီးနိုင်သောကြောင့် မိုးကြိုး အလြယ္တကူ ပစ်နိုင်ပါသည်။

(၂) သစ်ပင်၊ ဓာတ်တိုင်၊ သွပ်ဆူးကြိုးကာထား သည့် ခြံစည်းရိုးနှင့် သံ/သတ္တုပစ္စည်းများ အနီးတွင် မနေပါနှင့်။

(၃) ရေကူးကန်၊ ရေကန်၊ မြစ်ချောင်း၊ အင်းအိုင် စသည့်နေရာများတွင် ရှိနေခဲ့ လျှင် ရေထဲမှ ချက်ချင်းတက်ပြီး လုံခြုံ သည့်နေရာ အမိုးအကာရွာ၍ နေပါ။

(၄) ကွင်းပြင်ကျယ်တွင် လူစုလူဝေးဖြစ်နေ ပါက အျမန်ဆုံး လူစ ုခြဲပါ။

(၅) ကွင်းပြင်တွင် ထီးထီးကြီး မနေပါနှင့်။ မလွှဲသာမရှောင်သာဘဲ ကွင်းပြင်နှင့် လွင်တီးခေါင်အလယ်တွင် ရောက်နေ ပါက လျှပ်စီးလက်၍ မိုးထစ်ချုန်းသံများ ကြားလျှင် ရပေ္မနဘဲ နီးစပ်ရာ နိမ့် သော နေရာများနှင့် ချိုင့်ဝှမ်းများအတွင်း၌ ဝပ်နေပါ။

(၆) စက်ဘီး၊ ဆိုင်ကယ်ပေါ်ရောက်ရှိနေပါက အမြန်ဆုံးဆင်းပါ။

(၇) ဆံပင်များထောင်လာသည်ဟု ခံစားရပါ က မိုးကြိုးပစ်တော့မည့် လက္ခဏာ ဖြစ်သည်။ ထိုသို့ျဖစ္ပြားပါက ဒူးထောက်ချလိုက်ပြီး လက်နှစ်ဖက်ကို ဒူးပေါ်သို့ ယှက်တင်၍ ခန္ဓာကိုယ်ကို ကွေးညွတ်ထားပါ။ မြေပြင်ပေါ်တွင် ပြားပြားဝပ် မှောက်မနေပါနှင့်။ ထိုသို့ မှောက်နေပါက သင့်ခန္ဓာကိုယ်သည် ပိုကြီးမားသော မိုးကြိုးပစ်မှတ် ဖြစ်သွားနိုင်ပါသည်။

(၈) လှေသမားများ၊ ရေကူးသမားများ အနေဖြင့် ဖြစ်နိုင်သမျှ ကမ်းသို့ကပ်ပါ။

(ခ) အိမ်အတွင်းတွင် ရှိနေပါက -

(၁) ဖြစ်နိုင်ပါက အဆောက်အအုံအလယ် တွင်နေပါ။ ပြတင်းပေါက်များနှင့် ဝေးကွာသော နေရာတွင် နေပါ။

(၂) ရေဒီယိုနားထောင်ခြင်း၊ တီဗွီကြည့် ခြင်းများ မပြုလုပ်သင့်ပါ။

(၃) ဖုန်းပြောခြင်း၊ ဖုန်းဖြင့်အင်တာနက် သုံးခြင်းများ မပြုလုပ်သင့်ပါ။

(၄) လျှပ်စစ်နှင့် ဆိုင်သောပစ္စည်းများကို ခလုတ်ပိတ်၍ ပလပ်ဖြုတ်ထားပါ။

(၅) လျှပ်စီးများလက်နေသည့်အခါ ရေသုံး စွဲခြင်း၊ ရေချိုးခြင်း မပြုလုပ်သင့်ပါ။ အိမ်အတွင်းရှိ သံ/သတ္တုနှင့် ဆက်စပ် သော ပစ္စည်းများတွင် လျှပ်စစ်စီးဝင်နိုင် သည်ကို သတိပြုပါ။ မည်သည့် သံ/သတ္တုပစ္စည်းကိုမှ မကိုင်ပါနှင့်။ လျှပ်စစ် စီးကူးလွယ်သည့် ပစ္စည်းများနှင့် ဝေးရာတွင် နေထိုင်သင့်ပါသည်။

(၆) မိုးကြိုးအပစ်ရပ်ပြီး နာရီဝက်ကျော်ကြာ မြ အိမ်ပြင်သို့ ထွက်ပါ။

(ဂ) ကားမောင်းနေပါက -

(၁) အရှိန်ကိုလျှော့ပါ။ လမ်းဘေးသို့ ချရပ် ပါ။ ကားထဲတွင်သာ ဆက်နေပါ။

(၂) ကားရပ်ထားစဉ် အရေးပေါ် အချက် ပြမီးကို ဖွင့်ထားပါ။

(၃) သစ်ပင်ကဲ့သို့ ရှည်လျားမြင့်မားသည့်အရာများနှင့် ဝေးရာတွင် နေပါ။ ၎င်းအရာများသည် လေပြင်းဒဏ် ကြောင့်သော်လည်းကောင်း လဲကျနိုင် ၍ ဖြစ်သည်။ 

(၄) ကားထဲတွင် မည်သည့် သံ/သတ္တု ပစ္စည်းကိုမှ မကိုင်ပါနှင့်။

(၅) ရေလွှမ်းနေသော လမ်းပေါ်တွင် ကား မမောင်းပါနှင့်။
သို့ဖြစ်ပါ၍ ယခုလို မိုးဥတုအချိန်အခါသမယတွင် မိုးကြိုးပစ်ခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ မိုးသီး ကြွေခြင်း၊ သစ်ပင်များလဲကျခြင်း၊ လျှပ်စစ်မီး ပြတ် တောက်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များသည် လူသားမ်ားကို ခြိမ်းခြောက်နေမည်ဖြစ်ပါသည်။ လူသားအားလုံး မလွန်ဆန်နိုင်သော သေခြင်းတရားများ ထဲမြ ယခုကဲ့သို့ ချက်ချင်းလက်ငင်း မီးသွေးတုံးဘဝ ရောက်မည့် မိုးကြိုးပစ်ခံရသည့် အခြေအနေနှင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို ကြိုတင် ကာကွယ်နေထိုင်ကြရန် အရေးကြီးနေပြီ ဖြစ်ပါကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။ ။

Ref; The Mirror Daily 

(၂၁-၀၆-၂၀၂၀) ရက်နေ့ အောင်လံမြို့နှင့် အနီးတစ်ဝိုက်၏ မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ

(၂၁-၀၆-၂၀၂၀) ရက်နေ့အတွက် အောင်လံမြို့နှင့် အနီးတစ်ဝိုက်၏ မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ
================================================================

အပူချိန်အခြေအနေခန့်မှန်းချက်
========================

အမြင့်ဆုံးအပူချိန် = 31°C
အနိမ့်ဆုံးအပူချိန် = 24°C

နာရီအလိုက်အပူချိန်ခန့်မှန်းချက်
========================

နံနက် ၀၀း၀၀ နာရီ = 25°C
နံနက် ၀၅း၀၀ နာရီ = 24°C
နံနက် ၀၇း၀၀ နာရီ = 26°C
နံနက် ၀၉း၀၀ နာရီ = 27°C
နံနက် ၁၁း၀၀ နာရီ = 29°C
မွန်းတည့် ၁၂း၀၀ နာရီ = 30°C
မွန်းလွဲ ၁၃း၀၀ နာရီ = 31°C
မွန်းလွဲ ၁၄း၀၀ နာရီ = 30°C
ညနေ ၁၅း၀၀ နာရီ = 29°C
ညနေ ၁၈း၀၀ နာရီ = 28°C
ည ၂၀း၀၀ နာရီ = 27°C
ည ၂၂း၀၀ နာရီ = 26°C

မိုးတိမ်အခြေအနေခန့်မှန်းချက်
=======================

          နံနက်ပိုင်း၊ နေ့လယ်ပိုင်းနှင့် ညပိုင်းတို့တွင် တိမ်အသင့်အတင့်ရှိပါမည်၊ ညနေပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ပါသည်။ 

လေအခြေအနေခန့်မှန်းချက်
=====================

          အရှေ့တောင်အရပ်မှလေသည် အမြင့်ဆုံး တစ်နာရီ (၁၅) ကီလိုမီတာအထိလည်းကောင်း၊ တောင်အရပ်မှလေသည် အမြင့်ဆုံး တစ်နာရီ (၂၀) ကီလိုမီတာအထိလည်းကောင်း တိုက်ခတ်နိုင်ပြီး လေထုဖိအားမှာ 1008 hPa အထိ ရှိနိုင်ကြောင်း ခန့်မှန်းရရှိပါသည်။

မိုးလေဝသ - အောင်လံ (NGO)



မြန်မာ့ရိုးရာမိုးလေဝသခန့်မှန်းပညာ



မြန်မာ့ရိုးရာ မိုးလေဝသခန့်မှန်းနည်းများ

======================

    '' ဗုဒ္ဓဟောကြား  မိုးနိမိတ်ငါးပါး''

၁။ ကောင်းကင်၌  တေဇောဓာတ် 
     ဖောက်ပြန်ခြင်းကြောင့် မိုးမရွာ။

၂။ ကောင်းကင်၌  ဝါယောဓာတ် 
      ဖောက်ပြန်ခြင်းကြောင့် မိုးမရွာ။

၃။ ရာဟုအသုရိန်နတ်မင်း ယူဇနာ(၃၀၀)ရှိသော
     လက်ခုပ်ဖြင့် မိုးရေကိုခံယူပြီး မဟာသမုဒ္ဒရာ၌
     စွန့်ပစ်ခြင်းကြောင့် မိုးမရွာ။

၄။ မိုးနတ္သားမ်ား အပျော်လွန်သဖြင့် 
     သတိလွတ်ကင်း မေ့လျော့ခြင်းကြောင့် 
     မိုးမရွာ။

၅။ သူသူငါငါ လူများစွာတို့
     တရားမစောင့်ခြင်းကြောင့် မိုးမရွာ။

(အံ။ ပဉ္စက။ ၂၁၂ ဝဿသုတ်။ ၄င်း ဋ္ဌ-၇၄)

ကျွန်တော်တို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းထက်ပိုသော
ပြည်သူတို့သည် စိုက်ပျိုးရေးလုပ်ငန်းများဖြင့်
အသက်မွေးဝမ်းကြောင်းပြုနေကြသော
တောင်သူလယ်သမားမ်ား ဖြစ်ကြသည်။ 
တောင်သူလယ်သမားတို့၏ လယ်ယာစိုက်ပျိုးရေး
လုပ်ငန်းများ အောင်မြင်ရန် စိုက်ပျိုးရေ ရရှိရေးသည် အသက်သွေးကြောတမျှ အရေးကြီးလှသည်။ 
လယ်ယာလုပ်ငန်းများအတွက် စိုက်ပျိုးရေ ရရှိရန် သဘာဝမိုးရေကိုသာ အဓိကထား မှီခိုနေကြရပြီး
မိုးရေ အလုံအလောက်ရရှိမှသာ စိုက်ပျိုးသီးနှံပင်များ အောင်မြင်ဖြစ်ထွန်းနိုင်မည်။ 
မိုးရွာသွန်းခြင်းနှင့် သဘာဝမိုးရေကို အားကိုနေရသည့်
အခြေအနေမျိုး ဖြစ်နေသောကြောင့် 
မြန်မာတောင်တို့သည် ရိုးရာမိုးလေဝသ ကြိုတင်ခန့်မှန်းနည်းများကို အထိုက်အလျောက်
တက်မြောက်ထားကြသည်။
မိုးလေဝသခန့်မှန်းခြင်း အတက္ပညာကို
နည်းစနစ်တကျ တက်မြောက်ထားသော ပုံစံမျိုး
မဟုတ်ဘဲ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်း
အမွေဆက်ခံ၍ သိရှိထားသည့် ပုံစံမျိုးဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
မိုးလေဝသ ရာသီဥတု အခြေအနေများကို
ခန့်မှန်းတက်သည့် အတက္ပညာကို မည်သည့်
ခေတ်ကာလမှစ၍ သိရှိထားပြီး အသုံးချခဲ့သည်ကို
တိတိက်က်မပြောနိုင်သော်လည်း
ရှေးမြန်မာမင်းမ်ား လက်ထက်ကတည်းက
ထွန်းကားနေခဲ့ကြောင်း ခန့်မှန်းရသည်။
ယင်းထက်ပင် စောနိုင်လိမ့်မည်ဟု ယူဆသည်။
အကြောင်းမှာ ရှေးဘုရင်များ လက္ထက္က
ရိုးရာမိုးလေဝသ ခန့်မှန်းနည်းများဖြင့် 
ဖြစ်ပေါ်လာနိုင်သော ရာသီဥတုအခြေအနေများကို 
ခန့်မှန်းခဲ့ကြပြီး ရိုးရာမိုးလေဝသ ခန့်မှန်းနည်းများတွင် 
နက္ခတ္တဗေဒနည်းဖြင့် မိုးလေဝသ အခြေအနေများကို
ခန့်မှန်းခဲ့ကြသည်။ နက္ခတ္တဗေဒနည်းဖြင့် 
မိုးလေဝသ အခြေအနေများကို ခန့်မှန်းနည်းသည် 
ရှေးအကျဆုံးသော နည်းပညာရပ်တစ်ခုဟု 
ဆိုနိုင်သည်။ ယနေ့အချိန်အထိလည်း 
အသုံးပြုနေဆဲဖြစ်သည်။
ဥပမာဆိုရသော် တစ်နှစ်လျှင် တစ်ကြိမ်
ထုတ်ဝေနေသော မဟာသင်္ကြန်စာသည်လည်း
နက္ခတ္တဗေဒနည်းဖြင့် မိုးလေဝသ 
အခြေအနေများကို ခန့်မှန်းရေးသားထားသော 
တောင်သူများ အားထားရသည့် 
စာစဉ်တစ်ခု ဖြစ်နေသည်။
မဟာသင်္ကြန်စာတွင် လာမည့်နှစ် တစ်နှစ်လုံးအတွက်
မိုးကြီးမည်၊ မိုးခေါင်မည်၊ ရေကြီးမည် စသည်ဖြင့် 
ဖြစ်ပေါ်လာနိုင်သော ရာသီဥတုအခြေအနေကို
နက္ခတ္တဗေဒနည်းဖြင့် တင်ကြိုတင်ခန့်မှန်း
ရေးသားထားခြင်းဖြစ်သည်။
နက္ခတ္တဗေဒပညာဖြင့် မိုးလေဝသခန့်မှန်းနည်းများကို
ကျွန်တော့်အနေနဲ့ နားမလည်သောကြောင့် 
ချန်လှန်ထားခဲ့မည်ဖြစ်၍ အခြားသော 
ရိုးရာမိုးလေဝသ ခန့်မှန်းနည်းမ်ားကို လေ့လာသိရှိသမျှ
ကြားဖူးနားဝရှိထားသည့်အတိုင်း ကြိုးစားပြီး
ရေးသားဖော်ပြလိုက်ရပါသည်။
လိုအပ်ချက် အားနည်းချက်မ်ား ပါရှိခဲ့ပါက 
ပြင်ဆင်ဖြည့်စွပ်ပေးပါရန် ကြိုတင်ကာ
မေတ္တာရပ်ခံအပ်ပါသည်။

မြန်မာ့ရိုးရာ မိုးလေဝသခန့်မှန်းနည်းများအကြောင်း
မေရးသားမီ မိုးလေဝသ၊ ရာသီဥတုနှင့်
မြန်မာရာသီစက်ဝန်းတို့၏ သိသင့်သိထိုက်သော
အကြောင်းအရာများကို ဦးစွာတင်ပြပါမည်။

#မိုးလေဝသ(Weather)နှင့် ရာသီဥတု(Climate) 
 
  မိုးလေဝသဟူသော ဝေါဟာရနှင့် 
  ရာသီဥတုဟူသော ဝေါဟာရနှစ်ခု၏ အဓိပ္ပါယ်ကို
  တချို့သော သူတို့က တူညီကြသည်ဟု
  ထင်မှတ်ကြသည်။ 
  အမှန်တကယ်တွင် ၎ ဝေါဟာရနှစ်ခုသည်
  အဓိပ္ပါယ်အားဖြင့် ကွဲပြားခြားနားလျက်ရှိသည်။
  မိုးလေဝသဆိုသည်မှာ တိုတောင်းသော
  အချိန်ကာလအတွင်း ဖြစ်ပေါ်သော တိုက်လေ၊ 
  လေဖိအား၊ အပူချိန်၊ စိုထိုင်းမှု၊ ဆီးနှင်းနှင့် 
  မိုးရွာကျခြင်း စသည်တို့ကို ရည်ညွှန်းခြင်းဖြစ်၍
  ရာသီဥတု၏ အဓိပ္ပါယ်မှာ ရှည်လျားသော 
  ကာလအတွင်း ဖြစ်ပေါ်နေသော 
  အထက်ပါ မိုးလေဝသအခြေအနေများကို 
  စုစည်း၍ ခြုံငုံဖော်ပြခြင်းကို ဆိုလိုခြင်းဖြစ်သည်။

#မြန်မာပြည်နှင့် မုတ္သုံ( Monsoon )

  မုတ်သုံဟူသော ဝေါဟာရသည် 
  ရာသီဟု အဓိပ္ပါယ်ရသော အာရဗီဘာသာစကား
  မောဆင်(Mausim)မွ ဆင်းသက်လာခြင်းဖြစ်သည်။
  ကမ္ဘာပေါ်တွင် အစဉ်တိုက်ခတ်နေသော
  လေလမ်းကြောင်းများရှိနေသကဲ့သို့ ဥတုအလိုက်
  ပြောင်းလဲတိုက်ခတ်နေသော လေကြောင်းများလည်း
  ရှိနေကြသည်။
  မုတ်သုန်လေသည် ဥတုအလိုက်
  ပြောင်းလဲတိုက်ခတ်သော လေမျိုးဖြစ်သည်။
  ၎ လေကြောင်းသည် ကုန်းနှင့် ပင်လယ်
  အပူအေအး မညီမျှမှုကြောင့် နွေဥတုတွင်
  ပင်လယ်မှ ကုန်းဘက်သို့ တိုက်ခတ်၍၊ 
  ဆောင်းဥတုတွင် ကုန်းမြေမှ ပင်လယ်သို့ 
  တိုက်ခတ်သည်။
  နွေရာသီတလျောက် အနောက်တောင်
  မုတ်တ်သုံလေ( Southwest Monsoon )သည် 
  ပင်လယ်ဘက်မှ အာရှတိုက်ကုန်းမြေတခွင်သို့ 
  ၅ လမွ ၆ လအထိ မှန်မှန် တိုက်ခတ်ပေးသည်။ 
  ဆောင်းရာသီတလျောက် မြောက်ကမ်ဘာခြမ်းမှ 
  အရှေ့မြောက်မုတ်သုံလေ( Northeast 
  Monsoon )သည် အာရှတိုက် ကုန်းမြေကိုဖြတ်၍
  ပင်လယ်သမုဒ္ဒရာဘက်သို့ ၅ လမွ ၆ လအထိ 
  မှန်မှန် တိုက်ခတ်ပေးသည်။ 
  နွေရာသီတလျောက် အနောက်တောင်အရပ်မှ
  တိုက်ခတ်လာသော လေ လမ်းကြောင်းကိုသာ
  မုတ်သုန်လေ ဟု အသိများကြပြီး
  ဆောင်းရာသီတလျှောက် အရှေ့မြောက်အရပ်မှ
  တိုက်ခတ်သော လေ သည်လည်း မုတ်သုံလေ
ု  ဖြစ်သည်ကို သိရှိသူနည်းပါးကြသည်။
  မုတ်သုံဟု ပြောလိုက်သည်နှင့် အများစုသည် 
  မိုးရာသီ သို့မဟုတ် အနောက်တောင်အရပ်မှ
  ဝင်ရောက်လာသော ရာသီလေကိုသာ တွေးမြင်
  ထင်မှတ်မှားကြသည်။ ကျွန်တော်ကိုယ်၌လည်း
  ယင်းကဲ့သို့ပင် ထင်မှတ်ဖူးခဲ့သည်။
  အနောက်တောင် မုတ်သုံလေ တိုက်ခတ်နေသော
  ကာလအတွင်း မိုးရွာခြင်း၊ မုန်တိုင်းများဖြစ်ပေါ်ခြင်း
  စသည်တို့ကြောင့် အနောက်တောင် မုတ်သုံလေကို
  လူသိများခြင်းဖြစ်သည်။
  အာရှတိုက်အလယ်ပိုင်း ကုန်းတွင်းဒေသမှ
  တိုက်ခတ်လာသော အလွန်အေးသည့်
  အရှေ့မြောက် မုတ်သုံလေ ဝင်ရောက်လာမှုကို 
  တိဗက်ကုန်းပြင်မြင့်နှင့်  ဟိမဝန္တာတောင်တန်းတို့က
  ကာဆီးထားခြင်းကြောင့် မြန်မာနိုင်ငံသို့
  ဝင်ရောက်သော်လည်း ရာသီဥတု မပြင်းထန်သဖြင့်
  လူသိနည်းခြင်း ဖြစ်တန်ရာ၏။ 
  မုတ်သုံလေသည် အာရှတိုက်၌ တရုတ်နိုင်ငံ၊
  ဂျပန်နိုင်ငံ၊ ပါကစ္စတန်၊ အိန္ဒိယနိုင်ငံနှင့် 
  မြန်မာနိုင်ငံတို့တွင် ဖြစ်ပေါ်တိုက်ခတ်လေ့ရှိ၍
  အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတွင် မုတ်သုံလေ
  ဖြစ်ဖော်တိုက်ခတ်မှု အမှန်ကန်ဆုံး၊ 
  အထင်ရှားဆုံးဖြစ်သည်။
  မြန်မာပြည်သည် မုတ်သုံလေ လမ်းကြောင်းပေါ်တွင်
  ကျရောက်နေသော မုတ္သုံရာသီဥတု စစ္စစ္ကို
  ရရှိအကျိုးခံစားရသည့် တိုင်းပြည်ဖြစ်နေသည်။ 

#မြန်မာ့ရာသီစက်ဝန်း
 
  မြန်မာပြည်၏ ရာသီဥတုအခြေအနေကိုလိုက်၍
  တစ်နှစ်တာကာလအတွင်း နွေဥတု( ဂိမွာန )၊ 
  မိုးဥတု( ဝဿာန )၊ဆောင်းဥတု( ဟေမန္တ )ဟူ၍
  လေးလစီ အညီအမျှခွဲခြားထားသည်။
  ယခုအခါတွင် ယင်းကဲ့သို့ အညီအမွ် 
  ပိုင်းခြားထားခြင်း မပြုတော့ဘဲ နွေဥတုသည် 
  သုံးလခန့်၊ မိုးဥတုသည် ငါးလခန့်၊ ဆောင်းဥတုသည်
  လေးလခန့် စသည်ဖြင့် အသီးသီး ခွဲခြား
  သတ်မှတ်ထားသည်ဟု သိရသည်။
  မိုးလေဝသပညာအရ မြန်မာပြည်၏
  ရာသီဥတုအပိုင်းအခြားများကို မတ်လဆန်းမှ
  မေလ တတိယပတ်အထိ နွေဥတု၊ မေလ
  တတိယပတ်မှ အောက်တိုဘာလလယ်အထိ
  မိုးဥတု၊ အောက်တိုဘာလလယ်မှ ဖေဖော်ဝါရီလ
  ကုန်သည်အထိကို ဆောင်းဥတုအဖြစ်
  သတ်မှတ်ထားသည်။ 
  မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေ 
  စတင်ဝင်ရောက်သော ကာလသည် ရာသီဥတု
  အခြေအနေအလိုက် အပြောင်းအလဲရှိနိုင်ပြီး
  ယေဘုယျအားဖြင့် မေလ နှောင်းပိုင်းတွင်
  စတင်ဝင်ရောက်လေ့ရှိသည်။ 
  မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင်
  မုတ်သုံလေဝင်ရောက်သည့်ရက်နှင့်
  မြန်မာပြည်အထက်ပိုင်း ဒေသများသို့
  မုတ်သုံလေဝင်ရောက်သော ရက်သည်
  အနည်းငယ် ကွာခြားနိုင်သည်။
  မေလ နှောင်းပိုင်းတွင် အနောက်တောင်မုတ်သုံလေ
  ဝင်ရောက်လာသည်နှင့် မိုးဦးကျသည်ဟု
  ဆိုနိုင်သည်။
  အောက်တိုဘာလလယ်တွင် အနောက်တောင် 
  မုတ်သုံလေ ဆုတ်ခွာသွားသည်နှင့်
  ၎င်းနှင့် ဆန့်ကျင်ဘက်မှ တိုက်ခတ်သော 
  အရှေ့မြောက် မုတ်သုံလေ စတင်ဝင်ရောက်သည့်
  ကာလကို ဆောင်းဦးရာသီဟုခေါ်ပြီး 
  ဖေဖော်ဝါရီလ ကုန်သည်အထိအား 
  ဆောင်းရာသီဟုခေါ်သည်။ မတ်လဆန်းမှ မေလ
  တတိယပတ်အထိကို နွေဥတုဟု သက်မှတ်သည်။

#မိုးရွာသွန်းခြင်း အခြေခံသဘောတရား

  အခြေခံအားဖြင့် မိုးရွာသွန်းရန်အတွက်
  ရေခိုးရေငွေ့ပါသော လေများသည် အေးလာရန်
  အထက်သို့မြင့်တက်သွားရမည်ဖြစ်သည်။
  လေသည် ပူနွေးသည့်အခါ အထက်သို့
  တက်မြဲဖြစ်ပြီး လေထုအပေါ်လွှာတွင်ရှိနေသော
  လေအေးနှင့် တွေ့သည်နှင့် ငွေ့ရည်ဖွဲ့ကာ
  မိုးရွာသည်။ 
  ထို့နည်းတူစွာ မုတ်သုံလေသည် ပင်လယ်ပြင်ကိုဖြတ်၍
  ရေခိုးရေငွေ့များပါသော လေသည်
  လေအေးနှင့် ထိတွေ့သည့်အခါ မိုးအဖြစ်ရွာချသည်။
  အနောက်တောင်မှ ဝင်ရောက်လာသော
  မုတ်သုံလေသည် ရခိုင်ရိုးမတောင်တန်း၊
  တနင်္သာရီရိုးမတောင်တန်းကြီးများနှင့် တွေ့သည့်အခါ
  အထက်သို့တက်သွားပြီး လေထုအပေါ်ယံလွှာ
  လေအေးနှင့် ထိတွေ့ပြီး မိုးရွာသွန်းသည်။
  အထက်ပါ ဒေသများသည် အခြားသော
  ဒေသများထက် မိုးရွာသွန်းမှု စောပြီး 
  မိုးရေချိန်လက္မလည်း များသည်ကို တွေ့ရသည်။
  ကမ္ဘာပေါ်ရှိ မိုးအများဆုံးရွာသွန်းသော
  ဒေသများသည် အီကွေတာနှင့် နီးသောဒေသများ၊ 
  မုတ်သုံလေတိုက်ခက်ရာ အရပ်ဒေသများဖြစ်သည်။

#မြန်မာ့ရိုးရာ မိုးလေဝသကြိုတင်ခန့်မှန်းနည်းများ

  ရှေးလူကြီးများသည် မကြာမီအချိန်အတွင်း
  မိုးရွာတော့မည်ကို ကြိုတင်ကာသိရှိနိုင်ရန်
  "စောင်းဆရာ၊ ယားနာပွေးကွက်၊ ပါဒရက္က၊
  ပုရွက်ပလူ၊ အနုပြဒါး၊ ပေါင်းရှစ်ပါး" ဟူသော
  အလင်္ကာကို ရေးစပ်သီကုံးထားခဲ့သည်။
  "စောင်းဆရာ" -
  မိုးရွာတော့မည် ဆိုပါက ရေခိုးရေငွေ့ပါသော
  လေများကြောင့် ပတ်ဝန်းကျင်သည် 
  အေးလာသည်။ ထိုအခါ စောင်းကြိုးများလည်း 
  လျော့သွားလေ့ရှိ၏။ 
  စောင်းကြိုးများလျော့သွားသည်ကို သိသော 
  စောင်းဆရာသည် မကြာမီ မိုးရွာတော့မည်ကို
  ကြိုတင်ကာသိရှိနိုင်သည်ကို ဆိုလိုသည်။
  "ယားနာပွေးကွက်" - 
  ယားနာ၊ ပွေးနာရှိသူများ ချက်ခြင်းဆိုသလို 
  ယားယံလာပါက မိုးရွာတော့မည်ဖြစ်ကြောင်း 
  လင်္ကာအရ သိရသည်။
  "ပါဒရက္က" -
  ပါဒရက်ရောဂါသည်တွေ ညောင်းညာလာပါက
  မကြာမီ မိုးရွာတော့မည်။
  "ပုရွက်ပလူ" -
  ပုရွတ်ပျံများ၊ ပလူမ်ား( အတောင်ပါသော
  ပုရွတ်ဆိတ်များနှင့် ခြများ )သည် မြေသင်းနံ့ကြောင့်
  ၎င်းတို့၏ အသိုက်အအုံမှ အပြင်သို့ ထြက္လာပါက
  မကြာမီ မိုးရွာတော့မည်။
  "အနုပြဒါး" -
  ပြဒါးပွလာပါက မကြာမီ မိုးရွာတော့မည်ကို
  သိရှိနိုင်သည်။
  ထို့အပြင် တစ်ကျောင်းတစ်ဂါထာ
  တစ်ရွာတစ်ပုဒ်ဆန်း ဆိုသည့် စကားအတိုင်း
  နယ်မြေ ဒေသအလိုက် အမျိုးမျိုးသော
  မိုးလေဝသခန့်မှန်းနည်းများလည်း ရှိနေကြသည်။

  ဥပမာ - ၁
  ကျွဲ( ဗမာကျွဲ ) လမ်းပေါ် သွားနေရင်း 
  လမ်းမပေါ်တွင် လမ်းအား ကန့်လန့်ဖြတ်၍ 
  ခွာယက်ပြီး သေးပေါက်ခဲ့သော်
  နောက်ရက်တွင် သေချာပေါက် မိုးရွာနိုင်သည်။
  ( မံလွဲဒေသမှ ဒေသခံများ ပြောပြ၍ သိခဲ့ရသည်။ ) 

  ဥပမာ - ၂
  တောထဲတွင် ငန်းမြွေ ဥအုနေသည်ရှိသော်
  ၎ ဥမ်ားမွ အကောင်မပေါက်မချင်း မိုးမရွာနိုင်ပါ။
  ( အင်းတော်မြို့မှ ဒေသခံတစ်ဦး ပြောပြချက်အရ
  သိရှိခဲ့ရခြင်း ဖြစ်သည်။ ) 

  ဥပမာ - ၃
  မိုးရွာရန် အချိန်နီးကပ်လာပါက ခြင်များ
  အများအပြားထွက်တက်သည်ကို သိရ၍
  မကြာမီ မိုးရွာတော့မည်ကို ကြိုသိနိုင်သည်။ 
  ( ရှေးလူကြီးတို့၏ ပြောစကားအရ သိရသည်။ ) 

  ဥပမာ - ၄
  ပီးရစ်ဒါစူးငှက်( ကရင်အခေါ်  )
  ယင်း ငှက်ကလေးသည် အဖီးရစ်ဒါစူးရီး...
  အဖီးရစ်ဒါစူးရီး...ဟု အော်မြည်နေပါက
  မကြာမီအချိန်အတွင်း မိုးရွာတော့မည်ဟု 
  ကြိုတင်သိနိုင်ကြောင်း ဧရာဝတီတိုင်းမှ
  မိတ်ဆွေ ကရင်အမျိုးသားကြီးတစ်ဦး
  ပြောပြ၍ သိခဲ့ရသည်။ 
  ငှက် အော်မြည်သံ ... ထွက်သည့်အသံသည်
  ကရင်ဘာသာဖြင့် အဖီးရစ်ဒါစူးရီး ဟု
  ပြောနေသော အသံထွက်နှင့် တူညီနေပြီး
  ယင်း အသံထြက္ကို မြန်မာပြန်ကြည့်ပါက
  အဖွားရေ မိုးရွာတော့မည်ဟု အဓိပ္ပါယ်ရကြောင်း
  သိရသည်။

  ဥပမာ - ၅
  ပုရွက်ဆိတ်များသည် နွေနှောင်းပိုင်းတွင်
  မိုးရာသီကာလအတွင်း သူတို့စားသောက်ရန်
  အစာတွေကို စုဆောင်းတတ်သော
  သဘာဝရှိသည်။ ပုရွတ်ဆိတ်များ
  အုံလိုက်ကျင်းလိုက် အစာတွေကိုချီလာပြီး
  သူတို့နေထိုင်ရာ အသိုက်အမြုံအတွင်းသို့
  သယ်ယူစုဆောင်းနေပါက မကြာမီ မိုးရွာတော့မည်။
  သို့တည်းမဟုတ် အမြင့်တနေရာသို့ အစာမ်ား၊
  ဥမ်ားကို သယ်ယူနေပါက မိုးကြီး၊ ရေကြီးနိုင်ကြောင်း
  ကြိုတင် သိရှိနိုင်သည်။ 

  ဥပမာ - ၆
  နွေနှောင်းကာလတွင် ဘီလုံးငှက်သည်
  တောင်ပံ တဖျပ်ဖျပ်ခက်၍ ပျံတက်ပျံဆင်းပြုရင်း
  အော်မြည်နေပါက မကြာမီ မိုးရွာတော့မည်
  ဖြစ်ကြောင်း သိနိုင်သည်။
  ထိုကဲ့သို့ အော်မြည်နေရင်း ကောင်းကင်ထက်သို့
  ပျံတိုက်လိုက်၊ မြေပြင်သို့ ဆင်းသက်လိုက်
  ပြုလုပ်နေခြင်းသည် မိုးခေါ်နေခြင်းဖြစ်ကြောင်း
  တောင်သူဦးကြီးတို့က ယုံကြည်ကြသည်။
  ၎င်းအပြင် ဘီလုံးငှက်၏ အသိုက်မြုံ
  မျက်နှာဝ လည့်ထားသောဘက်မှ မိုးမလာဘဲ
  တခြားသော ဆန့်ကျင်ဘက်အရပ်ကသာ
  မိုးလေလာနိုင်ကြောင်း မှတ်သားဖူးသည်။

  ဥပမာ - ၇
  ကျွဲနွားများကို စားကျက်ထဲ လွှတ်လိုက်ပါက
  မြက်ကောင်းစားရရေးအတွက်
  ဥဒဟို သွားလာတက်သော သဘာဝရှိသည်။
  ထိုကဲ့သို့ မဟုတ်ဘဲ စားကျက်အတွင်းငြိမ်နေပြီး 
  အစာကိုသာ သဲကြီးမဲကြီး စားနေပါက
  များမကြာမီ မိုးရွာတော့မည်ဖြစ်ကြောင်း 
  သိရှိနိုင်သည်။

  ဥပမာ - ၈
  မိုးတိမ်များသည် မိုးလေဝသ အခြေအနေကို
  သဲနွံစပေးလျက်ရှိသည်။
  ကောင်းကင်၌ မိုးတိမ္မ်ား မှောင်မဲနေသော်
  မကြာမီ မိုးရွာတော့မည်ဖြစ်ကြောင်း ကြိုသိနိုင်သည်။
  "တိမ်တေ လေဧစ် လျှပ်စစ်ပေဉ္စာ သံတယောဟူသည့်
  လင်္ကာဖွဲ့သည် မိုးရွာရန် တိမ်တွေတက်လာသည်ကို 
  (၃)ယူဇနာ အကွာကမြင်နိုင်ပြီး မိုးရွာရန်
  အချိန်နီးကပ်လာပြီဖြစ်ကြောင်း ကြိုသိနိုင်သည်။ 
  သို့သော် ကောင်းကင်ယံတွင် မိုးတိမ္မ်ား
  တက်လာသည်နှင့် မိုးရွာတော့မည်ဟု
  ယတိပြတ် မဆိုနိုင်သော်လည်း မိုးရွာခါနီးတိုင်း 
  မိုးတိမ္မ်ားကို မိုးရွာမည့် ရှေ့ပြေးလက္ခဏာအဖြစ်
  မြင်တွေ့ရသည်။ 
  မြန်မာ့ဆိုရိုးစကားတွင် "မိုးဖြူမစဲ မိုးမဲမရွာ" ဟူသော
  ဆိုရိုးစကားကို ထောက်ရှု့ခြင်းဖြင့်
  မိုးတိမ်များအုံ့မှိုင်းနေရုံနဲ့ မိုးရွာမည်ဟု
  အတက်ပြောမရကြောင်း သတိချပ်သင့်သည်။
  ထို့ကြောင့်ပင် " နွားသိုးနဲ့ မိုး မခန့်မှန်းနဲ့ " ဟု
  ရှေးစကားများ ရှိခဲ့လေသည်။
  တခါ ညေန နေဝင်ခါနီးတွင် လျှပ်စီးလက်ပါက
  မိုးရွာတော့မည်ဖြစ်ကြောင်းကို
 "နေဝင်လျှပ်လက် ညမနက်" ဟူသော စကားအရ
  ကြိုတင်ခန့်မှန်းနိုင်သည်။

  ဥပမာ - ၉
  နွေနှောင်းရာသီတွင် ဖားရှာ/ငါးရှာသူတို့သည်
  ရရှိလာသော ငါးမ်ားကို ဗိုက်ခွဲကြည့်ပါက
  ဥမ်ား ရင့်နေသော် မကြာမီ မိုးကျတော့မည်
  ဖြစ်ကြောင်း သိနိုင်သည်။
  ထို့အပြင် လယ်ပုဇွန်လုံးများ ကျင်းဝတွင်
  အပြင်ထွက်ရန် ဆိုင်းပြင်းနေပါက 
  မိုးရွာတော့မည်ဖြစ်ကြောင်း ကြိုသိနိုင်သည်။ 
  ဖားမ်ား အော်မြည်နေပါက မိုးရွာရန်
  နီးကပ်လာပြီဖြစ်ကြောင်း သိနိုင်သည်။

  ဥပမာ - ၁၀
  ဘိစပ်ပင်( ဝါ ) ဂျာမနီပင်( ဝါ ) ရှမ်းပြေးပင်များ
  အပွင့် ပွင့်လာပါက မိုးကုန်သွားပြီဖြစ်ကြောင်း
  သိနိုင်သည်။

  ဥပမာ - ၁၁
  တောထဲ တောင်ထဲ သို့မဟုတ် မြက်ခင်းများ
  ခြုံတောများရှိ အပင်များတွင် ပင့်ကူအိမ်များ
  နေရာအနံ့ှတွေ့ရပါက မိုးကုန်ပြီဟု ကြိုတင်ကာ
  သိရှိနိုင်သည်။
  ကျွဲနွားခြေရာခွက်များအတွင်း ပင့်ကူအိမ်များ
  တွေ့ရပါက မိုးကုန်သွားကြောင်း သိနိုင်သည်။
  အိမ်ဖွဲ့၍ သားကောင်များကို ထောင်ဖမ်းတက်သည့်
  ပင့်ကူမျိုးနွယ်များကို "ကုန်းတံငါ"ဟု ဒေသခံတို့က
  ခေါ်ဆိုကြသည်။

  ဥပမာ - ၁၂
  နေအိမ်ခြံဝန်းအတွင်းသော်လည်းကောင်း၊
  လမ်းမထက်တွင်သော်လည်းကောင်း၊ 
  တီကောင်များ ဥဒဟိုသွားလာထားသည့် အရာများနှင့်
  တီကောင်များကို မ်ားမ်ားစားစား တွေ့ရှိရပါက
  မိုးကုန်တော့မည်ဖြစ်ကြောင်း ကြိုတင်သိနိုင်သည်။ 

  ဥပမာ - ၁၃
  လယ်ကွင်းများ၊ ရေကန်များတွင် ရေအနည်ငယ်
  ရှိနေပါလျက် လယ်ပုဇွန်လုံးများ၊ ငါးမ်ား
  ကျင်းတူးနေပါက များမကြာမီ မိုးကုန်တော့မည်
  ဖြစ်ကြောင်း သိနိုင်သည်။

  ဥပမာ - ၁၄
  မိုးကုန်ခါနီးတွင် ပလူကောင်များ အလင်းရှိရာသို့
  မြေကြီးထဲမှ အုံနှင့်ကျင်းနှင့် အမ်ားအျပား
  ထြက္လာပါက မိုးကုန်တော့မည်ဖြစ်၍
  လျှပ်စီးလက်ခြင်းနှင့် မိုးချိန်းသံများ ဆက်တိုက်
  ကြားရပါက မိုးကုန်တော့မည်ဖြစ်ကြောင်း
  ခန့်မှန်းနိုင်သည်။ 

  ဥပမာ - ၁၅
  ပိန်ညှင်းငှက်တို့သည် အများအားဖြင့်
  ရေတွင်းပျက်များ၏ နံရံတွင် အသိုက်အအုံကို
  ဆောက်လုပ်လေ့ရှိသည်။ 
  ၎င်းတို့ဆောက်လုပ်သော အသိုက်သည်
  ရေတွင်းထဲရှိ ရေမျက်နှာပြင်နှင့် နီးကပ်နေပါက
  မိုးခေါင်မည်ဖြစ်၍ တွင်းနှုတ်ခမ်းဝ မြေပြင်နှင့် 
  နီးကပ္စြာ တည်ဆောက်ထားပါက 
  မိုးကောင်းနိုင်သည်ဟု လူကြီးများ၏
  ပြောစကားများကို မှတ်သားဖူးသည်။

  ဥပမာ - ၁၆
  လင်းယုန်ငှက် အသိုက်သည် သစ်ပင်၏
  တောင်ဘက်အကိုင်းတွင် အသိုက်ပြုလုပ်ထားပါက
  မိုးနည်း၊ လေနည်းမည်ဖြစ်၍ မြောက်ဘက်
  အကိုင်းတွင်ပြုလုပ်ထားပါက မိုးကြမ်း၊ 
  လေကြမ်းနိုင်သည်။

  ဥပမာ - ၁၇
  တောင်ယာသမားတို့သည် ဖွတ်မြီးကိုကြည့်၍
  မိုးလေဝသ အကြောင်းပြောနိုင်ကြသည်။
  ဖွတ်မြီးတွင် ညှင်းပြောက်များရှိရာ 
  ၎ ညှင်းပြောက်တို့ အမြီးအရင်း၌ ထင်ရှားနေသော်
  မိုးဦးကောင်းမည် အမြီးအလယ်မှာ ထင်ရှားနေလျှင်
  မိုးလယ်ကောင်းမည် အမြီးအဖျား၌ ပေါ်နေပါက
  မိုးနှောင်းကောင်းမည်ဟု ကြိုတင်ပြောနိုင်ကြသည်။

  ဥပမာ - ၁၈
  လယ်ပုဇွန်လုံးကျင်းများ၏ ကျင်းနှုတ်ခမ်းဝတွင်
  လယ္ပုဇြန္က်စ္စာ( မြေစာ ) မတွေ့ရပါက
  လေထန်မည်ဖြစ်၍ က်စ္စာမ်ား တောင်ပို့လို
  မို့မောက်မြင့်တက်နေပါက မိုးကောင်းမည်။
  လယ်ပုဇွန်လုံးကျင်းများ ကုန်းမြင့်တွင် 
  တွေ့ရပါက ရေကြီးနိုင်သည်။ 
  ဘီလုံးငှက်ငယ်သည် ချိုင့်ခွက်၊ နွားခြေရာအတွင်း
  အသိုက္လုပ္ထားပါက မိုးကောင်းမည်။ 
  ကုန်းတွင် အသိုက္လုပ္ထားပါက
  မိုးမကောင်းနိုင်ပါ။ 
  ဗီလားကောင် သစ်ပင်အမြင့်တက်နေပါက
  မိုးကောင်းမည်။ ခင်ပုပ်ငှက်နှင့် တောက်တဲ့
  အော်မြည်သံ မကြာခဏ ကြားရပါက မိုးရွာမည်။ 
  အော်မြည်သံ အကြိမ်ရေများသော်
  မိုးကြီးရွာနိုင်သည်။ တချို့ကလည်း
  တောက်တဲ့ အော်မည်သံကို လေ မိုး၊ လေ မိုးဟု
  တလှည့်စီ ရေတွက်၍ နောက်ဆုံးပိတ်အော်သံ
  လေ မွာ ရပ်သွားပါက လေထန်မည် မိုး မွာ
  ရပ်သွားပါက မိုးကောင်းမည်ဟု
  ယုံကြည်ကြသည်။

  ဥပမာ - ၁၉
  မိုးစာငှက်( ဝါ ) စာခေါင်းကွက်
  အသိုက်တည်ဆောက်ပုံကိုကြည့်၍ 
  ဥတုကို အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။
  မိုးစာငှက်တို့ အသိုက်ဆောက်တာ စောလျှင်
  မိုးဦးကျစောမည်ဖြစ်၍ နောက်ကျလျှင် 
  မိုးဦးနောက်ကျမည်ကို သိနိုင်သည်။
  အသိုက်များကို အများအပြားတွေ့ရပြီး
  ဝင်ပေါက်ကို ရှည်ရှည်ဆောက်ထားခဲ့သော်
  မိုးကောင်းနိုင်သည်ဟု ဒေသခံတို့ ပြောပြ၍
  သိခဲ့ရသည်။ 
  ထို့အပြင် အသိုက်မြင့်မြင့်ဆောက်သော နှစ်တွင်
  လေပြင်းမုန်တိုင်းကျမည့် အန္တရာယ်နည်း၍
  အသိုက်နိမ့်နိမ့်ဆောက်သည့် နှစ်တွင်
  လေပြင်းမုန်တိုင်း ကျရောက်တက်သည်ဟူ၍လည်း
  ဒေသခံတို့ ယုံကြည်ကြသည်။ 

  ဥပမာ - ၂၀
  သင်္ကြန်ကျသည့်နေ့ အိမ်ကြက်အလျင် တွန်ပါက
  မိုးဦးကောင်းမည်။ 
  တောကြက် အလျင်တွန်သော်
  မိုးနှောင်းကောင်းမည်။ 
  အိမ်ကြက်၊ တောကြက် ပြိုင်တူတွန်သည်ရှိသော်
  မိုးလယ်ကောင်းမည်။

  ဥပမာ - ၂၁
  စစ်ပင်များသည် နွေနှောင်းပိုင်းတွင်
  ရွက်ဟောင်းများကြွေကျပြီး ရွက်သစ်များ
  ထွက်လေ့ရှိသည်။ အသစ်ထွက်လာသော
  ရွက်သစ်များ မရင့်မခြင်း မိုးမမှန်သေးပါ။
  အရွက်များ ရင့်ရော်သွားမှသာ မိုးမှန်သည်ဟု
  ငယ်စဉ်ကတည်းက ကြားသိခဲ့ဘူးသည်။

  ဥပမာ - ၂၂
  ကျီးသိုက်များ အပင်မြင့်တွင် ပြုလုပ်ပါက
  လေနည်းမည် အနိမ့်တွင်ပြုလုပ်ပါက
  လေထန်မည်ဟူ၍လည်း တောင်သူတို့
  ယုံကြည်ကြသည်။

ယခုဖော်ပြခဲ့သော ရိုးရာမိုးလေဝသ 
ခန့်မှန်းနည်းများသည် ပတ်ဝန်းကျင်ရှိ သတ္တဝါများ
အပင်များကို ကြည့်ရှု့ လေ့လာ၍ ခန့်မှန်းနည်းဖြစ်၍
အောက်တွင် နက္ခတ္တဗေဒနည်းဖြင့် ခန့်မှန်းနည်း
တချို့ကိုလည်း အကျဉ်းမျှ ရေးသားလိုက်ပါသည်။

မြန်မာ့ရိုးရာ မိုးလေဝသ ခန့်မှန်းနည်းများတွင်
တစ္ခု အပါအဝင်ဖြစ်သော ခန့်မှန်းနည်းတစ်မျိုးမှာ
နက္ခတ္တဗေဒနည်းဖြင့် ခန့်မှန်းခြင်းဖြစ်ပြီး 
ပမာပြရသော် - 
တပေါင်းလဆန်း (၁) ရက်နေ့ မွ (၃) ရက်နေအထိ
လေတိုက်ခတ်မှု အခြေအနေကို စောင့်ကြည့်ပြီး 
မိုးလေဝသကို ခန့်မှန်းနိုင်သည်။
တန်ပေါင်းလဆန်း ၁ ရက်(ပုန်းမကြည် တင်သည့်နေ့) 
(၁) ရက်နေ့ လေတိုက်သော် မိုးဦးကောင်းမည်။ 
(၂) ရက်နေ့ လေတိုက်သော် မိုးလယ်ကောင်းမည်။
(၃)ရက်နေ့ လေတိုက်သော် မိုးနှောင်းကောင်းမည်ဟု
အယူအဆများရှိကြသည်။ 
တချို့သော တောင်သူဦးကြီးတို့ကလည်း 
ပုဗ္ဗကြယ်၏ ထွန်းလင်းသည့်ပုံစံ လေတိုက်ခတ်မှု
စသည်တို့ကို ကြည့်ရှု့၍လည်း မိုးဦး၊ မိုးလယ်၊ 
မိုးနှောင်း ကောင်း၊ မကောင်း 
ကြိုတင်ကာ နိမိတ်ဖတ်နိုင်ကြသည်။

မြန်မာ့တောင်သူများသည် မိုးဦးကျရက်အဖြစ်
ဖျောက်ဆိတ်ကြယ် ခေါ် ကြတ္တိကာကြယ်
( Pleiades ) ကောင်းကင်ယံ၌ ထွက်ပေါ်သည့် 
နေ့ရက်သည် မိုးဦးကျသည့်နေ့အဖြစ် သက်မှတ်ထားကြသည်။
မြန်မာနှစ်ဆန်း ၁ ရက်နေ့မှ စတင်ရေတွက်ပါက
၄၅ ရက်ပြည့်မြောက်သော ရက်နေ့သည်
ဖျောက်ဆိတ်ကြယ် ထွက်ပေါ်မည့်နေ့ဖြစ်သည်။
တနည်းဆိုရသော် နှစ်ဆန်း ၁ ရက်နေ့မှ
နောက် ၄၅ ရက်ပြည့်သော် မိုးဦးကျပြီဖြစ်ကြောင်း
သိနိုင်သည်။
မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် မိုးရွာသွန်းပါက
ဖျောက်ဆိတ်ကြယ် မျက်နှာသစ်သည်ဟု ခေါ်ဆိုပြီး 
မိုးဦး၊ မိုးလယ်၊ မိုးနှောင်း သုံးပါးလုံး
မိုးကောင်းမည်ဟု တောင်သူတို့က ယုံကြည်ကြသည်။
ထို့အပြင် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှ ရက်ပေါင်း ၁၄၀ 
ပြည့်လျှင် ဖျောက်ဆိတ်ကြယ် မွန်းတည့်ကြောင်း
ဖျောက်ဆိတ်ကြယ် မွန်းတည့်သောနေ့သည်
( နံနက် အာရုံတက်ချိန် ) မိုးရာသီကုန်ဆုံးပြီး
ဆောင်းရာသီသို့ ကူပြောင်းသွားပြီဖြစ်ကြောင်း
မှတ်သားဖူးသည်။
တချို့ကလည်း နှစ်ဆန်း ၁ ရက်နေ့မှ
၁၄၆ ရက်ပြည့်မှသာ မိုးကုန်သည်ဟု ဆိုကြသည်။
လူကြီးများက "သောက်ရေအိုး" ဟု အလွယ် မှတ်သားထားခိုင်းသည်။

#မြန်မာ့ရာသီနဲ့ အလင်္ကာ

ရှေးလူကြီးများသည် ရာသီအလိုက် 
မိုးရွာသွန်းမှုကို နှောင်းလူတို့ သိရှိစေရန်ရည်ရွယ်၍ လင်္ကာများဖြင့် ရေးစပ်သီကုံးကာ ပညာအေမြ
လက်ဆင့်ကမ်းပေးခဲ့ကြသည်။
ရာသီဖွဲ့ လင်္ကာများစွာမှ လင်္ကာတချို့ကို 
မျိုးဆက်သစ်လူငယ်များသိရှိနိုင်ရန် ရှာဖွေလေ့လာ၍
ရေးသား ဖော်ပြလိုက်ပါသည်။

"တန်ခူးမည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး

တန်ခူးလဆန်းတွင် ဖက်ဆွတ်မိုး ရွာတက်ပြီး
ယင်း မိုးသည် ကာလရှည်ကြာစွာ မိုးပြတ်ပြီးမှ
ပထမဆုံးရွာသွန်းသည့် မိုးဖြစ်သောကြောင့်
သစ်ရွက်ဆွေး၊ ဖက်ရွက်ဆွေးများပေါ်သို့
ကျရောက်ပြီးမှ ရေရသဖြင့် လူတို့မသောက်သုံးပါ။
တချို့ကလည်း ဖက်ရွက်များ ကြွေကျအောင်
ရွာသည့်မိုးဟု ဆိုကြသည်။
တန်ခူးလအတွင်း သင်္ကြန်ကာလမတိုင်မီ
ရွာသောမိုးကို သင်္ကြန်အကြိုမိုး၊ သင်္ကြန်ကျပြီးမှ
ရွာသွန်းလျှင် သင်္ကြန်လက်ဆေးမိုးဟု ခေါ်ကြသည်။

"ကဆုန်အတွင်း မြေသင်းပျံ့ပျံ့ မိုးနှံ့နှံ့

ကဆုန်လတွင် နွေကာလတစ်လျောက် 
ပူပြင်းနေသော မြေပေါ်သို့ မိုးရွာချလိုက်သဖြင့်
မြေသင်းရနံ့ သင်းပျံ့နေပြီး မိုးသည်လည်း
နေရာအနှံ့ ရွာသွန်းနိုင်ကြောင်း ဆိုလိုရင်းဖြစ်သည်။

"နယုန်မိုးသေး မြက်သားမွေး

နယုန်လတွင် မိုးဖွဲလေးများကျတက်ပြီး
မြက်ပင်ကလေးများ ပေါက်ကြကို
ရည်ညွှန်းသည်။ 

"ဝါဆိုတကြောင်း မိချောင်းဖွေးဖွေး မိုးအေးအေး

ဝါဆိုလတွင် မိချောင်းပန်းများပွင့်၍ မိုးတစိမ့်စိမ့်
ရွာသွန်းကြောင်း အဓိပ္ပာယ်ရသည်။

"ဝါခေါင်တကြောင်း၊ ထနောင်းကြောင်ခြစ်၊
ဆူးရစ်ပွင့်ကာ မိုးမရွာ၊ ရွာပါသော်လည်း
မိုးမသည်း

ဝါခေါင်လတွင် မိုးမရွာကြောင်း၊ ရွာလျှင်လည်း
မိုးမသည်းကြောင်း အဆိုရှိပြန်သည်။

"တော်သလင်းတိမ်ညို၊ စဖိုသည်ဆင်းရဲ မိုးမစဲ

တော်သလင်းလတွင် မိုး အဆက်မပြတ်
ရွာသွန်းသောကြောင့် စားဝတ်နေရေး
အကျက်ရိုက်ပုံကို ဖော်ညွှန်ဟန်တူသည်။

"တော်သလင်း မြစ်တွင်းသင်ဖြူးခင်း

တော်သလင်းလတွင် လေအားပျော့သောကြောင့်
မြစ်ရေပြင်သည် လှိုင်းကြက်ခွပ်မရှိပဲ ပြန့်ဖြူးနေသည်။
လှေပြိုင်ပွဲများပင် ကျင်းပနိုင်ကြသည်။

"သီတင်းကျွတ်တွင် ပလ္လင်ဆေးမိုး ရွာသွန်းဖြိုး

သီတင်းကျွတ်လတွင် ရွာသွန်းသော မိုးကို
ပလ္လင်ဆေးမိုး သို့မဟုတ် သင်ပုတ်ဆေးမိုးဟု
ခေါ်သည်။

"တန်ဆောင်မုန်းတွင် ဆီးနှင်းတပြိုက် မိုးကလိုက်

တန်ဆောင်မုန်းလတွင် ဆီးနှင်းများ
ဖြိုက်ဖြိုက်ကျနေသော်လည်း တခါတရံ
မိုးရွာတက်သည်ကို ဆိုလိုရင်းဖြစ်သည်။
ယင်းမိုးရွာမှသာ ဖုံးတုံးလုံးတုံးဖြစ်နေသော
စပါးမ်ား အစေ့အဆံအောင်မည်ဖြစ်သည်ကို
"လုပ်မိုးကောင်းပေမယ့် စားမိုးခေါင်လျင်
အချည်းနှီးပဲဟု တောင်သူတို ဆိုစမှတ်ရှိကြသည်။

"နတ်တော်ရောက်ငြား မိုးသားမငြိမ် ဆင်ရာတိမ်

နတ်တော်လတွင် မိုးသားတိမ်ဆိုင်များသည်
ကောင်းကင်၌ ငြိမ်သပ်မှုမရှိပဲ လှုပ်ရှားနေကြောင်း
ဆိုဟန်ရှိသည်။ 

"ပြာသိုချမ်းပြင်း ဆီးနှင်းရောယှက် နှမ်းပုံဖျက်

ပြာသိုလတွင် ဆီးနှင်းရောယှက်နေသည့်
မိုးသေး မိုးဖွဲတို့ ရွာသွန်းပါက နှမ်းရိတ်သိမ်းကာ
နေလှမ်းအခြောက်ခံထားသည့် နှမ်းပုံတို့
ပျက်ဆီးတက်သည်ကို ဖော်ညွှန်ခြင်းဖြစ်သည်။

"တပို့တွဲ နွဲ၍ရွာခြင်း သံမိုးကြွင်း

တပို့တွဲလတွင် မိုးကြွင်းမိုးကျန်ရွာတက်ကြောင်း
အဓိပ္ပါယ်သက်ရောက်သည်။

"တပေါင်းလည်းကူး မိုးသားကြူး

တပေါင်းလတွင် မိုးမရွာသော်လည်း 
မိုးသားတိမ္လိပ္မ်ား တွေ့ရကြောင်းကို
အလင်္ကာတွင် ဖော်ကြူးထားသည်။

#မြန်မာ့ရာသီဥတုကို ဖော်ညွှန်းသော စကားပုံနှင့်
   ဆိုရိုးစကားများ -

- မိုးတောင်က၊ ပွေးပေါင်က 
- မိုးစေန၊ လေရာဟု 
- တောင်ကလာမှမိုး၊ ဒေါင်ဒေါင်မြည်မှအိုး 
  သုံးလွန်းတင်မှကြိုး
- မိုးလေဝသမှန်မှန်ပြော တောက်တဲ့ကိုလူချော 
- ဝါဆို ဝါခေါင် ရေဖောင်ဖောင်
- တော်သလင်းမိုး ကန်သင်းကျိုး
- တော်သလင်းနေ ပုဇွန်သေ
- မိုးနဲ ့နွားသိုး အစိုးမရ
- နှာရည်ယိုရွဲ တပို့တွဲ
- နေ့ပူလို့ညချမ်း တပေါင်းလသရမ်း
- ပေါက်လဲပွင့်စ တပို့တွဲလ

နိဂုံးချုပ်အနေနဲ့ ပြောလိုသည်မှာ 
ရှေးယခင်ကာလက ယခုမျက်မှောက်ခေတ်ကဲ့သို့  
ခေတ်မီ မိုးလေဝသတိုင်းတာရေး ကိရိယာများနှင့် နည်းပညာရပ်များ မပေါ်ပေါက်သေးသောကြောင့် 
သဘာဝတွင် ရှိနေသော တိရစၦာန်မ်ား၏ 
သွားလာလှုပ်ရှားပုံ၊ နေထိုင်ကျက်စားပုံ အစရှိသည့်
အပြောင်းအလဲများကိုကြည့်ရှု့၍
မိုးလေဝသ ခန့်မှန်းခဲ့ကြသည်။
၎င်းအပြင် အပင်များ၏ ပွင့်သီးပုံ၊ ရွက်ဟောင်းကြွေ၍
ရွက်သစ်ဝေပုံတို့ကို ကြည့်ရှု့၍လည်း မိုးလေဝသကို
ခန့်မှန်းခဲ့ကြသည်။ 
ယခုအခါ အကြောင်းအမျိုးမျိုးကြောင့်
ရိုးရာမိုးလေဝသ ခန့်မှန်းနည်းများကို သိရှိသူ
တဖြည်းဖြည်း နည်းပါးလာသောကြောင့် နောင်တချိန် ပျောက်ကွယ်သွာမည်ကို စိုးရိမ်မကင်းဖြစ်မိ၍ 
ကြိုးစားလေ့လာကာ ရေးသားဖော်ပြခြင်းဖြစ်သည်။
အမှားအယွင်းများ လိုအပ်ချက်များ ပါရှိခဲ့ပါက
ကျွန်တော်၏ လေ့လာမှု အားနည်းချက်ကြောင့်
ဖြစ်ကြောင်း ပြောကြားလိုသည်။
ဝေဖန်အကြံပြုပေးပါရန်လည်း မေတ္တာရပ်ခံပါသည်။

 Source; NyanMyint (Facebook) 

အစာမကြေခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းတရားများ

အစာမကြေခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းတရားများ

လူတိုင်းနီးပါး အစာမကြေခြင်းဝေဒနာကို ခံစားဖူးကြမှာပါ။

အစာမကြေခြင်းကို အင်္ဂလိပ်လို Indigestion လို့ခေါ်ပါတယ်။ ဆေးပညာအခေါ်ကတော့ Dyspepsia ပါ။

အစာမကြေတာဖြစ်တဲ့အခါ ဗိုက်အပေါ်ပိုင်းနေရာမှာ ပြည့်သလို ကယ်သလို ဖြစ်ကာ မအီမလယ် နေမထိထိုင်မသာ ခံစားရပါတယ်။ ဒါ့အပြင် ရင်ခေါင်းနေရာမှာ ပူသလိုခံစားရတာ၊ ပျို့ချင်တာ၊ အန်တာ၊ လေချဉ်တက်တာ၊ လေပွတာတွေလည် းခံစားရနိုင်ပါတယ်။

အစာမကြေဘူးလို့ပြောရင် အများစုအနေနဲ့က အစားများသွားလို့ သို့မဟုတ် ကောက်ညှင်း၊ ဆီကြော်၊ အဆီအဆိမ့် စတဲ့အစာကြေညက်ခဲတဲ့ အစာတွေစားမိလို့ လို့ ထင်တတ်ကြပါတယ်။

ဒါဟာ ရာနှုန်းပြည့်မမှန်ပါဘူး။

တခါတရံမှာ အစာကြေခဲတာတွေစားတာမျိုးမဟုတ်ဘဲ အစားများတာမျိုးမဟုတ်ဘဲ ပုံမှန်အစာကိုအနည်းငယ်ပမာဏစားမိရုံလောက် နဲ့ ဗိုက်ထဲမအီမသာဖြစ် ရင်ပြည့်ရင်ကယ်ဖြစ်ကာ အစာမကြေခြင်းခံစားရတာမျိုးလည်းရှိပါတယ်။

တခါတလေမှာကျ ဘာမှမစားမသောက်ထားရဘဲနဲ့ကို အစာမကြေသလို ဖြစ်နေတာမျိုးလည်းရှိပါတယ်။

အစာမကြေခြင်းဟာ အများစုသိသလို အစာအများကြီးစားမိလို့၊အစာမာတွေစားမိလို့ ပဲ ဖြစ်ရတာမဟုတ်ပါ။

အစာအများကြီးစားမိလို့၊ အစာမာတွေစားမိလို့အပြင် အစာမကြေခြင်းကိုဖြစ်စေနိုင်တဲ့တခြားအကြောင်းတွေအများကြီးရှိပါတယ်။





– စိတ်ဖိစီးစရာများတာ

– စိုးရိမ်ပူပန်စရာများတာ

– အစာစားရာမှာ ကြေညက်အောင်မဝါးဘဲ အလျင်စလိုစားတာ

– ဆေးလိပ်သောက်တာ၊ အရက်သောက်တာ

– ကဖင်းဓါတ်ပါတဲ့ အစားအသောက်တွေအစားများတာ

– အပူအစပ်တွေအစားများတာ

– ကာဗွန်ပါတဲ့အချိုရည်တွေအသောက်များတာ

– တချို့သောပိုးသတ်ဆေးတွေ သောက်ရတာ၊ သံဓါတ်အားဖြည့်ဆေးတွေ သောက်တာ၊ အကိုက်အခဲပျောက်ဆေးတွေ သောက်တာ

– ဝမ်းချုပ်တာ စသဖြင့်ရှိရင်လည်း အစာမကြေခြင်းဖြစ်နိုင်ပါတယ်။

ဒါတွေအပြင်

– အစာအိမ်ရောင်တာ (Gastritis)

– အစာအိမ်အနာဖြစ်တာ (Peptic ulcer)

– အစာအိမ်မှာ Helicobacter pylori ပိုးဝင်တာ

– အစာအိမ်ကင်ဆာ ဖြစ်တာ (Stomach cancer)

– အူလမ်းကြောင်းဆိုင်ရာ ရောဂါတခုခုရှိခြင်း (Irritable bowel syndrome)

– အူပိတ်တာ (Intestinal blockage)

– သည်းခြေကျောက်တည်တာ (Gallstones)

– မုန့်ချိုအိတ်ရောင်တာ (Pancreatitis) စတဲ့ရောဂါတွေကြောင့်လည်း အစာမကြေခြင်းဖြစ်နိုင်ပါသေးတယ်။

အစာမကြေတာဟာ အများအားဖြင့်တော့ ရံဖန်ရံခါတာဖြစ်တတ်ပြီး ဖြစ်တဲ့အခါမှာ အင်္ဂလိပ်အစာကြေဆေးစားတာ တိုင်းရင်းအစာကြေဆေးစားတာ လျက်စားလျက်တာ တွေလုပ်ရုံလောက်နဲ့ ပျောက်ကင်းသွားတတ်လေ့ရှိပါတယ်။


 Myanmar (Covid-19 Stats)

😷 236 Total Cases
😥 6 Deaths
😇 148 Recovered

အစာမကြေခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းတရားများ

အစာမကြေခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းတရားများ

လူတိုင်းနီးပါး အစာမကြေခြင်းဝေဒနာကို ခံစားဖူးကြမှာပါ။

အစာမကြေခြင်းကို အင်္ဂလိပ်လို Indigestion လို့ခေါ်ပါတယ်။ ဆေးပညာအခေါ်ကတော့ Dyspepsia ပါ။

အစာမကြေတာဖြစ်တဲ့အခါ ဗိုက်အပေါ်ပိုင်းနေရာမှာ ပြည့်သလို ကယ်သလို ဖြစ်ကာ မအီမလယ် နေမထိထိုင်မသာ ခံစားရပါတယ်။ ဒါ့အပြင် ရင်ခေါင်းနေရာမှာ ပူသလိုခံစားရတာ၊ ပျို့ချင်တာ၊ အန်တာ၊ လေချဉ်တက်တာ၊ လေပွတာတွေလည် းခံစားရနိုင်ပါတယ်။

အစာမကြေဘူးလို့ပြောရင် အများစုအနေနဲ့က အစားများသွားလို့ သို့မဟုတ် ကောက်ညှင်း၊ ဆီကြော်၊ အဆီအဆိမ့် စတဲ့အစာကြေညက်ခဲတဲ့ အစာတွေစားမိလို့ လို့ ထင်တတ်ကြပါတယ်။

ဒါဟာ ရာနှုန်းပြည့်မမှန်ပါဘူး။

တခါတရံမှာ အစာကြေခဲတာတွေစားတာမျိုးမဟုတ်ဘဲ အစားများတာမျိုးမဟုတ်ဘဲ ပုံမှန်အစာကိုအနည်းငယ်ပမာဏစားမိရုံလောက် နဲ့ ဗိုက်ထဲမအီမသာဖြစ် ရင်ပြည့်ရင်ကယ်ဖြစ်ကာ အစာမကြေခြင်းခံစားရတာမျိုးလည်းရှိပါတယ်။

တခါတလေမှာကျ ဘာမှမစားမသောက်ထားရဘဲနဲ့ကို အစာမကြေသလို ဖြစ်နေတာမျိုးလည်းရှိပါတယ်။

အစာမကြေခြင်းဟာ အများစုသိသလို အစာအများကြီးစားမိလို့၊အစာမာတွေစားမိလို့ ပဲ ဖြစ်ရတာမဟုတ်ပါ။

အစာအများကြီးစားမိလို့၊ အစာမာတွေစားမိလို့အပြင် အစာမကြေခြင်းကိုဖြစ်စေနိုင်တဲ့တခြားအကြောင်းတွေအများကြီးရှိပါတယ်။

– စိတ်ဖိစီးစရာများတာ

– စိုးရိမ်ပူပန်စရာများတာ

– အစာစားရာမှာ ကြေညက်အောင်မဝါးဘဲ အလျင်စလိုစားတာ

– ဆေးလိပ်သောက်တာ၊ အရက်သောက်တာ

– ကဖင်းဓါတ်ပါတဲ့ အစားအသောက်တွေအစားများတာ

– အပူအစပ်တွေအစားများတာ

– ကာဗွန်ပါတဲ့အချိုရည်တွေအသောက်များတာ

– တချို့သောပိုးသတ်ဆေးတွေ သောက်ရတာ၊ သံဓါတ်အားဖြည့်ဆေးတွေ သောက်တာ၊ အကိုက်အခဲပျောက်ဆေးတွေ သောက်တာ

– ဝမ်းချုပ်တာ စသဖြင့်ရှိရင်လည်း အစာမကြေခြင်းဖြစ်နိုင်ပါတယ်။

ဒါတွေအပြင်

– အစာအိမ်ရောင်တာ (Gastritis)

– အစာအိမ်အနာဖြစ်တာ (Peptic ulcer)

– အစာအိမ်မှာ Helicobacter pylori ပိုးဝင်တာ

– အစာအိမ်ကင်ဆာ ဖြစ်တာ (Stomach cancer)

– အူလမ်းကြောင်းဆိုင်ရာ ရောဂါတခုခုရှိခြင်း (Irritable bowel syndrome)

– အူပိတ်တာ (Intestinal blockage)

– သည်းခြေကျောက်တည်တာ (Gallstones)

– မုန့်ချိုအိတ်ရောင်တာ (Pancreatitis) စတဲ့ရောဂါတွေကြောင့်လည်း အစာမကြေခြင်းဖြစ်နိုင်ပါသေးတယ်။

အစာမကြေတာဟာ အများအားဖြင့်တော့ ရံဖန်ရံခါတာဖြစ်တတ်ပြီး ဖြစ်တဲ့အခါမှာ အင်္ဂလိပ်အစာကြေဆေးစားတာ တိုင်းရင်းအစာကြေဆေးစားတာ လျက်စားလျက်တာ တွေလုပ်ရုံလောက်နဲ့ ပျောက်ကင်းသွားတတ်လေ့ရှိပါတယ်။

သို့ပေမယ့်

– အစာမကြေတာ ခဏခဏဖြစ်လာတာ (အထူးသဖြင့်အသက်၅၀နောက်ပိုင်းမှ ခဏခဏအစာမကြေဖြစ်တာ)

– အစာမကြေတာဖြစ်တာနဲ့အတူ

– အလွန်အန်တာ၊ အန်တဲ့ထဲ သွေးပါလာတာ

– ကတ္တရာစေးကဲ့သို့ ဝမ်းမည်းတွေသွားတာ

– အစားအသောက်ပျက်တာ၊ သိသိသာသာပိန်လာတာ

– အစာမျိုရခက်လာတာ

– ဝမ်းဗိုက်နေရာမှာ အလုံးအကျိတ်ပေါ်လာတာ

– အားမရှိသလိုမောတာ၊ နုံးတာတွေဖြစ်လာတာ စသဖြင့်ရှိခဲ့ရင်တော့ ရောဂါတခုခုရှိနေတာဖြစ်နိုင်လို့ အစာကြေဆေးသောက်ပြီး ကြာကြာအချိန်ဆွဲနေတာ ဆေးမြီးတိုတွေနဲ့ကုသကြည့်တာ မျိုးမလုပ်ဘဲ နီးစပ်ရာဆေးရုံဆေးခန်းပြသစမ်းသပ်ကြည့်ဖို့လိုပါတယ်။

သွေးစစ်တာ၊ မှန်ပြောင်းကြည့်တာ၊ ဓါတ်မှန်ရိုက်တာ၊ အာထရာဆောင်းရိုက်တာ၊ ပိုးမွေးတာ၊ စီတီရိုက်တာစတဲ့ စစ်ဆေးမှုတွေကို စမ်းသပ်တဲ့ဆရာဝန်က လိုအပ်သလိုညွန်ကြားတဲ့အတိုင်း လုပ်ရနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ စမ်းသပ်စစ်ဆေးမှုရလဒ်ပေါ်မှုတည်ပြီး ကုသရမှာပါ။

အစာမကြေခြင်းဖြစ်နိုင်ခြေလျော့နည်းအောင်

အစာစားတဲ့အခါ ဖြည်းဖြည်းချင်းနဲ့ကြေညက်အောင်သေချာဝါးပါ။အလျင်စလိုစားတာ၊မဝါးဘဲမျိုချတာမျိုးရှောင်ပါ။

သင့်တင့်ရုံပမာဏပဲစားပါ။ စားကောင်းတိုင်း တရားလွန်မစားပါနဲ့။

အဆီအဆိမ့်တွေ၊ ဆီကြော်တွေ၊ကောက်ညှင်းလိုအစာမာတွေ၊ အပူအစပ်တွေရှောင်ပါ။ ကဖင်းဓါတ်များတာတွေရှောင်ပါ။

အရက်၊ဆေးလိပ်ဖြတ်ပါ လို့အကြံပေးချင်ပါတယ်။


Source; Ondoctor


ပြည်သူ့အချစ်တော်ရုပ်ရှင်မင်းသားကြီးဝင်းဦးအကြောင်းအပြည့်အစုံ




ဝင်းဦး (၁၉၃၅-၁၉၈၈) သည် မြန်မာ့အနုပညာသမိုင်းတွင် ထူးချွန်သော ဒါရိုက္တာ၊ မင်းသား၊ ဇာတ်ညွှန်းဆရာ၊ အဆိုတော်၊ စာရေးဆရာ၊ စနစ္တက် စီမံခန့်ခွဲတတ်သော ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်နှင့် မဂ္ဂဇင်းစာအုပ်ထုတ်ဝေသူပိုင်ရှင် ဖြစ်သည်။

မွေးဖွား - ၁၃ မတ်၊ ၁၉၃၅၊ရန်ကုန်မြို့

ကွယ်လွန် - ၁၄ ဒီဇင်ဘာ၊ ၁၉၈၈ (အသက် ၅၃)၊ ရန်ကုန်မြို့၊ မိခင်ကျောင်း၊ ရန်ကုန်တက္ကသိုလ်

အလုပ်အကိုင် - စစ်မှုထမ်း၊ သရုပ်ဆောင်၊ ဒါရိုက္တာ၊ စာရေးဆရာ၊ အဆိုတော်နှင့် ထုတ်ဝေသူ

ကျော်ကြားမှုအရင်းခံ - အကယ္ဒမီရ ရုပ်ရှင်သရုပ်ဆောင်

ရရှိသည့်ဆုများ - အကယ္ဒမီ


ငယ်ဘဝ
=====


ဝင်းဦး၏ အမည်ရင်းမှာ လှမြင့်ဖြစ်ပြီး ငယ်နာမည်မှာ ကိုဦးဖြစ်သည်။ မွေးချင်းငါးဦးအနက် တတိယမြောက်ဖြစ်သည်။ အားလုံးမှာရုပ်ရှင်မင်းသား၊ မင်းသမီးများဖြစ်ကြပြီး မင်းသမီး မေယု(တင်တင်ဦး)၊ မင်းသား ဝင်းညွန့်၊ မင်းသား အောင်မိုး၊ တက္ကသိုလ် ကြည်ရွှင်တို့ ဖြစ်ကြသည်။ ဝင်းဦးဟု နာမည်ပေးထားခြင်းမှာ အစ်မဖြစ်သူ တင်တင်ဦး နှင့် အစ်ကိုဝင်းညွန့် နာမည် ရှေ့ဆုံးနှင့် နောက်ဆုံးစာလုံးကိုယူ၍ ပေးထားခြင်း ဖြစ်သည်။
ဝင်းဦးသည် ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ တီတီစီလေ့ကျင့်ရေးကျောင်းတွင် ပညာကို စတင်သင်ယူခဲ့သည်။ တီတီစီကျောင်းမှာပင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားရာ ဥပစာအထက်တန်း အောင်မြင်ခဲ့သည်။ တက္ကသိုလ်ပညာကို ဆုံးခန်းတိုင် မသင်ဘဲ ဗိုလ်လောင်းသင်တန်းအပတ်စဉ်(၈)ကို တက်ရောက်ခဲ့သည်။ ထို့နောက် ၁၉၅၂ ခုနှစ်တွင် ဗိုလ် ကိုဦး အမည်ဖြင့် တပ်မတော် (ကြည်း) ၌ တာဝန်ထမ်းဆောင်ခဲ့သည်။
ဝင်းဦးသည် တပ်မဟာ(၅)၊ တပ်ရင်း(၇)တွင် အမှုထမ်းခဲ့သည်။ ယင်းကဲ့သို့ အမှုထမ်းနေစဉ်အတွင်း မှော်ဘီမြို့ရှိ ကြည်း၊ ရေ၊ လေ၊ ပူးပေါင်းစစ်ဆင်ရေး လေထီးသင်တန်းသို့ တက်ရောက်ပြီး ၁၉၅၉ ခုနှစ်တွင် ဩစတြေးလျနိုင်ငံသို့ လေထီးပညာရပ်များ သွားရောက် သင်ကြားခဲ့သည်။ ပြန်လည်ရောက်ရှိလာသောအခါ မှော်ဘီလေထီးသင်တန်းကျောင်းတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၆၂ ခုနှစ်တွင် တပ်မတော်မှ ဗိုလ်ကြီးအဆင့်ဖြင့် အနားယူခဲ့သည်။

အနုပညာလုပ်ငန်း
==========

ဝင်းဦးသည် စာပေလောကတွင် အောင်မြင်ခဲ့သလို ရုပ်ရှင်လောကတွင်လည်း လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သည့် အနုပညာသမားတစ်ဦးဖြစ်သည်။ ဝင်းဦးသည် မင်းထင်ရွှေမှန် ရာဇဝင်ဇာတ်ကား ဇာတ်ညွှန်းရေးသားရာမှ အစပြုကာ စာပေလောကမှ ရုပ်ရှင်လောကသို့ နယ်ပယ်ချဲ့ထွင်လာခဲ့သည်။ ဝင်းဦး၏ ပွဲဦးထွက်ဇာတ်ကားမှာ ရှုမဝ မဂ္ဂဇင်းတွင် သူကိုယ်တိုင်ရေးသားထားသည့် နှစ်ယောက်ထဲနေချင်တယ် ဝတ္ထုရှည်ကို မင်းသမီး တင်တင်မူနှင့်အတူ ဇာတ်ကား အဖြစ် ပုံဖော်ခဲ့သည်။ ထိုဇာတ်ကားနှင့်အတူ ယင်းဇာတ်ကား၏ဇာတ်ဝင်တေးဖြစ်သည့် မီးပုံပွဲ သီချင်းသည် ထိုအချိန်က ဝင်းဦးဟူသော သရုပ်ဆောင်သစ်၏ နာမည်နှင့်အတူ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ပရိသတ်များ၏ ရင်ထဲသို့ လွှမ်းမိုးနိုင်ခဲ့သည်။
ထို့အပြင် ဝင်းဦးသည် အခြားသောရုပ်ရှင်ကုမ္ပဏီများအတွက် ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင် ပေးခဲ့ရုံသာမက "စန္ဒာ" ကိုယ်ပိုင်ရုပ်ရှင်ကုမ္ပဏီကိုလည်း တည်ထောင်ခဲ့သည်။ ဝင်းဦးကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ပါဝင်သရုပ်ဆောင်ခဲ့သော ဆောင်းအိပ်မက် ဇာတ်ကားတွင် နှစ်ကိုယ်ခွဲသရုပ်ဆောင်မှုဖြင့် ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့သည်။ ထို့နောက် ၁၉၇၀ ပြည့်နှစ်တွင် အလားတူပင် ကိုယ်တိုင်ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့သည့် နာမည်ကျော် မှုံရွှေရည် ဇာတ်ကားဖြင့် ဒုတိယအကြိမ် အကယ်ဒမီဆု ထပ်မံရရှိခဲ့ပြန်သည်။ ဝင်းဦး၏ အနုပညာ သက်တမ်းတလျှောက်တွင် အမျိုးသားဇာတ်ဆောင်ဆု နှစ်ကြိမ်၊ ဇာတ်ကားဆု နှစ်ကြိမ် ရရှိဆွတ်ခူးနိုင်ခဲ့သည်။ ဝင်းဦးရိုက် ကူးခဲ့သည့် ချစ်သူရွေးမယ်ချစ်ဝဲလယ် ဇာတ်ကားသည် မြန်မာ့ရုပ်ရှင်လောက၏ပထမဆုံးသော ရှစ်ကိုယ်ခွဲ ဇာတ်ကား ဖြစ်သည်။
ဝင်းဦးပါဝင်သရုပ်ဆောင်ခဲ့သည့် နာမည်ကြီးဇာတ်ကားအချို့မှာ မင်းသမီး တင်တင်မူနှင့် နှစ်ယောက်ထဲ နေချင်တယ်၊ ခင်သန်းနုနှင့် မောင်တို့ ချယ်ရီမြေ၊ မြင့်မြင့်ခင်နှင့် တိမ်လွှာမို့မိုလွင်၊ စန္ဒာနှင့် မင်း ဘယ်ပြေးမလဲ မိချိုသဲ၊ တင်တင်အေးနှင့် ဆောင်းအိပ်မက်၊ ချစ်စပယ်နှင့် မောင့်အချစ်တော်၊ ကောလိပ်ဂျင် နေဝင်း၊ ခင်သန်းနုတို့နှင့် သိုး၊ ကျောက်မဲအကျဉ်းသားဇာတ်ကား၊ မင်းသမီး တင်တင်မြ၊ ချိုပြုံးတို့နှင့် တစ်ကျော့နှစ်ကျော့ တေးကိုသီနှင့် နောက်ဆုံးရိုက်ကူးခဲ့သည့် ခိုင်မာလာနှင်းဆီဇာတ်ကားတို့မှာ အထူးထင်ရှားခဲ့သည်။


အမျိုးသားဇာတ်ဆောင်ဆု
==============

အကယ်ဒမီ (အမျိုးသားဇာတ်ဆောင်ဆု) နှစ်ကြိမ် ဆွတ်ခူးရရှိခဲ့သည်။

  • ၁၉၆၇-ခုနှစ် (ဆောင်းအိမ်မက်)ဇာတ်ကား
  • ၁၉၇၀-ခုနှစ် (မှုံရွှေရည်)ဇာတ်ကား

၎င်းအပြင် ဝင်းဦး၏ အဆိုတော်ဘဝကို အစပြုခဲ့သည့် သီချင်းမှာ "တေလေငှက်"ဖြစ်ပြီး ယင်းသီချင်းကို "ချစ်သောသူတစ်ယောက်"ဇာတ်ကားတွင် ကိုယ်တိုင်သီဆိုသရုပ်ဆောင်ခဲ့သည်။ ထို့အပြင် ဝင်းဦးသည် အချစ်၊ အလွမ်း၊ တိုင်းပြု ပြည်ပြု သီချင်းများနှင့် ခေတ်ပေါ်သီချင်းများ သာမက ရှေးသီချင်းကြီးများကိုပါ ပိုင်နိုင်စွာသီဆိုနိုင်သူ တစ်ဦးဖြစ်ပြီး တစ်ချိန်က မန္တလေးမြို့မအပျော်တမ်းတူရိယာအဖွဲ့နှင့်တွဲဖက်၍လည်း သီချင်းများ သီဆိုခဲ့သည်။ ၎င်းအပြင် "ကင်းဝန်" အမည်ရှိဓာတ်ပြားကုမ္ပဏီ တည်ထောင်ကာ ကိုယ်တိုင်သီဆိုသည့် သီချင်းများကို ဓာတ်ပြားများအဖြစ် ထုတ်လုပ်ဖြန့်ဖြူးခဲ့သေးသည်။


စာပေလုပ်ငန်း

========

ဝင်းဦးသည် ကျောင်းသား ဘဝကပင် သွေးသောက် မဂ္ဂဇင်းနှင့် ရှုမဝမဂ္ဂဇင်း တို့တွင် ညိုမင်းလွင် ကလောင် အမည်ဖြင့် ကဗျာ၊ ဝတ္ထုများ ရေးသားခဲ့သည်။ ပထမဆုံး ရေးသားခဲ့သော ဝတ္ထုမှာ ဂျိန်း ဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ် ရှုမဝမဂ္ဂဇင်း၌ တက္ကသိုလ် ကျောင်းသားတစ်ဦး မဂ္ဂဇင်း ဝတ္ထုရှည်ကြီးကို ရေးသားခဲ့သည်။ ဤမဂ္ဂဇင်း ဝတ္ထုရှည်ကို ဝင်းဦး ကလောင်အမည်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။ ဝင်းဦး ဆိုသော အမည်သည် ယင်း ဝတ္ထုရှည်ကြီးကြောင့် နာမည်ကျော်ကြား လူသိများခဲ့သည် မှန်သော်လည်း တစ်နိုင်ငံလုံးက ဝင်းဦးကို အသိအမှတ် ပြုခဲ့သည်မှာ ရုပ်ရှင်ကြောင့်ပင် ဖြစ်သည်။

ထို့အပြင် စန္ဒာမဂ္ဂဇင်းတိုက်ကို တည်ထောင်ပြီး မြန်မာ့စာပေသမိုင်းတွင် ပထမဆုံးသော ရောင်စုံအော့ဖ်ဆက် နည်းဖြင့် ထုတ်လုပ်သည့် ပထမဆုံးသော "စန္ဒာ"ပုဂ္ဂလိက ရောင်စုံမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။[၄] ထိုမဂ္ဂဇင်းတွင် ဝင်းဦးသည် ခင်မောင်ဝင့်အမည်ဖြင့် ကမ္ဘာ့ရုပ်ရှင်လောကနှင့် မြန်မာ့ရုပ်ရှင်လောကအကြောင်းများကို သုတရသ ပြောင်မြောက်စွာ ရေးသားခဲ့သည်။ ယင်းမဂ္ဂဇင်းတွင် ကလေးများအတွက် ဦးဦးပုံပြောမယ်၊ အမျိုးသမီးများအတွက် မရှပ်တေး ဟူသော အခန်းကဏ္ဍများကြောင့် ပရိသတ်များ၏အထူး အားပေးမှုကိုရရှိကာ ထိုအချိန်က စောင်ရေအများဆုံးသော မဂ္ဂဇင်း တစ်စောင်ဖြစ်ခဲ့သည်။ စာမူ အရေအတွက် များများ ဖော်ပြနိုင်ရန်အတွက် စန္ဒာမဂ္ဂဇင်းတွင် စာလုံးသေး (၁၂) ပွိုင့်ကို စတင် အသုံးပြုခဲ့သည်။ ဝင်းဦး၏ ကလောင်အမည်ခွဲများမှာ ညိုမင်းလွင် နှင့် ခင်မောင်ဝင့် တို့ ဖြစ်သည်။


ဘဝနိဂုံး

=====


ထို့နောက် ဝင်းဦးသည် ၁၉၈၈−ခုနှစ်တွင် အူမကြီးကင်ဆာကြောင့် ဗြိတိန်သို့ ဆေးသွားကုပြီး ပြန်လာသည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလလ ၁၄ ရက်နေ့တွင် ခိုင်မာလာနှင်းဆီ ဇာတ်ကားရိုက်ကူးဆဲတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ပြီးသောအခါ ဝင်းဦး၏ အမွေများအား ဒေါ်အိုင်ရင်းတင်လှက ဆက်ခံရသည်။ ပေခြောက်ထောင်ကျော် ရိုက်ကူးထားကာ အပြီးမသတ် ရသေးသော ခိုင်မာလာနှင်းဆီ ဇာတ်ကားကို ဒေါ်အိုင်ရင်းတင်လှက ရုပ်ရှင်မင်းသားရန်အောင် နှင့် အစားထိုး အပြီးသတ် ရိုက်ကူးခဲ့သည်။


ရေးသား ပြုစုခဲ့သော စာအုပ်များ

==================

စဉ်အမည်ထုတ်ဝေနှစ်မှတ်ချက်
ကျွန်တော်မွှေးတဲ့မီး၁၉၆၁
သိုး၁၉၆၁
နုနုငယ်ငယ်၁၉၆၁မဂ္ဂဇင်း ဝတ္ထုရှည်
အာကသဒုံးယာဉ် လက်နက်များ၁၉၆၁
အသက်ရှင်နေနည်းနှင့် လေဟာပြင်ခရီး၁၉၆၁
မုန်းလဲမေ့ပါနိုင်၁၉၆၂
လွမ်းလေသူ အမိုက်အမဲ ဝတ္ထုတိုပေါင်းချုပ်၁၉၆၂
တက္ကသိုလ် ကျောင်းသားတစ်ဦး၁၉၆၂
နှစ်ယောက်ထဲ နေချင်တယ်၁၉၆၂
၁၀တေးသီချင်းဆန်းများ၁၉၆၃
၁၁ပန်းကြဲတဲ့ ဖဲစက်ရာမှာ၁၉၆၃
၁၂မျက်ရှု၁၉၆၆
၁၃ယောက်ျား မပီသသူနှင့် ချစ်မိသူ လူတစ်ယောက်အကြောင်း၁၉၆၉
၁၄အသည်းစား မဟာရာဇာ၏ ရှင်းတမ်း၁၉၆၉
၁၅တေးပေါင်းချုပ်၁၉၆၉
၁၆တေးပေါင်းချုပ် လက်ရွေးစင်၁၉၆၉
၁၇နှလုံးသား အသစ်နှင့် ချစ်မည့်သူ၁၉၇ဝ
၁၈မိန်းမလှအမုန်း၁၉၇၁
၁၉ငွေလှိုင်းဇာခြည်ပေါ်မှာ၁၉၇၁
၂၀ဆွေး၁၉၇၁
၂၁ရေဒီယိုတေးများ၁၉၇၁
၂၂လတန်ခူးပေမို့၁၉၇၁
၂၃နောင်အင်းလေး၁၉၇၂မြန်မာ့အလင်း၌ ရေးသည့် အခန်းဆက် ဝတ္ထုရှည်
၂၄ကြင်နာသူအသည်း၁၉၇၂ဤစာအုပ်ကို ချစ်သူကြင်သူမြတ်နိုးသူ အမည်ဖြင့် ရုပ်ရှင်ရိုက်ခဲ့။[ကိုးကားချက်လိုသည်]
၂၅ချစ်ဦးသူနှင့် ချစ်ဖူးသူ၁၉၇၂
၂၆ဩစတြေးလျမှ ချစ်သမျှအကြောင်း၁၉၇၂
၂၇နာမည်ကျော် ဇာတ်လိုက်မင်းသား ကိုဂွတို၁၉၇၃စန္ဒာ ရုပ်စုံမဂ္ဂဇင်း၌ ရေးသည့် အခန်းဆက် ဝတ္ထုရှည်
၂၈ကျွန်တော် ကျွန်မတို့အရွယ်၁၉၇၄
၂၉ဆယ်စုခေတ် တစ်နှစ်စွန်း မန်းသင်္ကြန်၁၉၇၉
၃၀ပုဂ္ဂိုလ်ကျော် (၁၃) ဦး
၃၁မျှော်လင့်ခိုး သံသရာဝယ်
၃၂သည်ခေတ် သည်အရွယ် သည်လိင်ကိစ္စ

သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများပြင်ဆင်

စဉ်ဇာတ်ကားအမည်ပြသခဲ့သည့်နှစ်မှတ်ချက်
နှစ်ယောက်ထဲ နေချင်တယ်၁၉၆၂
မောင်တို့ချယ်ရီမြေ၁၉၆၃
ဆောင်းအိပ်မက်၁၉၆၇
တိမ်လွှာမို့မို့လွင်၁၉၆၇
မှုံရွှေရည်၁၉၇၀
မုန်းပါတယ်မောင့်ကို၁၉၇၃
ချစ်သူရွေးမယ် ချစ်ဝဲလယ်၁၉၇၅ရှစ်ကိုယ်ခွဲ သရုပ်ဆောင်သည်
အတွယ်အတာ
တိမ်ဦးလေပြေ မောင့်ကိုစေ
၁၀တစ်ကျော့နှစ်ကျော့ တေးကိုသီ
၁၁ဆောင်းတစ်ညဝယ်
၁၂ချစ်သူကြင်သူမြတ်နိုးသူ
၁၃မင်းဘယ်ပြေးမလဲ မိချိုသဲ
၁၄နှင်းပျောက်တဲ့ နွေ
၁၅သိကြားစေ သက်သေညွှန်း
၁၆သစ္စာတူပြိုင်
၁၇ခိုင်မာလာနှင်းဆီ
၁၈ဗိမ္ဗိသာရ
၁၉ဝေဠု
၂၀ဤစံအိမ်ဝယ်
၂၁ကျွန်တော်ပြောချင်တဲ့ အချစ်အကြောင်း
၂၂မိန်းမနဲ့ ယောက်ျား
၂၃ချစ်သောသူတစ်ယောက်
၂၄ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ်
၂၅ပိတောက်ရိပ်ဝယ်
၂၆ကျောက်မဲအကျဉ်းသား"



Source; Wikipedia