တိုးတက်နေသော နိုင်ငံများတွင် တောင်သူလယ်သမား၊ လှေသမား၊ သင်္ဘောသား၊ လေယာဉ်ပျံမောင်းသမား၊ အင်ဂျင်နီယာ အစရှိသော ပုဂ္ဂိုလ်တို့သည် မိုးလေဝသ ခန့်မှန်းရေးပညာကို အားထားရသည်။ ထိုနိုင်ငံများရှိ မိုးလေဝသဌာနများသည်လည်း အကြောင်းကိစ္စ အမျိုးမျိုးအတွက် သက်ဆိုင်ရာ မိုးလေဝသ ခန့်မှန်းချက်အမျိုးမျိုး ထုတ်ပေးရလေသည်။
ရှေးကပင် လူတို့သည် မိုးလေဝသ အခြေအနေ ခန့်မှန်းခြင်းကို လေ့လာခဲ့ကြသည်။ တောင်သူ လယ်သမားတို့သည် မိမိတို့လုပ်ငန်းသို့ မဆင်းမီ ကောင်းကင်ကိုကြည့်၍ ထိုနေ့အတွက် နေသာမသာ
