ကျန်းမာတော်မူကြပါစခင်ဗျာ။ မိုးလေဝသ - အောင်လံ (NGO) Web စာမျက်နှာသည် အစိုးရအဖွဲ့အစည်း မဟုတ်ပါ။ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းသာ ဖြစ်ပါသည်။ အောင်လံမြို့နှင့် အနီးတစ်ဝိုက်၏ မိုးလေဝသ သတင်း အချက်အလက်များကို အချိန်နှင့်တပြေးညီ ဖော်ပြပေးလျှက်ရှိပါသည်။

Sunday, June 7, 2020

မေးခွန်းဖြေကာ ဖုန်းဘေလ်ရယူပါ (၁)

မေးခွန်း

(၀၇၊ ၀၆၊ ၂၀၂၀) ရက်နေ့၊ မွန်းတည့် ၁၂း၀၀ နာရီအချိန် ရရှိသည့် မိုးလေဝသ သတင်းအချက်အလက်များ

(၀၇၊ ၀၆၊ ၂၀၂၀) ရက်နေ့၊ မွန်းတည့် ၁၂း၀၀ နာရီအချိန် ရရှိသည့် မိုးလေဝသ သတင်းအချက်အလက်များ
============================================================

အပူချိန်အခြေအနေ
လက်ရှိအပူချိန် = 32°C
အမြင့်ဆုံးအပူချိန် = 34°C
အနိမ့်ဆုံးအပူချိန် = 25°C

မိုးအခြေအနေ
          တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

လေအခြေအနေ
လေတိုက်အရပ်များ = တောင်၊ အနောက်တောင်။
လေတိုက်နှုန်း = အမြင့်ဆုံး တစ်နာရီ ၁၀ ကီလိုမီတာ။
လေထုဖိအား = 1005 hPa

မိုးလေဝသ - အောင်လံ (NGO)







(၀၇၊ ၀၆၊ ၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ

(၀၇၊ ၀၆၊ ၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ
============================================================

အပူချိန်အခြေအနေခန့်မှန်းချက်
အမြင့်ဆုံးအပူချိန် = 34°C
အနိမ့်ဆုံးအပူချိန် = 25°C

နာရီအလိုက်အပူချိန်ခန့်မှန်းချက်
နံနက် ၀၆း၀၀ နာရီ = 26°C
နံနက် ၀၈း၀၀ နာရီ = 27°C
နံနက် ၁၀း၀၀ နာရီ = 29°C
မွန်းတည့် ၁၂း၀၀ နာရီ = 31°C
မွန်းလွဲ ၁၄း၀၀ နာရီ = 34°C
ညနေ ၁၆း၀၀ နာရီ = 32°C
ညနေ ၁၈း၀၀ နာရီ = 31°C
ည ၂၀း၀၀ နာရီ = 29°C
ည ၂၂း၀၀ နာရီ = 27°C
နံနက် ၀၀း၀၀ နာရီ = 26°C
နံနက် ၀၃း၀၀ နာရီ = 25°C

မိုးအခြေအနေခန့်မှန်းချက်
          နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်ပါမည်။ ညနေပိုင်းတွင် မိုးအသင့်အတင့် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။

လေအခြေအနေ
လေတိုက်အရပ်များ = အနောက်တောင်၊ အနောက်၊ အရှေ့တောင်။
လေထုဖိအား = 1006 hPa
အနောက်တောင်အရပ်မှ လေတိုက်နှုန်း = အမြင့်ဆုံး တစ်နာရီ ၁၅ ကီလိုမီတာမှ ၁၈ ကီလိုမီတာအကြား။
အနောက်အရပ်မှ လေတိုက်နှုန်း = အမြင့်ဆုံး တစ်နာရီ ၁၀ ကီလိုမီတာမှ ၁၄ ကီလိုမီတာအကြား။
အရှေ့တောင်အရပ်မှ လေတိုက်နှုန်း = အမြင့်ဆုံး တစ်နာရီ ၅ ကီလိုမီတာ။

မိုးလေဝသ - အောင်လံ (NGO)












































Saturday, June 6, 2020

ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်း ပြောကြားခဲ့တဲ့ ဦးနှောက်ကို တကယ်အသုံးချရမယ့် နေရာ (၂) ခု




တခါမှာ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်းကို သတင်းထောက်တွေက မေးခွန်းတခု မေးတယ်။

မေးခွန်းက လွယ်လွယ်လေးပါ။ တမိုင်မှာ ပေပေါင်း ဘယ်လောက်ရှိသလဲတဲ့။ အိုင်းစတိုင်း မဖြေနိုင်ပါဘူး။ မူလတန်းကျောင်းသားတယောက် လွယ်လွယ်ကူကူ ဖြေနိုင်တာလေးကိုတောင် ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး မဖြေနိုင်ဘူးဆိုပြီး သတင်းထောက်တွေက သူ့ကို ဟားတိုက်လှောင်ပြောင်ကြတယ်။ အိုင်းစတိုင်းက သူတို့ကို ခုလို ပြန်ပြောလိုက်ပါတယ်။

ဒီမေးခွန်းရဲ့ အဖြေကို ငါ မသိဘူး။ သိစရာလည်း မလိုဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအဖြေကို သင်္ချာစာအုပ်မှာ တမိနစ်အတွင်း ရှာလို့ရတယ်။ ဒီလို လွယ်လွယ်ကူကူ ရှာလို့ရတဲ့ အကြောင်းအရာကို ငါ့ခေါင်းထဲမှာ ဘယ်တော့မှ ထည့်မထားဘူးတဲ့။

ကမ္ဘာပေါ်မှာ မော်တော်ကားကို ပထမဆုံး တီထွင်ထုတ်လုပ်ခဲ့တဲ့ မီလျံနာသူဌေးကြီး ဟင်နရီဖို့ဒ်ကို ချီကာဂိုထရီဘွန်းသတင်းစာကြီးက နလပိန်းတုံး လို့ ရေးသားဖေါ်ပြခဲ့လို့ သူဌေးကြီးဖို့ဒ်က သတင်းစာတိုက်ကို တရားစွဲပါတယ်။ တရားရုံးတော်ရဲ့ တရားခွင်မှာ သူဌေးကြီးက သတင်းစာတိုက်က သတင်းထောက်တွေကို သူ့ကို နလပိန်းတုံး ဘာမှ မသိသူ လို့ ရေးသားဖေါ်ပြခဲ့တာ မှန်ကန်ကြောင်းကို သက်သေပြခိုင်းပါတယ်။ သတင်းထောက်တွေက သူဌေးကြီးကို လူတိုင်းနီးပါး ဖြေနိုင်တဲ့ ခုလို မေးခွန်းလေးတွေ မေးကြတယ်။

အမေရိကန်နိုင်ငံရဲ့ ပထမဆုံးဗိုလ်ချုပ်ကြီးဟာ ဘယ်သူလဲ

အမေရိကန် ပြည်တွင်းစစ် ဘယ်နှခုနှစ်မှာ စတင်ဖြစ်ပွားခဲ့သလဲ စတာတွေပါ။

သူဌေးကြီးဟာ ငယ်စဉ်က ကျောင်းမနေခဲ့ဖူးလို့ အဲဒီမေးခွန်းတွေကို မဖြေနိုင်ပါဘူး။ သတင်းထောက်တွေကလည်း မေးခွန်းတွေ ထပ်မေးကြတယ်။ သူတို့မေးခွန်းတွေကို မဖြေနိုင်တဲ့ သူဌေးကြီးဟာ စိတ်တိုလာပြီး သူတို့ကို ခုလို ပြောလိုက်ပါတယ်။

မင်းတို့ မေးတဲ့ မေးခွန်းတွေကို ငါ မဖြေနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီမေးခွန်းတွေကို ၂ မိနစ်အတွင်း ဖြေနိုင်ကြတဲ့ လူတွေ ငါ့မှာ ရှိတယ်။ မင်းတို့ အဲဒီအဖြေတွေကို သိချင်ရင် ငါ အခု ခေါ်ပေးမယ် တဲ့။

အိုင်းစတိုင်းနဲ့ ဟင်နရီဖို့ဒ်တို့ဟာ အထွေထွေ ဗဟုသုတ သတင်းအချက်အလက်တွေကို ခေါင်းထဲထည့်ထားဖို့ စိတ်မဝင်စားကြဘူး။ သူတို့ စိတ်ဝင်စားကြတာက သတင်းအချက်အလက်တွေကို ဘယ်လို အသုံးချမလဲဆိုတာပါ။

ဒီအဖြစ်အပျက်နှစ်ခုဟာ ကျွန်တော်တို့ကို မှတ်သားစရာ အသိနှစ်ခု ပေးခဲ့ပါတယ်။ အဲဒါတွေက

(၁) ဦးနှောက်ဆိုတာ အချက်အလက်တွေကို သိုမှီးသိမ်းဆည်းထားရမယ့်နေရာ မဟုတ်ပါ။ စဉ်းစားတွေတောအကြံထုတ်ရမယ့် နေရာပါ။

(၂) စာအုပ်ထဲမှာ လွယ်လွယ်ကူကူ ရှာလို့ ရတာဲ့ အချက်အလက်တွေကို ခေါင်းထဲမှာ သိမ်းမထားပါနဲ့။ မလိုတာတွေ မှတ်ထားတာများလာရင် ဦးနှောက်ဟာ မတွေးတတ် မစဉ်းစားတတ်တော့ဘူး။

ဗန်းမော်သိန်းဖေ