ကျန်းမာတော်မူကြပါစခင်ဗျာ။ မိုးလေဝသ - အောင်လံ (NGO) Web စာမျက်နှာသည် အစိုးရအဖွဲ့အစည်း မဟုတ်ပါ။ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းသာ ဖြစ်ပါသည်။ အောင်လံမြို့နှင့် အနီးတစ်ဝိုက်၏ မိုးလေဝသ သတင်း အချက်အလက်များကို အချိန်နှင့်တပြေးညီ ဖော်ပြပေးလျှက်ရှိပါသည်။

Sunday, June 14, 2020

မြေဆီလွှာအကြောင်း



မြေဆီလွှာ ဆိုသည်မှာ ကမ္ဘာမြေကြီး၏ အပေါ်ယံတွင် တစ်နေရာနှင့်တစ်နေရာ အထူအပါးချင်း မတူဘဲ လက်မအနည်းငယ်မှ ပေပေါင်းများစွာအထိ ဖုံးလွှမ်းနေ သော မြေလွှာပင်ဖြစ်သည်။ မြေဆီလွှာသည် ကျွနု်ပ်တို့အတွက် အလွန်အရေးကြီး ပေသည်။ မြေဆီလွှာသာ မရှိပါက အသီးအနှံများလည်း ဖြစ်ထွန်းတော့မည် ်မဟုတ်ချေ။ အသီးအနှံကို မှီဝဲစားသောက်နေရသော သက်ရှိသတ္တဝါများလည်း အသက်ရှင်နေနိုင်တော့မည် မဟုတ်ချေ။ သို့ဖြစ်၍ ဤမျှအရေးကြီးသော မြေဆီလွှာတွင် မည်သည့်အရာများ ပါဝင်၍ မည်သို့ဖြစ်ပေါ်လာသည်ကို ဆင်ခြင် ်ကြည့်ကြစို့။ မြေဆီလွှာတွင် အလွန်သေးငယ်သော အမှုန်ကလေး အမြောက်အမြားပါသည်။ မြေမှုန့်တစ်ဆုပ်ကို ယူ၍ သေချာစွာကြည့်လျှင်ထိုမြေမှုန့်ကလေးတို့သည် ကျောက်အစအနကလေးများဖြစ်သည်ကို တွေ့ရသည်။ အချို့မြေမှုန့်တို့မှာ ကျောက်မှုန့်ကလေးမှန်း မသိရအောင်ပင် သေးငယ်ပေသည်။ ဤကျောက်မှုန့် ကလေးများသည် ကျောက်တုံးကျောက်ခဲများ ကြေပျက်၍ ဖြစ်လာကြသည်။ အလွန်မာကျောသောထိုကျောက်တုံးကျောက်ခဲများကို မြေမှုန့်ဖြစ်ရအောင် မှုန့်မှုန့်ညက်ညက် ကြေပျက်စေသည့် သဘာဝ အင်အားစုများမှာ ရေ၊ လေ၊ အပူ၊အအေး၊ အပင်များ၊ တီကောင်များနှင့် ပုရွက်ဆိတ်များ ဖြစ်ကြသည်။ ရေသည် ကျောက်ခဲများကို အနည်းနည်းဖြင့် ကြေမွ ပျက်စီးစေနိုင်သည်။ မြစ်များ ချောင်းများ ဖြတ်၍ စီးဆင်းသွားရာဖြစ်သော တောင်ကြားများကို ကြည့်လျှင် တသွင်သွင် စီးနေသော ရေစီးကြောင်းသည် တောင်ကမ်းပါးကိ အစဉ်အမြဲ တိုက်စားနေပုံ၊ တောင်ကမ်းပါးရှိ ကျောက်တုံးကျောက်ခဲများကိုလည်း တိုက်စား နေပုံတို့ကို တွေ့ရမည် ။ ရေစီးကြောင်းသည် ကျောက်တုံးများ ပဲ့ကျ၍ ပါလာ သော ကျောက်အစိတ်အပိုင်းများကို မြစ်ကမ်းပါးတစ်လျှောက်တွင် မြစ်ဝသို့တိုင ်အောင် နုံးမြေများနှင့် ရော၍ ယူဆောင်သွားသည်။ ဤနည်းဖြင့် ကျောက်တုံး ကျောက်ခဲများသည် အစဉ်အမြဲ ရေ၏ တိုက်စားခြင်းကို ခံရ၍ တဖြည်းဖြည်း ကြေမွပျက်စီးသွားရသည်။ မိုးရေသည်လည်း ကျောက်တုံးကျောက်ခဲများကို ပဲ့ကျကြေမွသွားအောင် ပြုနိုင ်ပေသည်။ ပုံစံဆိုသော် ကျောက်တုံးတွင် ပေါင်း စပ်ပါဝင်လျက်ရှိသော ထုံးသည် မိုးရေကြောင့် ပျော်ဝင်ကြေပျက်သွားရာ တဖြည်းဖြည်း ထိုကျောက်တုံးသည် ကွဲအက်ပျက်ပြားသွားရလေ သည်။ ရေကို ခဲစေနိုင်အောင် အေးသော အရပ်များတွင် ကျောက်တုံးကျောက်ခဲ များ၌ ဖြစ်ပေါ်နေသော ပပ်ကြားအက်အတွင်းသို့ မိုးရေဝင်နေပြီးလျှင် ရာသီပြောင်း၍ အလွန် အေးသည့်အခါ ထိုမိုးရေသည် ရေခဲအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ရေခဲ၏ ထုထည်သည်မူလရေ၏ ထုထည်ထက် ကြီးထွား ပြန့်ကားလာသဖြင့် ကျောက်တုံးကျောက်ခဲကို တွန်းကန် ခွဲထုတ် ်ဘိသကဲ့သို့ ပြုသည်။ နောက်ဆုံး၌ထိုကျောက်တုံး ကျောက်ခဲတို့မှာ ကြေမွ ပျက်ပြားရလေသည်။ လေ၌လည်းကျောက်များကို ကြွေမွပျက်ပြားသွားအောင် ပြုနိုင်သော သတ္တိရှိသည်။ တောက်ပြောင်သော သံတုံးကို လေသလပ်ခံကြည့်လျှင် မကြာမီ ထိုသံတုံးတွင် သံချေးတက်လာမည် ဖြစ်သည်။ သံချေးတက်လာခြင်းမှာ လေထဲတွင်ပါသော အောက်ဆီဂျင်ဓာတ်နှင့် သံပေါင်းစပ်၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုသံချေးသည် သံမှဖြစ်လာ၍ သံတုံးကို ကြေမွပျက်ပြားစေသည်။ ထိုအတူ ကျောက်တုံးကို ကြေမွပျက်ပြားစေသည်။ ထိုအတူ ကျောက်တုံးတွင်ပါဝင်သော သံသည် လေကြောင့် ပျက်ပြားသွားရာ ကာလကြာမြင့်လေသော်ထိုကျောက်တုံးလည်း ကြေပျက်၍ အမှုန့်များဖြစ်သွားနိုင်သည်။ ထိုကျောက်မှုန့်ကလေးများကို တစ်နေရာမှတစ်နေရာသို့ ရောက်အောင်လေက တိုက်ခတ် သယ်ယူသွားလေသည်။ အပူသည် ကျောက်သားကို ကြွစေသည်။ အအေးသည် ကျုံ့စေသည်။ ဤကဲ့သို့ ကြွချည် ကျုံ့ချည် ဖြစ်ဖန်များသောအခါကျောက်သားကို အစိတ်စိတ် အပိုင်းပိုင်း ကျိုးပဲ့၍ ကြေမွ သွားစေနိုင်သည်။ အပင်များ သည်လည်း ကျောက်တုံးကျောက်ခဲ ဲများကို ကွဲပျက် ကြေမွစေနိုင်သည်။ ကျောက်တုံး ကျောက်ခဲတို့၏ မျက်နှာပြင်တွင် အထက်ဖော်ပြပါ သဘာဝ အင်အားစု တစ်ခုခုကြောင့် ကြေမွပျော့ညံ့လာသည့်အခါ ကျောက်ကပ်မှော်ကဲ့သို့ အပင်ငယ်ကလေးများသည် ထိုကျောက်တုံးတွင် တွယ်ကပ် ပေါက်ရောက်လာကြ၏။ ထိုကျောက်ကပ်မှော်များ သေ၍ ဆွေးမြည့်သွားသည့်အခါ အချဉ်ဓာတ် ပေါက်လာလျက် ကျောက်သားကို ပို၍ မွလာစေသည့်ပြင် အတွင်း သို့ စားသွားလေသည်။ ထိုနောက် အပင်ကြီးများသည် ထိုနေရာများတွင် အမြစ်စွဲ ွဲလာလျက် အမြစ်ကြီးများကို ကျောက်တုံး ကျောက်ခဲတို့အား ရစ်ပတ်စေ၍ ဖြစ်စေ၊ အမြစ်သေးအမြစ်မွှားများကို ကျောက်တုံး၏ ပပ်ကြားအက်ကြောင်းများထဲသို့ ထိုးဝင်စေ၍ဖြစ်စေ ကြီးပွားလာကြလေသည်။ ထိုအမြစ်ငယ်ကလေးများ၏ ဖိနှိပ်ခြင်းအားသည် မြေစတုရန်းတစ်လက်မလျှင် အလေးပေါင်ချိန် ၂ဝဝ မှ ၃ဝဝ အထိရှိ၏။ ထိုကြောင့် အလွန်မာကျောသော ကျောက်တုံးကျောက်ခဲများပင် လျှင် အမြစ်တို့၏ စုပေါင်း ဖိနှိပ်ခြင်းအားကို ကြာရှည်စွာ မခံနိုင်သဖြင့် နောက်ဆုံးတွင် ကွဲအက်ပြိုပျက်၍ မြေဆီမှုန့်များ ဖြစ်ရလေသည်။တီကောင်၊ ပုရွက်ဆိတ် စသော သတ္တဝါကလေးများကလည်း မြေဆီလွှာ ဖြစ်စေနိုင်သေးသည်။ သိပ္ပံပညာကျော် ဒါဝင်သည်တစ်နှစ်လျှင် တီကောင်များက မြေမျက်နှာပြင်သို့ ယူလာသော ပျမ်းမျှတီကျစ်စာသည် စတုရန်တစ်ပေလျှင် ၇ ပေါင်မျှရှိကြောင်း ကိုလက်တွေ့ စမ်းသပ်တွေ့ရှိဘူးးလေသည်။ ထိုတီကျစ်စာကို ဖြန့်ကြဲလိုက်လျှင် မြေမျက်နှာ စတုရန်း တစ်ပေပေါ်၌ တစ်လက်မ၏ ငါးပုံတစ်ပုံ ခန့် ထူတက်လာနိုင်သည်။ ပုရွက်ဆိတ်နှင့် မြေတွင်းသို့ ထိုးဖောက်တူးဝင်တတ ်ကြသော အခြားပိုးမွှား တိရစ္ဆာန်တို့သည်လည်း လိုဏ်ပေါက်အတွင်းမှ မြေကျစ်စာ များကို အပေါ်ယံ မြေပြင်သို့ ထုတ်ယူတင်ဆောင်လာကြသည်။

အပင်၊လူ၊ တိရစ္ဆာန်များ၏ သက်မဲ့ကိုယ်ထည်းများမှမြေဆီလွှာဖြစ်လာပုံပြင်ဆင်

အထက်တွင် ဖော်ပြခဲ့ပြီးဖြ်သော သဘာဝ အင်အားစုများအားဖြင့် မြေဆီလွှာတွင် အများဆုံး ပါဝင်သော ြမေသာူးဝတ္ထုသည်ကျောက်များမှ ဖြစ်လာပုံကို အတော်အ သင့် သိခဲ့ကြပြီ။ သို့ရာတွင် မြေဆီလွှာထဲ၌ ကျောက်မှုန့်များအပြင် အပင်၊ လူ၊ တိရစ္ဆာန်များ၏သက်မဲ့ကိုယ်ထည်တို့မှ ဆွေးမြည့်ပျက်စီးသည့် မည်းနက်သော ပစ္စည်းများလည်း ပါသေးသည်။ ထိုပစ္စည်းများကို မြေဆွေးဟုခေါ်သည်။ မြေထဲနှင့် မြေပြင်ပေါ်တွင် တိရစ္ဆာန်နှင့် အပင်တို့သည် မရေတွက်နိုင်အောင်ပင် များပြားသည်။ တီ၊ ပုရွက်ဆိတ်အစရှိသောတိရစ္ဆာန်များ သေကြေသောအခါ မြေထဲတွင် တဖြည်းဖြည်း ဆွေးမြည့် ပျက်စီး၍ အပင်၏ အစာအဖြစ်သို့ ပြောင်း လဲသွားကြသည်။ အပင်နှင့် တိရစ္ဆာန်များမှ ဖြစ်သော မြေဩဇာကို ဩဇာရှိ ဝတ္ထုပစ္စည်းမှ ဖြစ်သော မြေဩဇာဟုခေါ်သည်။ သို့ရာတွင် အပင်များသည်မြေဩဇာကို တိုက်ရိုက်အစာ အဖြစ် မမှီဝဲနိုင်ကြချေ။ မြေဩဇာကို ဗက်တီးရီးယားများက အပင်၏ အစာဖြစ် ်အောင် ပြောင်းပေးလိုက်မှသာ အပင်များသည် ထိုအစာကို စားသုံးမှီဝဲနိုင်ကြသည်။ ဗက်တီးရီးယားတစ်မျိုးသည် အပင်များကို ဆွေးမြည့်ပျက်ကျစေ၍ အပင်၏ အစာအဖြစ် ပြောင်းပေးသည်။ အခြားဗက်တီးရီးယားတစ်မျိုးက အပင်ပြတ်များကို နိုက်ထရိတ်ဓာတ်ပါသော ပစ္စည်းများဖြစ်စေ၍ အပင်၏ အစာအဖြစ်ပြောင်းပေးသည်။ ကြမ်းသောအနှံများရှိသည့် စပါးပင်၊ ဂျုံပင်များကို ဗက်တီးရီးယားများသည် အစိတ်စိတ် အမြွာမြွာပျက်ကျစေ၍ အပင်၏ အစာအဖြစ်သို့ ပြောင်းပေးနိုင်ကြသည်။ ထိုမြေဆွေးများကို မြေပေါ် ပေါက်နေသော အပင်တို့က တစ်ဖန်သုံး စွဲကြပြန်သည်။ သို့ရာတွင် အချို့မြေ၌ မြေဆွေးအနည်းငယ်သာပါ၍ အချို့မြေ၌မူ အမြောက်အမြားပင် ပါလေသည်။ မြေဆီလွှာတွင် ကျောက်မှုန့်နှင့် မြေဆွေးများအပြင် ရေ(အစိုဓာတ်) ပါရှိသည်။ မြေဆီလွှာအနည်းငယ်ကို ယူ၍ ချိန်ကြည့်ပါ။ ထိုနောက် ထိုမြေဆီလွှာကို နေပူထဲတွင် အခြောက်လှန်း၍ တဖန် ချိန်ကြည့်ပါ။ မြေဆီလွှာ၏ ဒုတိယအလေး ချိန်သည် ပထမအလေးချိန်ထက် လျော့နေသည်ကို တွေ့ရမည်။ ယင်းသို့ အလေးချိန်လျော့သွားရခြင်းမှာ မြေဆီလွှာထဲရှိ ရေငွေ့ပျံထွက်သွားသောကြောင့် ဖြစ်လေသည်။ မြေဆီလွှာတစ်မျိုးနှင့်တစ်မျိုးတွင် ပါရှိသော ရေမှာ အတိုင်းအဆချင်း မတူကြပေ။ လေထဲ၌ အခြောက်ခံထားသော မြေစေးတွင် ထိုမြေစေးနှင့် အလေးချိန်တူသော သဲမြေမှာထက် ရေပို၍ ပါလေ့ရှိသည်။ မြေဆီလွှာသည် ကျောက်တုံးကျောက်ခဲများ ကဲ့သို့တင်းကျပ် သိပ်သည်း၍ မနေဘဲ များစွာသော မြေဆီမှုန့်ကလေးများ အကြားတွင် နေရာလပ်များ ရှိနေလေသည်။ ထိုနေရာလပ်များတွင်လေ ဖြစ်စေ၊ ရေဖြစ်စေ အစဉ်ခိုအောင်းလျက် ရှိနေသည်။ အပင်များသည် တိရစ္ဆာန်များ ကဲ့သို့ပင် အောက်ဆီဂျင်ကို လိုသည်။ အရွက်အပွင့်များ အောက်ဆီဂျင်ကို လိုသကဲ့သို့ မြေဆီလွှာထဲရှိ အမြစ်များလည်း လိုကြသည်။ ထိုကြောင့် မြေဆီလွှာ ကောင်းဟု ဆိုနိုင်ရအောင်မြေဆီလွှာတွင် ရေသာမဟုတ်၊ လေလည်းရှိရသည်။ မြေဆီလွှာထဲတွင် ရေအနည်းငယ်သာ ရှိသောအခါရေသည် မြေဆီမှုန့်များ တစ်ခုနှင့်တစ်ခု ထိနေသောအချက်များ၌ စုရုံးနေတတ်သည်။ ရေမည်းနည်းပိုများ လာသောအခါ မြေဆီမှုန့် တစ်ခုနှင့်တစ်ခု ထိနေသော အချက်များ၌ စုရုံးနေသော ရေသည် တစ်နေရာနှင့် တစ်နေရာ ထိမိအောင် ဆက်သွားသည်။ သို့ရာတွင် မြေဆီမှုန့်များအကြား၌ လေသည် တစ်စပ်တည်းပင် ရှိလျက်နေသေးသည်။ ထိုထက် ရေပိုများလာသောအခါမှ မြေဆီမှုန့်များ အကြားရှိ နေရာလပ်များတွင် ်လေမရှိဘဲ ရေသာ ရှိလျက်နေသည်။ ထိုမြေမျိုးကို ရေဝပ်မြေဟုခေါ်သည်။ မြေဆီလွှာသည် အပင်များ ဖြစ်ထွန်းကြီးပွားရန် လိုအပ်သော ဓာတ်ပစ္စည်း အမျိုးမျိုးတို့ ပျော်ဝင်နေသည့် အရည်ကိုစုတ်ယူထိန်းသိမ်းထားသည်။ အပင်များ များကြီးပွားသန်စွမ်းရန်အတွက် အလိုအပ်ဆုံးဓာတ်ပစ္စည်း ၁ဝ မျိုးမှာ အောက်ဆီဂျင်၊ ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်ဆီယမ်၊ ကန့်၊ ကယ်လဆီယမ်၊ မက်ဂနီဇီယမ်နှင့် သံတို့ ဖြစ်ကြသည်။ ထိုဒြဗ်စင်များအနက် နိုက်ထရိုဂျင်၊ ကာဗွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ဓာတ် ပစ္စည်းတို့ကို အပင်များသည် လေနှင့်ရေမှ ရကြသည်။ ဆိုခဲ့သောဒြဗ်စင်အားလုံး တို့သည် အပင်ကြီးပွားရန်အတွက် အနည်းနှင့်အများ အရေးကြီးသော ဒြဗ်စင်မျာ ဖြစ်ကြလေသည်။ မြေဆီလွှာတွင် အထက်တွင် ဖော်ပြခဲ့သော အပင်၏ အစာဖြစ်သည့် ဒြဗ်စင်မျာ ချို့တဲ့နေလျှင်သော် လည်းကောင်း၊ အသီးအနှံပင်များကို ဆက်ကာဆက်ကာ တနေရာတည်းတွင် စိုက်ဖန်များသဖြင့် ထိုဒြဗ်စင်ထဲမှ ဓာတ်ပစ္စည်း တစ်ခုခုဖြစ်စေ၊ တစ်ခုထက်ပို၍ ဖြစ်စေ ကုန်ခန်း ယုတ်လျော့နေလျှင် သော်လည်းကောင်း အပင်များ ကောင်းစွာဖြစ်ထွန်းနိုင်မည် မဟုတ်ချေ။ ဤကဲ့သို့သော မြေ မျိုးတွင် မြေဩဇာများကို ထပ်လောင်းဖြည့်စွက်ပေးခြင်းအားဖြင့် အပင်များ ကြီးပွား ဖြစ်ထွန်းလာအောင် ပြုပြင်ပေးရသည်။ မြေဆီလွှာတွင်ရှိသော အချို့ဒြဗ်စင်တို့သည် အပင်များကြီးပွားဖြစ်ထွန်းရေးကို အထောက်အပံ့ မဖြစ်စေသည်သာမက စိုက်ပျိုး၍မရသော မြေမျိုးကို ဖြစ်စေသည်။ ပုံစံလျှင် မိုးနည်းသောအရပ်တို့တွင် အတွေ့ရများသော ဆပ်ပြာမြေမျိုး၌ အပင် အချို့သောပေါက်ရောက် ဖြစ်ထွန်းနိုင်လေသည်။

မြေဆီလွှာအမျိုးမျိုးပြင်ဆင်

မြေဆီလွှာ အမျိုးမျိုးတွင် ပါဝင်ကြသော အမှုန့်တို့၏ အရွယ်မှာ တစ်မျိုးနှင့် ့်တစ်မျိုး မတူကြချေ။ သာမန်မျက်စိနှင့်သဲပွင့်ကို ကောင်းစွာမြင်နိုင်သော်လည်း မြေဆီမှုန့်ကိုမူကား မမြင်နိုင်ချေ။ မြေဆီလွှာ အသီးအသီးတွင် ပါဝင်သော မြေဆီလွှာမှုန့်၊ သဲ၊ ရွှံ့စေးတို့၏ အချိုးအစားမှာ တစ်မျိုးနှင့်တစ်မျိုး မတူကြချေ။ ထိုပြင် မြေဆီမြေမှုန့် ဖြစ်ပေါ်လာရသော အခြေခံ ကျောက်တုံးကျေက်ခဲ အရောင်ကို လိုက်သင့်သလောက် လိုက်၍ မြေဆီလွှာ အရောင်တို့သည် တစ်မျိုး နှင့်တစ်မျိုး ကွဲပြားလျက် ရှိကြသည်။ ပုံစံဆိုသော်မြေဆွေးအချိုးအစားများများပါ ဝင်သည့် မြေဆီလွှာအရောင်မှာ မည်းနက်၍ အပင်အတွက် 0x100သဇာများသော မြေမျိုးဖြစ်သည်။ သဲမြေမျိုးတွင် အပင်အတွက်0x100သဇာချို့တဲ့နေသည့်ပြင် သွေ့ခြောက်လွယ်၍ လေတိုက်ခတ်ရာသို့ လွင့်ပျောက်သွားတတ်သဖြင့် အပင်၏ အမြစ်များ ပေါ်နေတတ်သည်။ သို့ဖြင့် အပင်မှာ ရေမရသောကြောင့် နောက်ဆုံး တွင် သေရလေသည်။ သို့ရာတွင် ထိုသဲမြေမျိုးကို မြေ0x100သဇာများ ဖြည့်စွက်ပေးခြင်း အားဖြင့် အပင်များစိုက်၍ ကောင်းစွာ ဖြစ်ထွန်းနိုင်သော မြေဆီလွှာကောင်း ဖြစ် ်လာနိုင်သည်။ မြေစေး၊သို့မဟုတ် ရွှံ့စေးမြေမှာ ထွန်ယက်ပြုပြင်ရ ခဲယဉ်းသော မြေမျိုးဖြစ်သော်လည်း စိုက်ပျိုးရေးလုပ်ငန်းအတွက် ကောင်းမွန်သောမြေဖြစ် သည်။ ထိုမြေဆီလွှမျိုးသည် အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်သဖြင့် မြေမှုန့်များမှာ စေးကပ်စုပေါင်းလျက်ရှိရာ ထွန်သွားထယ်သွားများနှင့် အလွယ်တကူ တူးဆွ၍ မရချေ။ ခြောက်သွေ့သွားသည့်အခါ၌လည်း မြေသားမှာ အလွန်တင်းမာလာသဖြင့် ပူလွန်းက ပပ်ကြားအက်များပင် ပေါ်လာတတ်သည်။ သို့ရာတွင် မြေစေးတွင် ပေါင်းစပ်ပါဝင်သော မြေမှုန့်များသည် နူးညံ့ ညက်ညောသဖြင့် ဆံခြည်ပေါက်ပြွန် ၏ အရည်ကို ဆွဲယူသောသတ္တိကြောင့် ရေကို ထိန်းသိမ်း သိုမှီးထားနိုင်သည့်ပြင် အပင်တို့၏ အမြစ်သေး အမြစ်မြွာတို့ကလည်း မြေဆီလွှာတွင်းရှိ အပင်၏ အစာဖြစ်သော ဩဇာဓာတ်တို့ကို အလွယ်တကူနှင့် စုတ်ယူသုံးစားနိုင်ကြလေသည်။ သဲမြေနှင့် မြေစေး ဆတူခန့် ရောစပ်လျက်ရှိသော မြေမျိုးကို နုံးမြေဟုခေါ်သည်။ ဤမြေမျိုးတွင် အပင်များ ကောင်းစွာဖြစ်ထွန်းသဖြင့် စိုက်ပျိုးရေးလုပ်ငန်း၌ အထူး အသုံးကျသော မြေမျိုးဖြစ်ပေသည်။ မြေသစ်၊ သို့မဟုတ် နုံးတင်မြေမျိုးကို မြစ်များ ကယူဆောင်လာ၍ မြစ်ရေလျှံသည့် အရပ်များနှင့် မြစ်ဝကျွန်းပေါ် ဒေသများ၌ တွေ့ရှိရသည်။အပင်များသည် မြေဆီလွှာကိုအကြောင်းပြု၍ အမျိုးမျိုး ကွဲပြား ကြသည်။ အချို့အပင်တို့သည် စိမ့်မြေမျိုး၌ မဖြစ်ထွန်းကြချေ။ အချို့တို့ကလည်း ဆပ်ပြာမြေ(ထုံးမြေ) မျိုးတွင် မပေါက်ရောက်နိုင်ကြ။ ထိုကြောင့် စိုက်ပျိုးရေးလုပ် ငန်းအတွက် အကောင်းဆုံးမြေမျိုးတွင် ရေနှင့် အပင်၏ အစာများ ထိန်းသိမ်း သိုမှီးထားနိုင်ရမည် ။ မြေဆီလွှာ အတွင်းသို့ လေဝင်နိုင်သည့် ရေအောင်းမြေမျိုး လည်း မဖြစ်စေရ။ စိမ့်မြေ မဆန်ရအောင် ထုံးဓာတ်လည်း အသင့်အတင့်ပါဝင် စေရမည်ဖြစ်သည်။ စိုက်ပျိုးရေး လုပ်ငန်းတွင်မြေသည် အလွန်အရေးကြီးသဖြင့် လယ်ယာကိုင်းကျွန်း လုပ်ကိုင်သော တောင်သူ လယ်သမားနှင့် မြေရှင်တို့သည် မိမိတို့မြေ၏ နဂိုအခြေအနေကို သိဖို့ရန် အထူးလိုအပ်ပေသည်။ ထိုကြောင့် တိုင်းနိုင်ငံများတွင် မြေစုံစမ်းရေးအဖွဲ့များကို နိုင်ငံအစိုးရတို့က ဖွဲ့စည်းကာ နိုင်ငံတွင်းရှိ အရပ်ရပ်မှ မြေဆီလွှာ နမူနာများကို ဓာတုဗေဒနည်းအရ စုံစမ်းစစ် ်ဆေးကြည့်ရှုလျက် ရှိကြသည်။ ထိုသို့ အရပ်ရပ်ရှိမြေဆီလွှာ၏ နဂိုအခြေအနေကို သိပြီးမှ သင့်တော်သည့် အပင်မျိုးကို ရွေးချယ် စိုက်ပျိုးခြင်းအားဖြင့် တိုင်းနိုင်ငံ ံတစ်ခု၏ စိုက်ပျိုးရေးလုပ်ငန်းသည် ဖွံ့ဖြိးတိုးတက်လာမည် ဖြစ်သည်။

အပင်များ ကြီးပွား သန်စွမ်းလာရန် ရေလိုခြင်းပြင်ဆင်

အပင်များ ပေါက်ရောက်ရှင်သန်ရန်အတွက် မြေဆီလွှာတွင် အစိုဓာတ်ရှိဖို့ ရေကိုတနည်းနည်းအးဖြင့် ရရှိရမည် ဖြစ်သည်။ ဩဇာကြွယ်ဝသော မည်သည့်မြေမဆို ရေမရရှိ်ခဲ့လျှင် အပင်များ စိုက်ပျိုးရေး အတွက် မည်သို့မျှ အသုံးဝင်တော့မည် မဟုတ်ချေ။ စိုက်ပျိုးရေးလုပ်ငန်းတွင် ရေကို မိုးရေမှ တိုက်ရိုက် ဖြစ်စေ၊ ကန် ဆည် တူးမြောင်းများအားဖြင့် ရေသွင်း၍ ဖြစ်စေ ရရှိလေသည်။ ကန်ဆည် တူးမြောင်းများကလည်း မိုးရွာခြင်းကြောင့် ရေကိုရရှိကြသဖြင့် မိုးရေသည် စိုက်ပျိုးရေးတွင် မည်မျှအရေးကြီးကြောင်း နားလည်လွယ်မည်ဖြစ်သည်။ တစ်နှစ်အတွင်းရှိသော မိုးရေချိန်ကိုလိုက်၍ စိုက်ပျိုး လုပ်ကိုင်ရာ လယ်မြေယာမြေတို့၏ တန်ဖိုးသည် မိုးအရနည်းလျှင် နည်းသည့် အလျောက် ယုတ်လျော့၍၊ မိုးအရများလျှင်များသလို တန်ဖိုးပိုလာသည်ဟု ဆိုရပေ မည် ။ သို့ရာတွင် မိုးများလွန်းလျှင်လူများသက်သာ ချောင်ချိစွာ နေထိုင်ရန် မဖြစ်နိုင်ချေ။ မိုးနည်းလွန်းလျှင်လည်း လူတို့၏ နေထိုင်စားသောက်ရေးမှာ ခက်ခဲ ဲကျပ်တည်းလာပြန်သည်။ ထိုကြောင့် ကမ္ဘာပေါ်တွင် လူအများဆုံး သက်သာချောင ်ချိစွာ နေထိုင်နိုင်သော အရပ်များမှာ မိုးအသင့်အတင့်ကိုအချိန်မှန်မှန်ရရှိသော ဒေသများဖြစ်လေသည်။အထူးသဖြင့် အပင်များ ကြီးပွားဖြစ်ထွန်းခြင်းသည် မိုးရေချိန်ကို တိုက်ရိုက်အမှီပြုလျက် ရှိလေသည်။ မိုးအလွန်ပါးရှားသော အရပ်များတွင် အပင်များ အပေါက်အရောက် အလွန်နည်းသဖြင့် အချို့အရပ်တို့၌ အပင်ဟူ၍ လုံးဝမရှိသလောက် ရှားလေသည်။ မိုးရေချိန် အသင့်အတင့်ကို အညီအမျှ ရရှိသည့် အရပ်များတွင်မူ အပင်များ ကြီးထါားသန်စွမ်း၍ အမြောက် ်အမြား ပေါက်ရောက်ကြောင်းတွေ့ရှိရသည်။ မိုးရေအရ အလွန်များသော အရပ်များ တွင်ကား လူများ မနှိမ်နင်းနိုင်အောင် အပင်သေး အပင်ကြီးများ အပေါက်မြန်ကြ သည်။


Source; Wikipedia

English Version


About "The Soil"





Soil is the surface of the earth, which differs from a few inches to several feet in diameter. Soil is very important to us. Without soil, there would be no fruit. The living organisms that eat the fruit are no longer able to survive. So, let's consider what happens and what happens to this important soil. In soil there are many small particles. Taking a handful of dirt and looking closely at it, they found that the dust was a piece of rock. Some of the dust is so small that it can't even be thought of as a powder. These baby powders come from the rocks. Let's make these very hard stones to dust Natural forces that break down starch are water, dust, and water. air, Heat, cold, Plants They are worms and ants. Water can destroy the rocks in some way. Looking at the valleys that flow through the rivers, the currents of the river are constantly eroding. You can also see the rocks cliffing on the cliff. The stream carried rocks along the rocky slopes along the river bank to the mouth of the river. In this way, the rocks are always submerged and eventually decayed. Rain can also cause the rocks to fall. In the form of lime, the lime in the rock is dissolved by rain Gradually, the stone was shattered. In the cooler places where ice is frozen, the rains pour into the crater, where the rocks are frozen, and when the seasons change and the temperatures get colder, the rain turns into ice. As the mass of the ice grows larger than the mass of the original water, it acts as if it were to break a stone. Finally, the rocks were shattered. The wind also has the ability to cause rocks to collapse. If you look at the glowing iron, it will soon rust. Corrosion is a combination of oxygen in the air. The rust is made of iron and can break down the iron ring. It also breaks down the stone. Also, the iron in the stone is broken by the wind Over time, the stone may break down and become powdery. The wind carried them away from one place to another. Heat causes the rock to move. Cold cools. When this kind of thread breaks, the stone can be broken into pieces and crushed. Plants can also break down rocks. When the surface of the stone is softened by any of the above forces, young plants, like the magic of the kidneys, attach themselves to the stone. When the kidneys die and decay, they develop acidity, which causes the stones to rise and eat them. Then, the big plants take root in them and wrap large stones around the rock. Whether Smaller rootlets grow into the cracks of the rock and grow. The suppression of these small roots ranges from 200 to 300 pounds per square foot. As a result, even hard-rocked rocks are unable to withstand the collective repression of the roots for a long time, eventually breaking down and causing soil dust. Young ants, such as ants, can also produce soil. Scientists have experimented with finding that the average worm that is brought to the surface of the worm each year weighs about 7 pounds per cubic foot. The distribution of this telescope can grow up to one-fifth of an inch on a square foot. Other ants penetrate the ant and the pit

Plants, people, How soil becomes a source of animal lifeEdit

As mentioned above, most of the organic matter in the soil is well known for its rock formation. However, in the soil, as well as rocks and plants and plants. human, It also contains dark matter that decays from the living organisms of animals. These materials are called compost. There are innumerable animals and plants on the ground and on the ground. T: When animals, such as ants, die, the soil gradually decomposes and becomes the food of the plant. Fertilizers made from plants and animals are called fertilizers made from organic matter. However, plants cannot directly rely on fertilizer. Only after the bacteria have been converted into the nutrients of the plant can the plants eat them. There is a bacterium The plants decompose and convert the food into plants. Another bacterium transforms the plant's nutrients into nitrogen-producing material and converts it into a plant food. The shrubs with rough seeds Bacteria can decay into plants and turn them into a plant food. The compost is again used by native plants. However, in some lands there is only a small amount of manure, while others are too large. The soil contains rock and compost as well as water (moisture). Take a little soil and try to weigh it. Then, dry the soil in the sun and try again. The second weight of the soil is less than the first weight. This is due to the loss of moisture in the soil. The soil contains different types of soil Water is different. The clay that is dried in the air often contains more water than the sand of the same weight. The soil is not as rigid as the rocks, but there is plenty of space between the soil particles. These spaces are either air or water. There is always water and water. Plants, like animals, need oxygen. The leaves need oxygen as well as roots in the soil. Therefore, the soil is not just water, but water. There is also air. When there is little water in the soil, water accumulates at the point of contact with the soil particles. As water levels increase, the water accumulating at the points of contact with one another continues to reach. But the air is the same in the dust Still. When there is more water, there is no air in the vacant areas between the soil particles. That kind of land is called the Land of Wetlands. The soil is absorbed by the various nutrients needed to grow the plants. The 10 most important nutrients needed for growing plants are oxygen, oxygen, and minerals. Carbon Hydrogen Nitrogen, Nitrogen Bosphorus Potassium I don't know. Calcium; Magnesium and iron. Among these elements are nitrogen, nitrogen, and zinc. Carbon Plants get hydrogen and oxygen from the air. All of these elements are some of the most important elements for growing plants. In the soil, if there is a lack of trace elements, such as the lack of trace elements. Keep growing the fruits in one place As the plants grow, there is no trace of any element. Even if there is more than one decline, the plants will not grow well. In this kind of soil, fertilizers are added by adding nutrients to the soil. Some elements in the soil contribute not only to the growth of the plants but also to the soil that cannot be grown. In certain forms, some plants grow in the soapy soil, which is common in low rainfall areas. Fix it Some elements in the soil contribute not only to the growth of the plants but also to the soil that cannot be grown. In certain forms, some plants grow in the soapy soil, which is common in low rainfall areas. Fix it Some elements in the soil contribute not only to the growth of the plants but also to the soil that cannot be grown. In certain forms, some plants grow in the soapy soil, which is common in low rainfall areas.

Various soil typesEdit

The sizes of the powders in different types of soil are different. Normal eyes can see well, but dust does not. Soil moisture content; Sand The composition of the clay is different. Also, the color of the soil is different, depending on the basic rock color that the soil forms. For example, the soil color, which contains a high proportion of compost, is dark and has 0x100 sugars for the plant. In sandy soils, the lack of 0x100 grains for plants and the dryness of the wind, which may cause the plants to sprout, may appear. As a result, the plant lacks water and eventually dies. However, by adding 0x100 sand to the soil The soil can grow well and grow well. Although clay, or clay, is a hard-to-repair soil, it is good for farming. As these types of soil retain moisture, the dust is so cohesive that the plow cannot be easily excavated. When dry, the soil becomes very tense and even the cracks become hot. However, the ingredient in the clay is soft, so that it retains the water due to the retention of the hair follicles, and the small root canal of the plant can easily absorb the nutrients of the plant in the soil. The type of soil mixed with sand and clay is called sediment. Plants in this kind of soil It is a well-developed land that is particularly useful in agriculture. New land Or the type of sediment brought by rivers is found in rivers and in the delta, where plants vary depending on the soil. Some plants do not grow on wetlands. Some do not grow in soapy soil. Therefore, water and plant food must be stored in the best soil for agricultural purposes. It shall not be a soil-water reservoir that can enter the soil. The lime must also be moderated so that it does not get wet. Since land is so important in agriculture, farmers and landowners alike need to know the state of their land. That's why in countries Soil investigations teams have been set up by the state government to investigate chemical samples of soil throughout the country. By knowing the state of the soil in the soil and selecting the right kind of plant, the agriculture of a country will flourish.

Water is needed for plants to growEdit

In order to survive, plants need some water to maintain moisture in the soil. Without any fertile soil, water would be useless for plants. In agriculture, water is either directly or indirectly supplied by rainwater. The dam can be irrigated by irrigation. The canals also receive water because of the rain, so it is easy to understand how important rainwater is in agriculture. The value of the farmland depends on the rainfall within a year, thus decreasing the rainfall and thus decreasing rainfall. Rainfall is likely to be more valuable. However, it is impossible for people to live comfortably without heavy rains. If the rains are too low, people's livelihoods will continue to struggle. So in the world The areas where most people live in the most comfortable places are the areas that get regular rains, especially where the growth of plants depends directly on rainfall. In places where rainfall is very low, there are very few plants, so there are hardly any plants. In places where the rains are fairly moderate, the plants are much taller and more fertile. In areas where rainfall is high, small trees grow quickly so that people do not fight. There are hardly any plants. In places where the rains are fairly moderate, the plants are much taller and more fertile. In areas where rainfall is high, small trees grow quickly so that people do not fight. There are hardly any plants. In places where the rains are fairly moderate, the plants are much taller and more fertile. In areas where rainfall is high, small trees grow quickly so that people are not able to cope.


Source; Wikipedia

အရင်းအနှီး (ဝတ္ထုတို)



အရင်းအနှီး
==========

 ပိုင်ဆု(အင်းစိန်) 

(၁)
"မွေးပြီဟေ့...မွေးပြီ...ယောက်ျားလေးဟေ့...ယောက်ျားလေး... တစ်လုံးတစ်ခဲကြီး...ချစ်စရာလေးဟေ့"
အခန်းတွင်းမှ လက်သည်ဒေါ်နု၏ အော်ဟစ်သံကြောင့် အပြင်မှာဘုရားစာ ရွတ်ရင်း ရပ်စောင့်နေသော ကျော်ကြီး ထခုန် မတတ် ဝမ်းသာမိသည်။ ကျော်ကြီး အပျော် လွန်သည်မှာလည်းမဆန်း။ အိမ်ထောင်သက် ခြောက်နှစ်ရှိသည့်တိုင် သားသမီးမထွန်းကား ခဲ့သော သူတို့လင်မယား။ အခုတော့ သားဆုပန် လို့ရသည်ဆိုသော ဆရာသမားတစ်ယောက်ဆီ သြားရာမွ ယတြာတွေချေရင်း မျှော်လင့်ချက် တွေပြည့်ဝခဲ့ရသည်။ ဟုတ်သည်မဟုတ်သည် အပထား။ ကလေးအရမ်းလိုချင်နေသော ကျော်ကြီးတစ်ယောက် သားဦးလေးရပြီမို့ ရူးမတတ်ပျော်ရွှင်နေမိသည်။

"ဒေါ်နုရေ..ကျွန်တော်.. အထဲဝင်လို့ ရပြီလားဗျ"
     "ဟဲ့..ကျော်ကြီး.. ဘယ်လိုဖြစ်နေတာလဲ..အဖြစ်ကိုသည်းလွန်းတယ်။ ဝင်လို့ရပြီဆို ငါပြောမယ်.. စိတ်မပူနဲ့.. ကလေးရော အေးသီရော ကျန်းမာတယ်"

ဒေါ်နုက အခန်းတွင်းမှ အော်ပြောလိုက် သည်။ ကျော်ကြီးမှာတော့ ခြေမကိုင်မိ လက်မကိုင်မိဖြင့် ဂနာမငြိမ်ဖြစ်နေခဲ့ရသည်။ 
"ကဲဟေ့..ဝင်လို့ရပြီ ကျော်ကြီးရေ"
ဒေါ်နု၏ အသံမဆုံးမီမှာပင် ကျော်ကြီး အခန်းတွင်းသို့ လှစ်ခနဲဝင်လိုက်တော့သည်။

"အေးသီ...နေလို့ကောင်းရဲ့လား"

အေးသီ၏ လက်ဖဝါးလေးကို အသာ ဆုပ်ကိုင်ရင်းမေးလိုက်သည်။ အေးသီက ပြုံးရင်း ခေါင်းညိတ်ပြသည်။ အေးသီဘေးနားမှ အနှီးဖြင့်ပတ်ထားသော သူ၏ သားလေးကို ရင်ခုန်စွာနှင့် ကြည့်လိုက်သည်။
"ဟာ..ငါ့..ငါ့.. သားလေးက ချောလိုက်တာ။ ငါနဲ့တူလိုက်တာဟာ...နော်..အေးသီ နော်"
"အေမလး..ကျော်ကြီးရယ်.. နင်က ပိုကို ပိုလွန်းတယ်"
ဒေါ်နုသည် သူ့အားဝင်၍ ခနဲ့လိုက်သည်။ သူကေတာ့ အပျော်လွန်နေ၍ ဘာကိုမှပင် ဂရု မစိုက်အားပေ။ 
"သားလေးရေ...ဖေ့သားလေးရေ.. ဪ အေးသီ..ငါ..ငါ. ကလေးကိုချီလို့ရမလားဟင်" 
"ကိုကျော်ကြီးရယ်...ချီတတ်ပါ့မလား"
"နေ..နေ..အေးသီ..ငါလာပြီ"
ဒေါ်နုသည် ကေလးကို အသာအယာ ပွေ့ယူပြီး သူ၏ ပေါင်ပေါ်သို့တင်ပေးလိုက် သည်။ ကျော်ကြီး၏ မျက်နှာတစ်ခုလုံးသည် ပီတိ တွေဖြင့် ဖုံးလွှမ်းနေပြီး နှုတ်ခမ်းပင်စေ့မရအောင် ဖြစ်နေခဲ့ရသည်။ သူ အိပ်မက်မက်ခဲ့သော ပြည့်စုံသည့် မိသားစုဘဝလေးရလာပြီဖြစ်သည့် အတွက် အရမ်းကိုကြည်နူးနေခဲ့ရသည်။ သူ့ကိုကြည့်ရင်း အေးသီပင် ပီတိတွေဝေဆာ နေခဲ့သည်။ ထိုပျော်ရွှင်မှုနှင့်အတူ သူပို၍အလုပ် ကြိုးစားရမည်ဆိုသော အသိတရားကလည်း သူ၏ခေါင်းထဲသို့ ဝင်ရောက်လာခဲ့တော့သည်။  
(၂)    
 "ကွမ်းယာ ရမယ်.. ဆေးလိပ်ရမယ်..ရေသန့်ရမယ်.."
      မီးပွိုင့်မိနေသော ကားများကြားထဲတွင် ရင်ခွင်ပိုက်ခြင်းတောင်းလေးဖြင့် ကျော်ကြီး ရောင်းချနေသည်။ တစ်နေကုန်တစ်နေခန်း နေပူမရှောင် မိုးရွာမရှောင်လုပ်နေရပေမယ့် ယခု အလုပ်လေးက တွက်ခြေတော့ကိုက်လှ သည်။ ပညာအရည်အချင်းက ခြောက်တန်းပင် မအောင်တော့ စက်ရုံအလုပ်ရုံတွေမှာ ဝင်လုပ်ဖို့ သူ့အတွက်မဖြစ်နိုင်။ ယခင်က အေးသီသည် အိမ်မကွမ်းယာတွေကို ယာပေးသည်။ သူက တော့ ယခုလို ထွက်ရောင်းသည်။ ဆိုင်ဖြင့် ရောင်းချဖို့အတွက်ကျတော့လည်း ဆိုင်ခန်း အတွက် အရင်းအနှီးမရှိသောကြောင့် အိပ်မက်ပင်မမက်နိုင်ခဲ့ပါ။ ကားမှတ်တိုင်မှာထိုင်ရောင်းမည်ဆိုတော့လည်း ဈေးသည်တွေက ရှိနှင့်ပြီးသားမို့ ယခုလိုကားကြိုကားကြားလိုက်လံရောင်းချနေရခြင်းဖြစ်သည်။

အေးသီက ယခု ကလေးမွေးပြီးခါစမို့ ကွမ်းယာပေးဖို့အဆင်မပြေ။ မွေးခါနီး နှစ်လ လောက်အလိုကတည်းက အေးသီကို သူမြ ဘာမခိုင်းဘဲ ထမင်းဟင်းကအစ သူချက်ပြုတ် ပေးခဲ့သည်။ မနက်အစောကြီးထ ထမင်းဟင်း ချက်ပြီး ကွမ်းယာတွေကို ထိုင်ယာပြီးသည်နှင့် ဈေးရောင်းထွက်ရသည်မှာ ကျော်ကြီး၏ နိစ္စ ဓူဝ လုပ်ငန်းစဉ်ပင်ဖြစ်သည်။
မည်မျှပင် ဆင်းရဲပင်ပန်းပါစေ ကျော်ကြီး သည် မိသားစုအတွက် ရှာဖွေကျေွးမွေးနေရ တာကိုပင် ပျော်ရွှင်ကျေနပ်နေသူဖြစ်သည်။

(၃)
 "ကျော်ကြီးရေ.. ညနေမိုးအေးအေးနဲ့ သွားကစ်ရအောင်"
''ဟာ ဖိုးစိန်ရာ.. ငါမေသာက္တတ္တာ လည်း သိသားနဲ့"
"မင်းမသောက်တတ်တာသိပါတယ်ကွ..အချိုရည်သောက်ပြီး အမြည်းစားပေါ့ကွာ..အရင်လည်း မင်းလိုက်နေတာပဲကို"
"အေး..အရင်ကတစ်ခါတလေ လိုက္တာက ဟုတ်တယ်။ အခုငါက ကလေးရနေပြီကွ၊ ပိုက်ဆံတစ်ရာနှစ်ရာကအစ ငါ့အတွက် အေရး ကြီးနေတယ်။ မလိုက်တော့ပါဘူးကွာ ဆောရီးပဲ ဖိုးစိန်ရာ"
အရက်သွားသောက်ရန် အဖော်ညှိနေသော သူငယ်ချင်း ဖိုးစိန်အား ကောင်းမွန်စွာပင် ငြင်းလိုက်သည်။ ဒီနေ့မှ ဈေးရောင်းကလည်းသိပ်မကောင်းသည့်အပြင် မိုးကလည်းရွာထား သောကြောင့် နေရထိုင်ရတာကိုက ဖျားချင် သလို နာချင်သလိုဖြစ်နေသည်။ မနက္က ဈေးရောင်းမထွက်ခင် အေးသီပြောသော စကားကို နားထဲပြန်လည်ကြားယောင်လာမိ သည်။

"ကိုကျော်ကြီး.. ကလေးနို့မှုန့်က ကုန်ခါနီး နေပြီ။ အေးသီလည်း.. ကိုကျော်ကြီးကို..ပြောသာပြောနေရတယ်..ဒါတွေအားလုံးက..အေးသီမကောင်းလို့ဖြစ်ရတာပါ"

 မျက်ရည်လေးစမ်းစမ်းဖြင့် ပြောလာသော အေးသီစကားကြောင့် သူစိတ်မကောင်းဖြစ်ခဲ့ရ သည်။ မည်သို့ပင်ဆိုစေ အိမ်ထောင်ဦးစီးဖြစ် သည့် သူ့အတွက် အရာအားလုံးကတာဝန်ရှိနေ သည်မို့ အေးသီကိုလည်းအပြစ်မတင်လိုပါ။

"အေးသီမကောင်းလို့မှ မဟုတ်ဘဲ အေးသီရာ.. မငိုပါနဲ့"
"ဟုတ်တယ်လေ.. အေးသီညံ့ဖျင်းလို့ဖြစ် ရတာ မိခင်ဖြစ်ပြီးနို့မထွက်လို့ ကိုယ့်သား သမီးကို အပြင်က နို့မှုန့်ဖျော်တိုက်နေရတယ် လေ။ အေးသီသာ နို့ထွက်ရင် ကိုကျော်ကြီး လည်း ပိုက်ဆံအပိုမကုန်တော့ဘူးလေ"
"ဒါကေတာ့ အေးသီရယ် ကံကဒီလိုဖြစ်ဖို့ အကြောင်းတရားပါလာတာပဲ။ သားလေးကို လပေါင်းများစွာ အသက်နဲ့ရင်းပြီး မွေးလာ တာနဲ့တင် ပြည့်စုံနေပြီလေ။ နို့ထွက်တာမထွက် တာက အရေးမကြီးပါဘူး။ နို့မထွက်လည်း နို့မှုန့်ဖျော်တိုက်လို့ရနေတာပဲ။ ကဲ..အပြန် သားလေးအတွက် နို့မှုန့်ဝယ်ခဲ့မယ်နော်..မငိုနဲ့..ဟုတ်ပြီလား"
အေးသီကို ခေါင်းလေးပုတ်ရင်းပြောလိုက် သည်။ အေးသီသည် သူ့ထက်သုံးနှစ်လောက် ငယ်ပြီး အရမ်းကို ရိုးလွန်းအလွန်းသူဖြစ်သည်။ သူ့ကိုပင် သမီးရည်းစားဘဝထဲက ယခု အချိန်ထိ ကိုကျော်ကြီးဟုပင် နှုတ်ကျိုးခဲ့သူ ဖြစ်သည်။ နှစ်ဦးစလုံး မိဘမရွိ တစ်ကောင်ကြွက် ဘဝေတြမို့ တစ်ဦးကိုတစ်ဦး သံယောဇဉ်ပိုခဲ့ရ သည်။ မနက်ကဖြစ်ရပ်များကို ပြန်လည် တွေးရင်း စိတ်မသက်သာမှုတွေက သူ့ရင် တစ်ခုလုံးကြီးစိုးနေခဲ့ရသည်။ ဈေးရောင်း ကလည်းပါးသောကြောင့် အတွေးတွေက မငြိမ် မသက်ဖြစ်နေခဲ့သည်။ လက်မှာပတ်ထားသော နာရီအစုတ်လေးကိုကြည့်လိုက်တော့ မွန်းလွဲ နှစ်နာရီထိုးတော့မည်ဖြစ်သည်။ အချိန်ရှိသေး တာပဲဆိုပြီး အားတင်းလိုက်သည်။ ကေလး နို့မှုန့်ဖိုး၊ အေးသီနှင့်သူ့အတွက် စားစရိတ်တွေ က သူ့အတွက်မဖြစ်မနေ ကြိုးပမ်းရမည့်အရာ တွေပင် ဖြစ်သည်။ ထို့ကြောင့်ပင် မီးပွိုင့်မိနေ သော ကားတွေကြားထဲသို့ဝင်၍ ပုံမှန် ထမ်းဆောင်နေရသည့်တာဝန်ကို သရုပ်ပြလိုက် ရတော့သည်။
"ကွမ်းယာရမယ်.. ဆေးလိပ်ရမယ်..ရေသန့်ရမယ်.."

  (၄)
"အေးသီရေ....အေးသီရေ..."
သူအိမ်အောက်မှ တကြော်ကြော် အော်ခေါ် နေသော်လည်း အေးသီ၏တုံ့ပြန်လာသော အသံကိုမကြားရပါ။ ထို့ကြောင့် စိုးရိမ်ပူပန်နေ သော သူ၏စိတ်တွေသည် အတိုင်းအဆမဲ့စွာ ပြင်းထန်နေခဲ့ရသည်။
အိမ်ပေါ်တက်မည်အပြု အိမ်ပေါ်မှ အမှတ် တမဲ့ကြားလိုက်ရသော စကားသံအချို့ကြောင့် သူထရံပေါက်မှ ချောင်းကြည့်ရင်းနားစွင့်လိုက် သည်။
 အိမ်ပေါ်တွင် အေးသီငိုနေတာကိုတွေ့ လိုက်ရသည်။ အေးသီ၏ဘေးနားတွင် ဒေါ်နု ထိုင်နေသည်။ ဒေါ်နုလည်း မျက်ရည်တွေသုတ် နေသည်။ အရက်သွားသောက်မည်ဆိုသော ဖိုးစိန်ကလည်း သူ့အိမ်ပေါ်ရောက်နေပြန်သည်။ ထို့ပြင် ရပ်ကွက်လူကြီး ဦးဝင်းတင်နဲ့အတူ သူတစ်ခါမှမမြင်ဖူးသော လူစိမ်းတစ်ဦးလည်း ရောက်နေသည်။ သိလိုဇောတွေပြင်းထန်စွာဖြင့် သူတို့ ဘာပြောကြမည်ဆိုတာကို နားထောင် နေလိုက်သည်။

 "အခုကိစ္စက.. ကျွန်တော့်သားမှားတာပါ။ ဒါပေမယ့် တမင်ရည်ရွယ်ပြီး မှားတာမဟုတ်ပါ ဘူး။ ဘာပဲဖြစ်ဖြစ် ကိစ္စအားလုံးကိုတာဝန်ရှိ တာမို့ ကျွန်တော်တို့အစအဆုံးတာဝန်ယူပေးပါမယ်"
အသက်ငါးဆယ်ကျော်ခန့်ရှိသော လူစိမ်း ပုဂ္ဂိုလ်ကြီး၏ ပြောစကားကိုကြားလိုက်ရသည်။ ဘာကိုဆိုလိုနေမှန်းတော့သူမသိပါ။ အေးသီ ကေတာ့ ဘာမှမပြောဘဲ ငို၍သာနေတော့သည်။ 

"အေးသီ..သမီးဆန္ဒကို ပြောဦးလေ"
ရပ်ကွက်လူကြီးက အေးသီကိုဝင် ပြောလိုက်သည်။ ဘာတွေဘယ်လိုဖြစ်နေကြတာလဲဆိုသည်ကို သူနားမလည်ပါ။ 

"သမီး.. ဘာမှမပြောတတ်တော့ပါဘူး ဦးလေးရယ်။ သမီးသေချင်တာပဲသိတယ်"

"သမီးသေလို့ဖြစ်မလား.. သမီးမြာ သားလေးရှိသေးတယ်လေ"
ဒေါ်နုက အေးသီအား ရင်ခွင်ထဲ ထည့်ရင်း နှစ်သိမ့်လိုက်သည်။ ဘာတွေဘယ်လောက်များ စိတ်ညစ်စရာတွေရှိ၍ အေးသီသေချင်နေရ တာလဲ သူမသိပါ။ သူမသိသော မည်သည့်ကိစ္စ တွေ အေးသီမှာရှိနေသလဲ။ သူအေတြးမ်ားစြာ ဖြင့် ဆက်ပြီးနားထောင်နေလိုက်သည်။
"ကျွန်တော် အားနာနာနဲ့ပဲပြောပါ့မယ် ဗ်ာ။ ဒါငွေနဲ့ တန်ဖိုးဖြတ်တာလည်းမဟုတ်ပါ ဘူး။ ဖြစ်ပြီးသားကိစ္စတွေကလည်း ပြန်ပြီး ပြင်လို့မှမရတော့တာ။ နောက်ပြီး ကျွန်တော်တို့ ဘက္က မတော်တဆအမှားဆိုပေမယ့် ပေးဆပ်လိုက်ရတဲ့တန်ဖိုးက ကြီးမှန်းလည်း သိပါတယ်။ ရှောင်ပြေးလို့ရပေမယ့်လည်း တာဝန်ရှိတဲ့သူမို့ တာဝန်သိစွာနဲ့ ဒီကိုလိုက္လာ တာပါ။ ဘယ်လိုမှသဘောမထားပါနဲ့ဗျာ။ ဖြစ်ပျက်ခဲ့သမျှကိစ္စတွေအတွက် သိန်းတစ်ရာ ကို လျော်ကြေးအဖြစ်မဟုတ်ဘဲ ကူညီပေးတယ် လို့ပဲ သဘောထားစေချင်ပါတယ်"

နားထောင်လို့ကောင်းသော လူစိမ်းပုဂ္ဂိုလ် ကြီး၏စကားတွေက ဘာကိုဆိုလိုနေမှန်း မသိပါ။

"ကျွန်မက အဲဒီငွေတွေနဲ့ လဲရမြာတဲ့ လားရှင်။ ကျွန်မဘက်ကလည်း စဉ်းစားပေး ပါဦး။ သိန်းပေါင်းဘယ်လောက်များစွာဖြစ်နေ ပါစေ ကျွန်မအတွက် ဘာမှအရေးမကြီးဘူး"
အေးသီက ငိုကြွေးရင်းပြောလိုက်သည်။ 

"မဟုတ်သေးဘူးလေ။ သမီးမှာသားလေး ရှိသေးတယ်။ ရှေ့ဆက်ရမယ့်အနာဂတ်ရှိသေး တယ်။ ဘယ်လိုရပ်တည်မှာလဲ။ သမီးဆုံးဖြတ် ချက်မမှားဖို့တော့လိုတယ်လို့ ဦးဝင်ပြောပါရ စေ။ သမီးလက်ခံလိုက်မယ်ဆိုရင်လည်း မောင်ကျော်ကြီးက သမီးကို အပြစ်တင်မှာ မဟုတ်လောက်ပါဘူး။ သူကြည်ဖြူမှာပါ။ အခုက သမီးတို့သားအမိနှစ်ယောက် ရှေ့ဆက် ဖို့ အချိန်တွေအများကြီးရှိသေးတယ်လေ"
ရပ်ကွက်လူကြီးက အေးသီအား ဝင်၍ ဖျောင်းဖျနေသည်။ သူ့ကိုပင် ကြည်ဖြူပေးနိုင် မည်တဲ့။ ဘာတွေလဲဆိုတာ သူလုံးဝနားမလည် နိုင်တော့ပါ။

"ဟုတ်ပါတယ်.. အေးသီရယ်။ အခု နင်ငိုနေလည်း ကျော်ကြီးကအသက်ရှင်လာတော့မှာမှမဟုတ်တာ။ နင်တို့သားအမိကို ကျော်ကြီး စိတ်ချလက်ချဖြစ်အောင် ငါလက်ခံ သင့်တယ်လို့ထင်တာပဲ"
"ဟင်"
အေးသီကို ပြောလိုက်သော ဖိုးစိန္စကား ကြောင့် သူအံ့ဩမှုတွေဖြစ်ခဲ့ရသည်။ အိမ်ပေါ် ကပြောဆိုပုံတွေအရ စကားတွေကိုဆက်စပ်မိ သောအခါ သူနားလည်လာသလိုလိုတော့ရှိ လာသည်။

"အခုဒီဦးလေးရဲ့သားက ကျော်ကြီးကို မတော်တဆတိုက်မိတာပါ။ မတော်တဆဆို တာကလည်း ကျော်ကြီးက အမြန်ဖြတ်ကူးလို့ ဖြစ်ရတာပါ။ အခုသူတို့က တာဝန်ရှိစွာနဲ့ မိသားစုဝင်တွေဆီလိုက်ချင်တယ်ဆိုလို့ ငါက လိုက်ပို့ပေးရတာပါ"
ဖိုးစိန်၏ စကားကြောင့် အရာအားလုံးကို သူသဘောပေါက်သွားမိတော့သည်။ ယခု ဆိုလျှင် သူသည်ကားတိုက်၍ သေဆုံးသွားခဲ့ ပြီဖြစ်မှန်းသိလိုက်ရသည်။ ဖြေမဆည်နိုင်သော မျက်ရည်များက တရစပ်စီးကျလာသည်။ ရင်ဘတ်တစ်ခုလုံးမှာလည်း ဆို့နင့်ခြင်းတွေ အပြည့်။ အရာအားလုံးကိုမြင်တွေ့နေရပေမယ့် ထိုအရာအားလုံးသည် သူနှင့်မသက်ဆိုင်တော့ မှန်း ခံစားသိရှိလာခဲ့ရတော့သည်။

"ကျွန်မ.. ဘာလုပ်ရမလဲမသိတော့ပါ ဘူးရှင်။ ကျွန်မ လက်ခံလိုက်လို့ ကိုကျော်ကြီး ရောက်ရာဘဝက ခွင့်မလွှတ်နိုင်မှာစိုးတယ်"
 အေးသီ၏ ပြောစကားတွေကြောင့် အေးသီသူ့အပေါ်မှာ မေတ္တာတရားရော၊ သစ္စာ တရားပါကြီးမားသည်ကို ကျေနပ်စွာသိရှိလိုက် ရပြီဖြစ်သည်။ 
"အေးသီ.. နင်လက်ခံလိုက်။ သူတို့ပေးတဲ့ပိုက်ဆံကိုနင်လက်ခံလိုက်ပါ။ ငါ..ငါ..နင့်ကို ခွင့်လွှတ်တယ်သိလား။ နင်လက်ခံလိုက်နော်"
ဝေခွဲရခက်နေသော အေးသီအား အိမ်ရှေ့ဝ မြ အသံကုန်ဟစ်ရင်းအော်ပြောလိုက်သည်။ အေးသီကတော့ ကြားနိုင်မည်မထင်ပေ။ အေးသီငိုကြွေးနေသလို သူလည်းငိုကြွေးနေပါ သည်။ ဘာပဲဖြစ်ဖြစ် အေးသီနှင့်သားလေး အတွက် သူစိတ်ချချင်သည်။ ယခုစိတ်မချ၍ပင် သေဆုံးသည်ကို မသိနိုင်ဘဲ အိမ်ကိုရောက်လာ ခဲ့ရသည်။ 

"လက်ခံလိုက်ပါ..အေးသီရယ်။ ငါခွင့်လွှတ် ပါတယ်"
"ကောင်းသလိုသာစီစဉ်ကြပါတော့ရှင်"
ထိုသို့ပြောရင်း အေးသီသည် ဒေါ်နုရင်ခွင် ထဲသို့တိုးဝှေ့ကာ ငိုလိုက်သည်ကို မြင်တွေ့လိုက် ရသည်။ ဘာပဲဖြစ်ဖြစ် သူကျေနပ်နိုင်ခဲ့ပါပြီ။ အေးသီနှင့်သားလေးအတွက် သူအရင်းအနှီး ပြုပေးနိုင်ခဲ့ပြီလေ။ အိမ်ထောင်ဦးစီးကောင်း တစ်ယောက်ပီသစွာ မိသားစုကို အထောက် အပံ့ပြုနိုင်ခဲ့သည်ဟုတွေးရင်း သူအားရျစာ ပြုံးလိုက်မိတော့သည်။ သို့သော်လည်း သူ့ ပါးပြင်မှာ မျက်ရည်စတွေနှင့်...။ ။

Ref; The Mirror Daily 

Saturday, June 13, 2020

About Myanmar Meteorologist Dr Htun Lwin




1948 On January 17 Prospects Myanma Township , Yangon Born in Kalaw Village, U Thein Maung's mother, Aye Gyi, was born. He is the eldest of two siblings.

In 1964, he received a Basic Education High School diploma from the Mandalay Telephone High School and received the Mathematics Allotment Award (Gold Award). He was awarded the King's Wisdom Medal by King U Bo.

In 1965, he graduated in the 14th ACA in Mandalay (pre-postal school). 1965, On May 3, he was a junior clerk at the Meteorological Department in Mandalay. The Bachelor of Science (Physics majoring in Physics) from the Mandalay Institute of Arts and Sciences, Mandalay University of Science and Technology, served in various capacities. It was a great success. He received his B.Sc (Physics) degree in 1971. He was especially successful in multilingualism. Therefore, the university has a direct demonstration. However, he continued to work in the Meteorological Department without intervening.

In 1973, he was accepted to Florida State University. He graduated with a B.Sc degree in 1975. In 1987, he returned to the University of Florida for the second time for a master's degree in science. In 1989, he also earned a Master of Science (Weather) degree from the University, and was awarded a three-year doctoral fellowship by the US National Oceanic and Atmospheric Administration. But he did not attend. It is now a doctoral dissertation in that subject.

In 2003, he received the Second Industrial Award.

He graduated with a Ph.D degree at the University of Yangon for four years. He received his PhD in July. 2009 On March 20, he was awarded the first Teacher of Physics award at the Department of Physics at the University of Yangon .

In 2006, he was a permanent member of the International Meteorological and Hydrological Association. In 2007, he chaired the Asian Disaster Prevention and Mitigation Council. Dr Tun Lwin has been working as a weather reporter since 1980, when he was the director.

Prior to Cyclone Nargis , he was a reliable source for weather news and was well-known for being open to the news.

2008 U Win Lwin became a public interest in the May issue of Cyclone Nargis, and the media failed to report.

1965 On May 3, he was appointed Director of the Department of Meteorology and Hydrology and has now been promoted to Director General.


He has been a monthly weather reporter for the Myanmar Television News program since October 1980 for more than 26 years.


United States Japanese, Japanese Bangladesh Pakistan Chinese Switzerland Thailand Australia, Australia Brunei Darussalam Singapore Vietnam Indonesia Malaysia Germany Korea, Korea India France Kenya, Weather, hydrology and hydrology courses are offered in countries such as Canada. Meetings; Readings; Seminars; Presented at conferences


More than 60 research papers; Over 90 articles have been published and 21 have been published abroad. He has preached more than 150 times locally.


2003 On January 4, the junta honored the Industrial Development Award (Second Stage).


Mathematical Methods for Predicting Weather Coastal storm forecasting system for coastal areas; He was the first inventor to develop long-range weather forecasts.


Tun Lwin is currently the Director General of the Directorate of Meteorology and Hydrology and was selected as the Myanmar representative on the Leadership Committee of the Asian Disaster Preparedness Center (ADPC), the first five-year plan of action for Asia's success. :


U Lwin Lwin has been working on various business activities in the past 40 years as a way to develop stormwater and weather forecasts. El Niိုo The first study in the department provides a first-hand study of the relationship to the Lani events. Myanmar has been doing research on climate change for 50 years since 1977.


Tun Lwin was the leader of the department in 2006 to leverage the strength of international cooperation and to benefit climate and natural disasters in Myanmar. As a result, the opening of the seabed measurement center with UNESCO assistance; ADPC Technology; And material support.

According to Myanmar's retirement law, he can serve up to 65 years of age. On 1 June, he suddenly retired at age 61. However, he will continue to work as a researcher in meteorology and hydrology. [1]

On May 29, 2009, he retired as the Director General (Advisor). He has been a State employee for 45 years. Dr. Tun Lwin has conducted over 80 Myanmar / English language research papers to date. More than 120 articles and about 300 lectures, It has already made about 40 overseas. He has authored three scholarly books and has won the Nobel Prize for Science and Literature for Girl and the Natural Disaster. He was awarded five medals from the state, including two industrial tiers. Dr Tun Lwin is currently in Thailand, Thailand. As Technical Advisor of the RIMES (Regional Integrated Multi-hazard Early Warning System) at AIT; MRCS, CARE Myanmar. Actionaid Myanmar, EcoDev, In NAGs and As a Resouce Person, ICHARM (Japan), EGRESS, World Vision Myanmar, Global Green, and other LNGOs and INGOs are involved in climate change and disaster risk reduction. He is a weekly and monthly weather speaker on FM radio channels like Mandalay FM and Shwe FM. ChannelHe also served as a speaker on MRTV-4 from time to time.

Dr Tun Lwin's wife, Daw Mu Mu Tha Than, lives with three sons and two grandsons in Yangon. [2] Dr. Tun Lwin died on Monday, November 4, 2013 at 6:57 pm.

Tun Lwin is 2011 - The Lwin Foundation was established on August 5.


Ref; Wikipedia 

(၁၄-၀၆-၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ

(၁၄-၀၆-၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ
============================================================

အပူချိန်အခြေအနေခန့်မှန်းချက်
=======================

အမြင့်ဆုံးအပူချိန် = 34°C
အနိမ့်ဆုံးအပူချိန် = 25°C

နာရီအလိုက်အပူချိန်ခန့်မှန်းချက်
========================

နံနက် ၀၀း၀၀ နာရီ = 27°C
နံနက် ၀၅း၀၀ နာရီ = 25°C
နံနက် ၀၆း၀၀ နာရီ = 26°C
နံနက် ၀၈း၀၀ နာရီ = 27°C
နံနက် ၁၀း၀၀ နာရီ = 30°C
မွန်းတည့် ၁၂း၀၀ နာရီ = 33°C
မွန်းလွဲ ၁၃း၀၀ နာရီ = 34°C
မွန်းလွဲ ၁၄း၀၀ နာရီ = 33°C
ညနေ ၁၅း၀၀ နာရီ = 31°C
ညနေ ၁၈း၀၀ နာရီ = 30°C
ည ၂၀း၀၀ နာရီ = 28°C
ည ၂၂း၀၀ နာရီ = 27°C

မိုးအ​ခြေအနေခန့်မှန်းချက်
===================

          နံနက်ပိုင်းတွင် တိမ်အနည်းငယ်ရှိပါမည်၊ နေ့လယ်ပိုင်းတွင် တိမ်အသင့်အတင့်ရှိပါမည်၊ ညနေပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်၊ မိုးဖွဲဖွဲကျခြင်း သို့မဟုတ် မိုးအုံ့ခြင်း ဖြစ်ပေါ်နိုင်ပါသည်။ ညပိုင်းတွင် တိမ်အသင့်အတင့် ရှိပါမည်။

လေအခြေအနေခန့်မှန်းချက်
====================

          အရှေ့တောင်အရပ်မှလေသည် အမြင့်ဆုံး တစ်နာရီ ၅ ကီလိုမီတာ၊ တောင်အရပ်မှလေသည် အမြင့်ဆုံး တစ်နာရီ ၁၀ ကီလိုမီတာမှ ၁၅ ကီလိုမီတာအကြား၊ အနောက်အရပ်မှလေသည် အမြင့်ဆုံး တစ်နာရီ ၁၂ ကီလိုမီတာမှ ၁၅ ကီလိုမီတာအကြား ရှိနိုင်ကြောင်း ခန့်မှန်းရရှိပါသည်။

မိုးလေဝသ - အောင်လံ (NGO)