ကျန်းမာတော်မူကြပါစခင်ဗျာ။ မိုးလေဝသ - အောင်လံ (NGO) Web စာမျက်နှာသည် အစိုးရအဖွဲ့အစည်း မဟုတ်ပါ။ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းသာ ဖြစ်ပါသည်။ အောင်လံမြို့နှင့် အနီးတစ်ဝိုက်၏ မိုးလေဝသ သတင်း အချက်အလက်များကို အချိန်နှင့်တပြေးညီ ဖော်ပြပေးလျှက်ရှိပါသည်။

Wednesday, June 17, 2020

ဘင်္ဂလားပင်လယ်အော်

ဘင်္ဂလားပင်လယ်အော် (အင်္ဂလိပ်The Bay of Bengal) သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ပင်လယ်အော်ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိသည်။ တြိဂံပုံသဏ္ဌာန် နှင့် ဆင်တူပြီး အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၏ အရှေ့ဘက် ကမ်းရိုးတန်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် သီရိလင်္ကာနိုင်ငံ၏ တောင်ဘက် ကမ်းရိုးတန်း၊ အရှေ့ဘက်တွင် မြန်မာနိုင်ငံ၊ အန်ဒမန်ကျွန်းနှင့် နီကိုဘာကျွန်းတို့ တည်ရှိကြသည်။



တည်နေရာတောင်အာရှ
ကိုဩဒိနိတ်15°N 88°E / 15°N 88°E
အမျိုးအစားပင်လယ်အော်
ပင်မ ရေဝင်စီးကြောင်းအိန္ဒိယသမုဒ္ဒရာ
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ ဘင်္ဂလားဒေ့ရှ်


 အိန္ဒိယ
 အင်ဒိုနီးရှား
 မြန်မာ

 သီရိလင်္ကာ[၁][၂]
အကျယ်ဆုံး အလျား၂,၀၉၀ km (၁,၃၀၀ mi)
အကျယ်ဆုံး အနံ၁,၆၁၀ km (၁,၀၀၀ mi)
မျက်နှာပြင် ဧရိယာ၂,၁၇၂,၀၀၀ km2 (၈၃၉,၀၀၀ sq mi)
ပျမ်းမျှအနက်၂,၆၀၀ m (၈,၅၀၀ ft)
အနက်ဆုံး အနက်အရှိုင်း၄,၆၉၄ m (၁၅,၄၀၀ ft)


အိန္ဒိယနိုင်ငံ အန်ဒရာပရာဒေ့ရှ် ဗိစကပတ်နမ်ရှိ တနမ်တီဥယျာဉ်မှ မြင်ရသော နေထွက်ချိန် မြင်ကွင်း


ဘင်္ဂလားပင်လယ်အော်သည် ဧရိယာ စတုရန်း ကီလိုမီတာ ၂,၁၇၂,၀၀၀ ကီလိုမီတာ ရှိသည်။ ဘင်္ဂလားပင်လယ်အော် အတွင်းသို့ စီးဝင်သော မြစ်များမှာ ပတ်ဒ်မာမြစ် (ဂင်္ဂါမြစ်၏ မြစ်လက်တက်)၊ မဂ်နာမြစ် နှင့် ဂျမူနာမြစ် (ဗြဟ္မပုတ္တရမြစ်၏ မြစ်လက်တက်များ)၊ ဧရာဝတီမြစ်၊ ဂိုဒဗာရီမြစ်၊ မဟာနဒီမြစ်၊ ခရစ်ရှနမြစ်၊ ကာဗရီမြစ် တို့ ဖြစ်ကြသည်။

Source; Wikipedia 

Tuesday, June 16, 2020

(၁၇-၀၆-၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ

(၁၇-၀၆-၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ
============================================================

အပူချိန်အခြေအနေခန့်မှန်းချက်
=======================

အမြင့်ဆုံးအပူချိန် = 28°C
အနိမ့်ဆုံးအပူချိန် = 24°C

နာရီအလိုက်အပူချိန်ခန့်မှန်းချက်
========================

နံနက် ၀၀း၀၀ နာရီ = 25°C
နံနက် ၀၅း၀၀ နာရီ = 24°C
နံနက် ၀၆း၀၀ နာရီ = 25°C
နံနက် ၀၉း၀၀ နာရီ = 26°C
မွန်းတည့် ၁၂း၀၀ နာရီ = 26°C
မွန်းလွဲ ၁၃း၀၀ နာရီ = 27°C
မွန်းလွဲ ၁၄း၀၀ နာရီ = 28°C
ညနေ ၁၆း၀၀ နာရီ = 27°C
ညနေ ၁၈း၀၀ နာရီ = 26°C
ည ၂၀း၀၀ နာရီ = 26°C
ည ၂၂း၀၀ နာရီ = 25°C

မိုးအခြေအနေခန့်မှန်းချက်
===================

          နံနက်ပိုင်းတွင် တိမ်အသင့်အတင့်၊ နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်ပါမည်။ မိုးအသင့်အတင့် ရွာသွန်းနိုင်ပါသည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။ ညပိုင်းတွင် တိမ်အသင့်အတင့် ရှိပါမည်။

လေအ​​ခြေအနေခန့်မှန်းချက်
====================

          အရှေ့တောင်အရပ်မှလေသည် အမြင့်ဆုံး တစ်နာရီ ၂၀ ကီလိုမီတာအထိ တိုက်ခတ်နိုင်ပြီး လေထုဖိအားမှာ 1008 hPa အထိ ရှိနိုင်ကြောင်း ခန့်မှန်းရရှိပါသည်။

မိုးလေဝသ - အောင်လံ (NGO)









Monday, June 15, 2020

(၁၆-၀၆-၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ

(၁၆-၀၆-၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ
============================================================

အပူချိန်အခြေအနေခန့်မှန်းချက်
=======================

အမြင့်ဆုံးအပူချိန် = 32°C
အနိမ့်ဆုံးအပူချိန် = 24°C

နာရီအလိုက်အပူချိန်ခန့်မှန်းချက်
========================

နံနက် ၀၀း၀၀ နာရီ = 27°C
နံနက် ၀၁း၀၀ နာရီ = 26°C
နံနက် ၀၄း၀၀ နာရီ = 25°C
နံနက် ၀၅း၀၀ နာရီ = 24°C
နံနက် ၀၇း၀၀ နာရီ = 26°C
နံနက် ၀၉း၀၀ နာရီ = 27°C
နံနက် ၁၀း၀၀ နာရီ = 28°C
မွန်းတည့် ၁၂း၀၀ နာရီ = 30°C
မွန်းလွဲ ၁၃း၀၀ နာရီ = 31°C
မွန်းလွဲ ၁၄း၀၀ နာရီ = 32°C
ညနေ ၁၆း၀၀ နာရီ = 29°C
ညနေ ၁၈း၀၀ နာရီ = 28°C
ည ၂၀း၀၀ နာရီ = 27°C
ည ၂၂း၀၀ နာရီ = 26°C

မိုးတိမ်အခြေအနေခန့်မှန်းချက်
======================

          နံနက်ပိုင်းတွင် တိမ်အသင့်အတင့်၊ နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်ပါမည်။ မိုးဖွဲဖွဲကျခြင်း သို့မဟုတ် မိုးအသင့်အတင့် ရွာသွန်းခြင်း ဖြစ်ပေါ်နိုင်ပါသည်။ ညပိုင်းတွင် တိမ်အသင့်အတင့် ရှိပါမည်။

လေအခြေအနေခန့်မှန်းချက်
====================

          တောင်အရပ်မှလေသည် အမြင့်ဆုံး တစ်နာရီ ၁၅ ကီလိုမီတာအထိလည်းကောင်း၊ အရှေ့တောင်အရပ်မှလေသည် အမြင့်ဆုံး တစ်နာရီ ၂၀ ကီလိုမီတာမှ ၂၅ ကီလိုမီတာအထိလည်းကောင်း တိုက်ခတ်နိုင်ပြီး လေထုဖိအားမှာ အမြင့်ဆုံး 1009 hPa အထိ ရှိနိုင်ကြောင်း ခန့်မှန်းရရှိပါသည်။ 

မိုးလေဝသ - အောင်လံ (NGO)









ဇြန္လ (၁၅) ရက်မှ (၂၁) ရက်အထိ စိုက်ပျိုးရေး မိုးလေဝသ ခန့်မှန်းချက်

စိုက်ပျိုးရေး မိုးလေဝသ ခန့်မှန်းချက်
ဇြန္လ (၁၅)ရက်မှ (၂၁)ရက် အထိ




ဘင်္ဂလားပင်လယ်အော် အခြေအနေ
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ပါသည်။

မိုးရွာသွန်းနိုင်မှု အခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။

အမြင့်ဆုံးအပူချိန် အခြေအနေ
ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် (၇၁)ဒီဂရီဖာရင်ဟိုက်မှ (၈၀)ဒီဂရီဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၈၁)ဒီဂရီဖာရင် ဟိုက်မှ (၉၀)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၉၁)ဒီဂရီဖာရင်ဟိုက်မှ (၁ဝဝ)ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။

အနိမ့်ဆုံးအပူချိန် အခြေအနေ
ချင်းပြည်နယ်တွင် (၅၇)ဒီဂရီဖာရင်ဟိုက်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၆၃)ဒီဂရီဖာရင်ဟိုက်မှ (၇၂)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရခိုင်ပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇၃)ဒီဂရီဖာရင်ဟိုက်မှ (၈၂)ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။

လေထုစိုထိုင်းဆ အခြေအနေ
မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် (၆၇)%မွ (၇၆)%အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင် (၇၇)%မွ (၈၆)%အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်း ဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် (၈၇)%မွ (၉၆)%အတွင်း ရှိနိုင်ပါသည်။

ပင်ငွေ့ရေငွေ့ပျံနှုန်း အခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန် တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် (၁၁)မီလီမီတာမွ (၂၀)မီလီမီတာအတွင်း၊ ပဲခူးတိုင်းဒေသကြီ်း(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၁)မီလီမီတာမွ (၃၀)မီလီမီတာအတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်(အရှေ့ပိုင်း)တို့တွင် (၃၁)မီလီမီတာမွ (၄၀)မီလီမီတာအတွင်း အသီးသီးရှိနိုင်ပါသည်။

Sources: စိုက်ပျိုးရေး မိုးလေဝသ ဌာနခြဲ