ကျန်းမာတော်မူကြပါစခင်ဗျာ။ မိုးလေဝသ - အောင်လံ (NGO) Web စာမျက်နှာသည် အစိုးရအဖွဲ့အစည်း မဟုတ်ပါ။ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းသာ ဖြစ်ပါသည်။ အောင်လံမြို့နှင့် အနီးတစ်ဝိုက်၏ မိုးလေဝသ သတင်း အချက်အလက်များကို အချိန်နှင့်တပြေးညီ ဖော်ပြပေးလျှက်ရှိပါသည်။

Saturday, June 20, 2020

ပြည်သူ့အချစ်တော်ရုပ်ရှင်မင်းသားကြီးဝင်းဦးအကြောင်းအပြည့်အစုံ

ဝင်းဦး (၁၉၃၅-၁၉၈၈) သည် မြန်မာ့အနုပညာသမိုင်းတွင် ထူးချွန်သော ဒါရိုက္တာ၊ မင်းသား၊ ဇာတ်ညွှန်းဆရာ၊ အဆိုတော်၊ စာရေးဆရာ၊ စနစ္တက် စီမံခန့်ခွဲတတ်သော ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်နှင့် မဂ္ဂဇင်းစာအုပ်ထုတ်ဝေသူပိုင်ရှင် ဖြစ်သည်။

မွေးဖွား - ၁၃ မတ်၊ ၁၉၃၅၊ရန်ကုန်မြို့

ကွယ်လွန် - ၁၄ ဒီဇင်ဘာ၊ ၁၉၈၈ (အသက် ၅၃)၊ ရန်ကုန်မြို့၊ မိခင်ကျောင်း၊ ရန်ကုန်တက္ကသိုလ်

အလုပ်အကိုင် - စစ်မှုထမ်း၊ သရုပ်ဆောင်၊ ဒါရိုက္တာ၊ စာရေးဆရာ၊ အဆိုတော်နှင့် ထုတ်ဝေသူ

ကျော်ကြားမှုအရင်းခံ - အကယ္ဒမီရ ရုပ်ရှင်သရုပ်ဆောင်

ရရှိသည့်ဆုများ - အကယ္ဒမီ

ငယ်ဘဝ
=====

ဝင်းဦး၏ အမည်ရင်းမှာ လှမြင့်ဖြစ်ပြီး ငယ်နာမည်မှာ ကိုဦးဖြစ်သည်။ မွေးချင်းငါးဦးအနက် တတိယမြောက်ဖြစ်သည်။ အားလုံးမှာရုပ်ရှင်မင်းသား၊ မင်းသမီးများဖြစ်ကြပြီး မင်းသမီး မေယု(တင်တင်ဦး)၊ မင်းသား ဝင်းညွန့်၊ မင်းသား အောင်မိုး၊ တက္ကသိုလ် ကြည်ရွှင်တို့ ဖြစ်ကြသည်။ ဝင်းဦးဟု နာမည်ပေးထားခြင်းမှာ အစ်မဖြစ်သူ တင်တင်ဦး နှင့် အစ်ကိုဝင်းညွန့် နာမည် ရှေ့ဆုံးနှင့် နောက်ဆုံးစာလုံးကိုယူ၍ ပေးထားခြင်း ဖြစ်သည်။
ဝင်းဦးသည် ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ တီတီစီလေ့ကျင့်ရေးကျောင်းတွင် ပညာကို စတင်သင်ယူခဲ့သည်။ တီတီစီကျောင်းမှာပင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားရာ ဥပစာအထက်တန်း အောင်မြင်ခဲ့သည်။ တက္ကသိုလ်ပညာကို ဆုံးခန်းတိုင် မသင်ဘဲ ဗိုလ်လောင်းသင်တန်းအပတ်စဉ်(၈)ကို တက်ရောက်ခဲ့သည်။ ထို့နောက် ၁၉၅၂ ခုနှစ်တွင် ဗိုလ် ကိုဦး အမည်ဖြင့် တပ်မတော် (ကြည်း) ၌ တာဝန်ထမ်းဆောင်ခဲ့သည်။
ဝင်းဦးသည် တပ်မဟာ(၅)၊ တပ်ရင်း(၇)တွင် အမှုထမ်းခဲ့သည်။ ယင်းကဲ့သို့ အမှုထမ်းနေစဉ်အတွင်း မှော်ဘီမြို့ရှိ ကြည်း၊ ရေ၊ လေ၊ ပူးပေါင်းစစ်ဆင်ရေး လေထီးသင်တန်းသို့ တက်ရောက်ပြီး ၁၉၅၉ ခုနှစ်တွင် ဩစတြေးလျနိုင်ငံသို့ လေထီးပညာရပ်များ သွားရောက် သင်ကြားခဲ့သည်။ ပြန်လည်ရောက်ရှိလာသောအခါ မှော်ဘီလေထီးသင်တန်းကျောင်းတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၆၂ ခုနှစ်တွင် တပ်မတော်မှ ဗိုလ်ကြီးအဆင့်ဖြင့် အနားယူခဲ့သည်။

အနုပညာလုပ်ငန်း
==========

ဝင်းဦးသည် စာပေလောကတွင် အောင်မြင်ခဲ့သလို ရုပ်ရှင်လောကတွင်လည်း လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သည့် အနုပညာသမားတစ်ဦးဖြစ်သည်။ ဝင်းဦးသည် မင်းထင်ရွှေမှန် ရာဇဝင်ဇာတ်ကား ဇာတ်ညွှန်းရေးသားရာမှ အစပြုကာ စာပေလောကမှ ရုပ်ရှင်လောကသို့ နယ်ပယ်ချဲ့ထွင်လာခဲ့သည်။ ဝင်းဦး၏ ပွဲဦးထွက်ဇာတ်ကားမှာ ရှုမဝ မဂ္ဂဇင်းတွင် သူကိုယ်တိုင်ရေးသားထားသည့် နှစ်ယောက်ထဲနေချင်တယ် ဝတ္ထုရှည်ကို မင်းသမီး တင်တင်မူနှင့်အတူ ဇာတ်ကား အဖြစ် ပုံဖော်ခဲ့သည်။ ထိုဇာတ်ကားနှင့်အတူ ယင်းဇာတ်ကား၏ဇာတ်ဝင်တေးဖြစ်သည့် မီးပုံပွဲ သီချင်းသည် ထိုအချိန်က ဝင်းဦးဟူသော သရုပ်ဆောင်သစ်၏ နာမည်နှင့်အတူ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ပရိသတ်များ၏ ရင်ထဲသို့ လွှမ်းမိုးနိုင်ခဲ့သည်။
ထို့အပြင် ဝင်းဦးသည် အခြားသောရုပ်ရှင်ကုမ္ပဏီများအတွက် ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင် ပေးခဲ့ရုံသာမက "စန္ဒာ" ကိုယ်ပိုင်ရုပ်ရှင်ကုမ္ပဏီကိုလည်း တည်ထောင်ခဲ့သည်။ ဝင်းဦးကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ပါဝင်သရုပ်ဆောင်ခဲ့သော ဆောင်းအိပ်မက် ဇာတ်ကားတွင် နှစ်ကိုယ်ခွဲသရုပ်ဆောင်မှုဖြင့် ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့သည်။ ထို့နောက် ၁၉၇၀ ပြည့်နှစ်တွင် အလားတူပင် ကိုယ်တိုင်ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့သည့် နာမည်ကျော် မှုံရွှေရည် ဇာတ်ကားဖြင့် ဒုတိယအကြိမ် အကယ်ဒမီဆု ထပ်မံရရှိခဲ့ပြန်သည်။ ဝင်းဦး၏ အနုပညာ သက်တမ်းတလျှောက်တွင် အမျိုးသားဇာတ်ဆောင်ဆု နှစ်ကြိမ်၊ ဇာတ်ကားဆု နှစ်ကြိမ် ရရှိဆွတ်ခူးနိုင်ခဲ့သည်။ ဝင်းဦးရိုက် ကူးခဲ့သည့် ချစ်သူရွေးမယ်ချစ်ဝဲလယ် ဇာတ်ကားသည် မြန်မာ့ရုပ်ရှင်လောက၏ပထမဆုံးသော ရှစ်ကိုယ်ခွဲ ဇာတ်ကား ဖြစ်သည်။
ဝင်းဦးပါဝင်သရုပ်ဆောင်ခဲ့သည့် နာမည်ကြီးဇာတ်ကားအချို့မှာ မင်းသမီး တင်တင်မူနှင့် နှစ်ယောက်ထဲ နေချင်တယ်၊ ခင်သန်းနုနှင့် မောင်တို့ ချယ်ရီမြေ၊ မြင့်မြင့်ခင်နှင့် တိမ်လွှာမို့မိုလွင်၊ စန္ဒာနှင့် မင်း ဘယ်ပြေးမလဲ မိချိုသဲ၊ တင်တင်အေးနှင့် ဆောင်းအိပ်မက်၊ ချစ်စပယ်နှင့် မောင့်အချစ်တော်၊ ကောလိပ်ဂျင် နေဝင်း၊ ခင်သန်းနုတို့နှင့် သိုး၊ ကျောက်မဲအကျဉ်းသားဇာတ်ကား၊ မင်းသမီး တင်တင်မြ၊ ချိုပြုံးတို့နှင့် တစ်ကျော့နှစ်ကျော့ တေးကိုသီနှင့် နောက်ဆုံးရိုက်ကူးခဲ့သည့် ခိုင်မာလာနှင်းဆီဇာတ်ကားတို့မှာ အထူးထင်ရှားခဲ့သည်။

အမျိုးသားဇာတ်ဆောင်ဆု
==============

အကယ်ဒမီ (အမျိုးသားဇာတ်ဆောင်ဆု) နှစ်ကြိမ် ဆွတ်ခူးရရှိခဲ့သည်။

  • ၁၉၆၇-ခုနှစ် (ဆောင်းအိမ်မက်)ဇာတ်ကား
  • ၁၉၇၀-ခုနှစ် (မှုံရွှေရည်)ဇာတ်ကား

၎င်းအပြင် ဝင်းဦး၏ အဆိုတော်ဘဝကို အစပြုခဲ့သည့် သီချင်းမှာ "တေလေငှက်"ဖြစ်ပြီး ယင်းသီချင်းကို "ချစ်သောသူတစ်ယောက်"ဇာတ်ကားတွင် ကိုယ်တိုင်သီဆိုသရုပ်ဆောင်ခဲ့သည်။ ထို့အပြင် ဝင်းဦးသည် အချစ်၊ အလွမ်း၊ တိုင်းပြု ပြည်ပြု သီချင်းများနှင့် ခေတ်ပေါ်သီချင်းများ သာမက ရှေးသီချင်းကြီးများကိုပါ ပိုင်နိုင်စွာသီဆိုနိုင်သူ တစ်ဦးဖြစ်ပြီး တစ်ချိန်က မန္တလေးမြို့မအပျော်တမ်းတူရိယာအဖွဲ့နှင့်တွဲဖက်၍လည်း သီချင်းများ သီဆိုခဲ့သည်။ ၎င်းအပြင် "ကင်းဝန်" အမည်ရှိဓာတ်ပြားကုမ္ပဏီ တည်ထောင်ကာ ကိုယ်တိုင်သီဆိုသည့် သီချင်းများကို ဓာတ်ပြားများအဖြစ် ထုတ်လုပ်ဖြန့်ဖြူးခဲ့သေးသည်။

စာပေလုပ်ငန်း

========

ဝင်းဦးသည် ကျောင်းသား ဘဝကပင် သွေးသောက် မဂ္ဂဇင်းနှင့် ရှုမဝမဂ္ဂဇင်း တို့တွင် ညိုမင်းလွင် ကလောင် အမည်ဖြင့် ကဗျာ၊ ဝတ္ထုများ ရေးသားခဲ့သည်။ ပထမဆုံး ရေးသားခဲ့သော ဝတ္ထုမှာ ဂျိန်း ဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ် ရှုမဝမဂ္ဂဇင်း၌ တက္ကသိုလ် ကျောင်းသားတစ်ဦး မဂ္ဂဇင်း ဝတ္ထုရှည်ကြီးကို ရေးသားခဲ့သည်။ ဤမဂ္ဂဇင်း ဝတ္ထုရှည်ကို ဝင်းဦး ကလောင်အမည်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။ ဝင်းဦး ဆိုသော အမည်သည် ယင်း ဝတ္ထုရှည်ကြီးကြောင့် နာမည်ကျော်ကြား လူသိများခဲ့သည် မှန်သော်လည်း တစ်နိုင်ငံလုံးက ဝင်းဦးကို အသိအမှတ် ပြုခဲ့သည်မှာ ရုပ်ရှင်ကြောင့်ပင် ဖြစ်သည်။

ထို့အပြင် စန္ဒာမဂ္ဂဇင်းတိုက်ကို တည်ထောင်ပြီး မြန်မာ့စာပေသမိုင်းတွင် ပထမဆုံးသော ရောင်စုံအော့ဖ်ဆက် နည်းဖြင့် ထုတ်လုပ်သည့် ပထမဆုံးသော "စန္ဒာ"ပုဂ္ဂလိက ရောင်စုံမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။[၄] ထိုမဂ္ဂဇင်းတွင် ဝင်းဦးသည် ခင်မောင်ဝင့်အမည်ဖြင့် ကမ္ဘာ့ရုပ်ရှင်လောကနှင့် မြန်မာ့ရုပ်ရှင်လောကအကြောင်းများကို သုတရသ ပြောင်မြောက်စွာ ရေးသားခဲ့သည်။ ယင်းမဂ္ဂဇင်းတွင် ကလေးများအတွက် ဦးဦးပုံပြောမယ်၊ အမျိုးသမီးများအတွက် မရှပ်တေး ဟူသော အခန်းကဏ္ဍများကြောင့် ပရိသတ်များ၏အထူး အားပေးမှုကိုရရှိကာ ထိုအချိန်က စောင်ရေအများဆုံးသော မဂ္ဂဇင်း တစ်စောင်ဖြစ်ခဲ့သည်။ စာမူ အရေအတွက် များများ ဖော်ပြနိုင်ရန်အတွက် စန္ဒာမဂ္ဂဇင်းတွင် စာလုံးသေး (၁၂) ပွိုင့်ကို စတင် အသုံးပြုခဲ့သည်။ ဝင်းဦး၏ ကလောင်အမည်ခွဲများမှာ ညိုမင်းလွင် နှင့် ခင်မောင်ဝင့် တို့ ဖြစ်သည်။

ဘဝနိဂုံး

=====

ထို့နောက် ဝင်းဦးသည် ၁၉၈၈−ခုနှစ်တွင် အူမကြီးကင်ဆာကြောင့် ဗြိတိန်သို့ ဆေးသွားကုပြီး ပြန်လာသည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလလ ၁၄ ရက်နေ့တွင် ခိုင်မာလာနှင်းဆီ ဇာတ်ကားရိုက်ကူးဆဲတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ပြီးသောအခါ ဝင်းဦး၏ အမွေများအား ဒေါ်အိုင်ရင်းတင်လှက ဆက်ခံရသည်။ ပေခြောက်ထောင်ကျော် ရိုက်ကူးထားကာ အပြီးမသတ် ရသေးသော ခိုင်မာလာနှင်းဆီ ဇာတ်ကားကို ဒေါ်အိုင်ရင်းတင်လှက ရုပ်ရှင်မင်းသားရန်အောင် နှင့် အစားထိုး အပြီးသတ် ရိုက်ကူးခဲ့သည်။

ရေးသား ပြုစုခဲ့သော စာအုပ်များ

==================

စဉ်အမည်ထုတ်ဝေနှစ်မှတ်ချက်
ကျွန်တော်မွှေးတဲ့မီး၁၉၆၁
သိုး၁၉၆၁
နုနုငယ်ငယ်၁၉၆၁မဂ္ဂဇင်း ဝတ္ထုရှည်
အာကသဒုံးယာဉ် လက်နက်များ၁၉၆၁
အသက်ရှင်နေနည်းနှင့် လေဟာပြင်ခရီး၁၉၆၁
မုန်းလဲမေ့ပါနိုင်၁၉၆၂
လွမ်းလေသူ အမိုက်အမဲ ဝတ္ထုတိုပေါင်းချုပ်၁၉၆၂
တက္ကသိုလ် ကျောင်းသားတစ်ဦး၁၉၆၂
နှစ်ယောက်ထဲ နေချင်တယ်၁၉၆၂
၁၀တေးသီချင်းဆန်းများ၁၉၆၃
၁၁ပန်းကြဲတဲ့ ဖဲစက်ရာမှာ၁၉၆၃
၁၂မျက်ရှု၁၉၆၆
၁၃ယောက်ျား မပီသသူနှင့် ချစ်မိသူ လူတစ်ယောက်အကြောင်း၁၉၆၉
၁၄အသည်းစား မဟာရာဇာ၏ ရှင်းတမ်း၁၉၆၉
၁၅တေးပေါင်းချုပ်၁၉၆၉
၁၆တေးပေါင်းချုပ် လက်ရွေးစင်၁၉၆၉
၁၇နှလုံးသား အသစ်နှင့် ချစ်မည့်သူ၁၉၇ဝ
၁၈မိန်းမလှအမုန်း၁၉၇၁
၁၉ငွေလှိုင်းဇာခြည်ပေါ်မှာ၁၉၇၁
၂၀ဆွေး၁၉၇၁
၂၁ရေဒီယိုတေးများ၁၉၇၁
၂၂လတန်ခူးပေမို့၁၉၇၁
၂၃နောင်အင်းလေး၁၉၇၂မြန်မာ့အလင်း၌ ရေးသည့် အခန်းဆက် ဝတ္ထုရှည်
၂၄ကြင်နာသူအသည်း၁၉၇၂ဤစာအုပ်ကို ချစ်သူကြင်သူမြတ်နိုးသူ အမည်ဖြင့် ရုပ်ရှင်ရိုက်ခဲ့။[ကိုးကားချက်လိုသည်]
၂၅ချစ်ဦးသူနှင့် ချစ်ဖူးသူ၁၉၇၂
၂၆ဩစတြေးလျမှ ချစ်သမျှအကြောင်း၁၉၇၂
၂၇နာမည်ကျော် ဇာတ်လိုက်မင်းသား ကိုဂွတို၁၉၇၃စန္ဒာ ရုပ်စုံမဂ္ဂဇင်း၌ ရေးသည့် အခန်းဆက် ဝတ္ထုရှည်
၂၈ကျွန်တော် ကျွန်မတို့အရွယ်၁၉၇၄
၂၉ဆယ်စုခေတ် တစ်နှစ်စွန်း မန်းသင်္ကြန်၁၉၇၉
၃၀ပုဂ္ဂိုလ်ကျော် (၁၃) ဦး
၃၁မျှော်လင့်ခိုး သံသရာဝယ်
၃၂သည်ခေတ် သည်အရွယ် သည်လိင်ကိစ္စ

သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများပြင်ဆင်

စဉ်ဇာတ်ကားအမည်ပြသခဲ့သည့်နှစ်မှတ်ချက်
နှစ်ယောက်ထဲ နေချင်တယ်၁၉၆၂
မောင်တို့ချယ်ရီမြေ၁၉၆၃
ဆောင်းအိပ်မက်၁၉၆၇
တိမ်လွှာမို့မို့လွင်၁၉၆၇
မှုံရွှေရည်၁၉၇၀
မုန်းပါတယ်မောင့်ကို၁၉၇၃
ချစ်သူရွေးမယ် ချစ်ဝဲလယ်၁၉၇၅ရှစ်ကိုယ်ခွဲ သရုပ်ဆောင်သည်
အတွယ်အတာ
တိမ်ဦးလေပြေ မောင့်ကိုစေ
၁၀တစ်ကျော့နှစ်ကျော့ တေးကိုသီ
၁၁ဆောင်းတစ်ညဝယ်
၁၂ချစ်သူကြင်သူမြတ်နိုးသူ
၁၃မင်းဘယ်ပြေးမလဲ မိချိုသဲ
၁၄နှင်းပျောက်တဲ့ နွေ
၁၅သိကြားစေ သက်သေညွှန်း
၁၆သစ္စာတူပြိုင်
၁၇ခိုင်မာလာနှင်းဆီ
၁၈ဗိမ္ဗိသာရ
၁၉ဝေဠု
၂၀ဤစံအိမ်ဝယ်
၂၁ကျွန်တော်ပြောချင်တဲ့ အချစ်အကြောင်း
၂၂မိန်းမနဲ့ ယောက်ျား
၂၃ချစ်သောသူတစ်ယောက်
၂၄ပန်းမြို့တော်သို့ ခြေလှမ်းသုံးဆယ်
၂၅ပိတောက်ရိပ်ဝယ်
၂၆ကျောက်မဲအကျဉ်းသား"

Source; Wikipedia 

စိုက်ပျိုးရေးမိုးလေဝသဋ္ဌာနခွဲအကြောင်း

စိုက်ပျိုးရေးမိုးလေဝသဌာနစိတ် စတင်တည်ထောင်ခြင်း ၁။ စိုက်ပျိုးရေးမိုးလေဝသ ဌာနစိတ်ကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတွင် ၁၉၇၀ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့၌ စတင်တည်ထောင်ခဲ့ပါသည်။ စို်က်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် လိုအပ်သော အထောက်အကူများ၊ မိုးလေဝသအချက်အလက်များ ကူညီပံ့ပိုးပေးရန် ဖြစ်ပါသည်။ စိုက်ပျိုးရေးမိုးလေဝသ စခန်းများကို စိုက်ပျိုးရေးဌာနတွင် ဖွင့်လှစ်ပေးခဲ့ပါသည်။ ၁၉၇၀ မှ ၁၉၈၂ခုနှစ်အတွင်း စိုက်ပျိုးရေးမိုးလေဝသစခန်း (၆)စခန်းကို စိုက်ပျိုးရေးခြံများတွင် ဖွင့်လှစ်ပေးလျက် စိုက်ပျိုးရေးအတွက် လိုအပ်သော မှတ်တမ်းအချက်အလက်များ ပံ့ပိုးပေးလျက် ရှိပါသည်။

၂။ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် အထောက်အပံ့များ အရ (၄-၉-၈၀) မှ (၃-၁၀-၈၀) ရက်နေ့အထိ WMO Consultant Mission လာရောက်ကာ Bur/80/016 Development of Meteorological Services to Agriculture in Burma စီမံချက်ကို ချမှတ်ပေးခဲ့ရာ ၁၉၈၂ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှစတင်၍ စိုက်ပျိုးရေး မိုးလေဝသဌာနစိတ်မှ၊ စိုက်ပျိုးရေးမိုးလေဝသဌာနခွဲအဖြစ် စတင်တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ စိုက်ပျိုးရေးမိုးလေဝသဌာနခွဲ၏လုပ်ငန်းဆောင်ရွက်ချက်များ

၃။ မိုးလေဝသနှင့်ဇလ‌ဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ စိုက်ပျိုးရေးမိုးလေဝသဌာနခွဲသည် နိုင်ငံအတွင်း စိုက်ပျိုးရေးမိုးလေဝသစခန်း(၁၇)ခု ဖွင့်လှစ်ထားရှိလျက် စိုက်ပျိုးရေး မိုးလေဝသ ဆိုင်ရာ အချက်အလက် တိုင်းတာချက်များကို ရယူခြင်း၊ စိစစ်ခြင်း၊ သုတေသနပြုခြင်းတို့ကို ဆောင်ရွက်ရပါသည်။ အဆိုပါဌာနခွဲမှ လစဉ် စိုက်ပျိုးရေးမိုးလေဝသစာစောင်ကို ၁၉၉၃ ခုနှစ် ဇွန်လမှစတင်၍ တစ်လလျှင်(၃)ကြိမ် (၁၀ ရက်လျှင်တစ်ကြိမ်) ပြုစုထုတ်ဝေခြင်းကို ဆောင်ရွက်လျက် ရှိပါသည်။ ၄။ စိုက်ပျိုးရေး စီမံကိန်းများတွင် လိုအပ်နေသော စိုက်ပျိုးသီးနှံ အမျိုးအစား ‌ရွေးချယ်မှု၊ စိုက်ပျိုးသီးနှံ သက်တမ်းရွေးချယ်မှု၊ စိုက်ချိန် ပျိုးချိန် နှုတ်ချိန် သတ်မှတ်မှု သီးနှံရာသီ ဥတု ပြက္ခဒိန် (Crop Weather Calendar) ရေးဆွဲမှု၊ သီးနှံပိုးမွှားကျရောက်မှု ဘေးမှကာကွယ်မှု၊ ဆည်ရေ ပေးဝေရေး ဆိုင်ရာစီမံကိန်းများ ချမှတ်နိုင်မှုစသည်တို့အတွက် လိုအပ်သော မိုးလေဝသ နှင့်ဇလဗေဒ၊ စိုက်ပျိုးရေး မိုးလေဝသဆိုင်ရာ ရာသီဥတု အချက်အလက်များကို ပံ့ပိုးပေးလျက်ရှိပါသည်။ စိုက်ပျိုးရေးမိုးလေ၀သစခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေ

၅။ မိုးလေဝသနှင့်ဇလ‌ဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ စိုက်ပျိုးရေးမိုးလေဝသဆိုင်ရာ တိုင်းတာရေးစခန်း/ရုံးများ ဖွင့်လှစ်ထားရှိမှု အခြေအနေ မှာ အောက်ပါအတိုင်းဖြစ်ပါသည် -

  • စိုက်ပျိုးရေးမိုးလေဝသစခန်း = (၁၇)စခန်း

စိုက်ပျိုးရေးမိုးလေ၀သဆိုင်ရာ တိုင်းတာသည့်အချက်အလက်များ

၆။ တိုင်းတာရေးစခန်းများအလိုက် တိုင်းတာသည့် တိုင်းထွာချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

(၁) မိုးရေချိန် တစ်နေ့ (၁)ကြိမ်

(၂) ရေငွေ့ပျံနှုန်း တစ်နေ့ (၁)ကြိမ်

(၃) အပူချိန်(အမြင့်ဆုံး/အနိမ့်ဆုံး) တစ်နေ့ (၁)ကြိမ်

(၄) လေတိုက်နှုန်း တစ်နေ့ (၅)ကြိမ်

Source; Wikipedia 

Friday, June 19, 2020

(၂၀-၀၆-၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ

(၂၀-၀၆-၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ
============================================================

အပူချိန်အခြေအနေခန့်မှန်းချက်
=======================

အမြင့်ဆုံးအပူချိန် = 29°C
အနိမ့်ဆုံးအပူချိန် = 24°C

နာရီအလိုက်အပူချိန်ခန့်မှန်းချက်
========================

နံနက် ၀၀း၀၀ နာရီ = 25°C
နံနက် ၀၄း၀၀ နာရီ = 24°C
နံနက် ၀၆း၀၀ နာရီ = 25°C
နံနက် ၀၈း၀၀ နာရီ = 26°C
နံနက် ၁၀း၀၀ နာရီ = 27°C
မွန်းတည့် ၁၂း၀၀ နာရီ = 28°C
မွန်းလွဲ ၁၃း၀၀ နာရီ = 29°C
ညနေ ၁၅း၀၀ နာရီ = 28°C
ညနေ ၁၈း၀၀ နာရီ = 27°C
ည ၂၀း၀၀ နာရီ = 26°C
ည ၂၂း၀၀ နာရီ = 25°C

မိုးတိမ်အခြေအနေခန့်မှန်းချက်
=======================

          နံနက်ပိုင်း၊ နေ့လယ်ပိုင်းနှင့် ညပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်၊ ညနေပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး နေရာကျဲကျဲ မိုးထစ်ချုန်းရွာပါမည်။

လေအခြေအနေခန့်မှန်းချက်
=====================

         အရှေ့တောင်အရပ်မှလေသည် အမြင့်ဆုံး တစ်နာရီ (၂၀) ကီလိုမီတာအထိလည်းကောင်း၊ အနောက်တောင်အရပ်မှလေသည် အမြင့်ဆုံး တစ်နာရီ ၁၅ ကီလိုမီတာအထိလည်းကောင်း တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းရရှိပါသည်။

မိုးလေဝသ - အောင်လံ (NGO)

တစ်ကိုယ်ရည်အာသာဖြေခြင်း

{(၁၈) နှစ်အောက် ကေလးသူငယ္မ်ား မဖတ်သင့်ပါ}

တချို့ကတော့ တစ်ကိုယ်ရည် အာသာဖြေတယ်ဆိုတာ ရှက်စရာလို့ ယူဆကြပါတယ်။ ရှက်စရာမဟုတ်ပါဘူး။ တစ်ကိုယ်ရည်အာသာဖြေခြင်း ဆိုတာဟာ အခုခေတ်တွင် အရွယ်ရောက်ပြီးတဲ့ အမျိူးသား၊ အမျိူးသမီးတွေမှာ အလိုအလျောက်တတ်တဲ့အရာတစ်ခုလို ့တောင်ဆိုနိုင်ပါတယ်။

အရွယ်ရောက်လာလျှင် သဘာဝလှုံ့ဆော်မှုအရ လိင်အင်္ဂါများမှာ ယားယံလာတတ်ပါတယ်။ အခုခေတ်တွင် ခေတ်မှီတိုးတက်လာပြီး လူတိုင်းဖုန်းကိုင်နိုင်ခြင်းကြောင့် အပျိုလူပျိုတို့ ဆက်ဆံခြင်း၊ မိန်းမများ၏ အဝတ်မပါသော ကိုယ်ခန္ဓာများ ရင်သား၊ တင်သားစသည်တို့ကို အင်တာနက်မှ တဆင့်မြင်ရခြင်း သို့မဟုတ် အပြာစာအုပ်များဖတ်ခြင်း စသည့် အကြောင်းများကြောင့် မိမိလိင်အဂါင်္ကို ပွတ်ထိစမ်းသပ်ကြည့်ရာမှ တဆင့် အရသာတစ်မျိုးကို စတင်ရရှိကာ နောက်ပိုင်းတွင် အတွေ့အကြုံရှိ သူငယ်ချင်းမိတ်ဆွေကောင်းမှု သို့မဟုတ် အင်တာနက်ကောင်းမှုဖြင့် အာသာဖြေခြင်းအတတ်ကို တတ်မြောက်လာကြပါတယ်။

အမျိုးသမီးတွေရော တစ်ကိုယ်ရည် အာသာဖြေလေ့ရှိသလား?

အမျိုးသား အမျိူးသမီးတိုင်းဟာ အရွယ်ရောက်လာပြီးနောက်မှာ ဆန့်ကျင်ဘက် လိင်ကို စိတ်ဝင်စား လာတဲ့ အခါ လိင်စိတ် အနည်းနဲ့အများရှိတတ်ကြပါတယ်။ ယောက်ျားသားများ အနေနဲ့ ကတော့ မိမိနှစ်သက်တဲ့ သူ ကို တွေ့ရင် လိင်ဆက်ဆံချင်စိတ် ဖြစ်ပေါ်မှုက သိသာထင်ရှားပေမယ့် အမျိုးသမီးများကတော့ အရင်ကတည်းက သိုသိုသိပ်သိပ် နေလာကြတဲ့ အစဉ်အလာတွေနဲ့မို့ သူတို့ရဲ့လိင်စိတ်ဟာ အမျိူးသားတွေလောက် မပြင်းထန်ပါဘူး။

နောက်ပြီးအများစုဟာ မိမိတို့ နှစ်သက်တဲ့ ယောက်ျားလေးနဲ့မျက်လုံးချင်းဆုံရင်တောင်မှ ရှက်တတ်ကြပါတယ်။ ဒါကြောင့် တစ်ကိုယ်ရည် အာသာဖြေတဲ့အလေ့အကျင့်ကလည်း မိန်းကလေး ၁၀၀ မှာ ၁၀ ရာခိုင်နှုန်းလောက်ပဲ ပြုလုပ်ဆောင်ရွက်လေ့ရှိကြတယ်။

အမျိူးသား  ဘယ်လိုမျိုး တစ်ကိုယ်ရည်အာသာဖြေကြသလဲ ?

အမျိူးသားတွေကတော့ အများအားဖြင့် အမျိူးသမီးအင်္ဂါ ထည့်သလိုမျိူး မိမိတို့ရဲ့ရွှေပန်းကို လက်နဲ့တင်းတင်းဆုပ်ကိုင်ပြီး အရေပြားကို အရှေ့အနောဆွဲခြင်းဖြင့်လည်းကောင်း ကပ်ပယ်အိတ်ကို ဆုတ်နယ်ခြင်းဖြင့်လည်းကောင်း တစ်ကိုယ်ရည် အာသာဖြေကြပါတယ်။ အာသာဖြေတဲ့အခါမှာလည်း အမျိူးသားအများစုဟာ မိမိတို့မြင်ဘူးတွေ့ဘူး ထိတွေ့ဘူးတဲ့ အမျိူးသမီးများကို စိတ်ကူးယဉ်ပြီး ထိုအမျိူးသမီးများအား စိတ်ထဲတွင် မိမိဖြစ်စေချင်သော ပုံစံကိုစိတ်ကူးကာ အာသာဖြေကြပါတယ်။

ဘယ်လိုအခြေအနေမျိူးမှာအာသာဖြေကြလေ့ရှိလဲ။ ဘာကြောင့် တစ်ကိုယ်ရည်အာသာဖြေသလဲ?

အများအားဖြင့်ထင်ကြမှာက တစ်ကိုယ်တည်းနေတဲ့အမျိူးသား အမျိူးသမီး သို့မဟုတ် မိမိရဲ့ဆက်ဆံဖော် အဝေးရောက်နေတဲ့ အချိန်စတဲ့အခြေအနေတွေမှာပဲ အာသာဖြေကြတယ်လို့ ထင်မှာပါ။ ဒါဟာမှားယွင်းတဲ့ ထင်မြင်မှုပါ။ သုတေသန အချက်အလက်တွေအရဆိုရင် ဆက်ဆံဖော်ရှိတဲ့သူတွေ သို့မဟုတ် အိမ်ထောင်ရှိပြီး နေ့တိုင်းဆက်ဆံနေရတဲ့သူတွေဟာ  တစ်ကိုယ်တည်းသမားတွေထက်တောင် အာသာဖြေတဲ့အကြိမ်ရေပိုများပါတယ်တဲ့။

ဒါဟာဘာဖြစ်လို့လဲဆိုတော့ တစ်ကိုယ်ရည် အာသာဖြေလို့ရတဲ့ စိတ်ကျေနပ်မှုဟာ လိင်ဆက်ဆံလို့ရတဲ့ စိတ်ကျေနပ်မှုနဲ့ တခြားစီဖြစ်ပါတယ်။ ဒါ့အပြင်အမျိူးသားအမျိူးသမီးအများစုဟာ တစ်ကိုယ်ရည် အာသာဖြေခြင်းကြောင့်ရတဲ့စိတ်ခံစားမှု (ပြီးခြင်း) က ပိုလို့တောင် ကောင်းတယ်လို့ဆိုထားပါတယ်။

လိင်ဆက်ဆံတဲ့အခါမှာ အယုအယ အထိအတွေ့တွေကြောင့် ကာမစိတ်ပိုထပေမယ့် အကြောင်းကြောင်းကြောင့် အပေးအယူမမျှရင် တစ်ယောက်က (အများအားဖြင့်အမျိူးသားက) စိတ်ကျေနပ်မှုရသော်လည်း ဆက်ဆံဖက် (အများအားဖြင့်အမျိူးသမီးက) စိတ်ကျေနပ်မှုမရတာ သို့မဟုတ် ပြီးဆုံးခြင်း မရောက်တာမျိူးတွေရှိလို့ပါ။

ဘာကြောင့် အာသာဖြေလည်း ကတော့ရှင်းပါတယ်။

အကြမ်းအားဖြင့်ကတော့ မိမိတို့ရဲ့ဆက်ဆံဖော် ဝေးကွာနေတဲ့ အချိန်မျိုးမှာ လွမ်းဆွတ်သတိရခြင်း နဲ့ အတူ ဖြစ်ပေါ်လာတဲ့ လိင်စိတ်တစ်မျိုးကြောင့် တစ်ကိုယ်ရည်အာသာဖြေ ကြတယ်လို့တော့ ပြောကြပါတယ်။ သို့သော် အပေါ်မှာလည်း ပြောခဲ့ပါတယ်။ လိင်ဆက်ဆံဖော် နေ့တိုင်းတဲ့ရှိသူတွေလည်း အာသာဖြေကြပါတယ်။

အရှင်းဆုံးကတော့ လူဆိုတာအသွေးအသားနဲ့တည်ဆောက်ထားတဲ့ ပုထုဇဉ်လူသားတစ်ယောက်ဖြစ်သောကြောင့် ပတ်ဝန်းကျင်ရဲ့လှုံ့ဆော်မှုတွေစတဲ့ အကြောင်းကြောင်းကြောင့် အချိန်မရွေး လိင်စိတ်ဖြစ်ပေါ်တဲ့အခါတွေ ရှိပါတယ်။ အဲ့စိတ်တအားများလာပြီး မချုပ်ထိန်းနိုင်တဲ့အခါ အာသာဖြေခြင်းကို ဖြစ်စေပါတယ်။

 Myanmar (Covid-19 Stats)

😷 236 Total Cases
😥 6 Deaths
😇 148 Recovered

တစ်ကိုယ်ရည်အာသာဖြေခြင်း

၁၈နှစ်ပြည့်ပြီးသူများမှ ဖတ်ပါရန် (AGE UNDER 18 YEARS ARE NOT ALLOWED TO READ THIS ARTICLE)

တစ်ကိုယ်ရည် အာသာဖြေခြင်းရဲ့ အကျိူးအပြစ်တွေကဘာတွေလဲ။

ကောင်းကျိူးတွေကို စပြောပါမယ်။

တစ်ကိုယ်ရည် အာသာဖြေခြင်းဖြင့် စိတ်ထဲတင်းကြပ်နေတာတွေကို လျော့ပါးစေတယ်။ သုက်လျှံခြင်း၊ ညအိပ်ရင်းနဲ့သုက်လွှတ်ခြင်းတွေကိုလည်း ပျောက်ကင်းသက်သာစေနိုင်ပါတယ်။ နောက်ကိုယ်ဘယ်လိုအနေအထားမျိူးမှာ ပြီးတတ်လဲဆိုတာကို ကောင်းကောင်းသိစေတဲ့အတွက် လိင်ဆက်ဆံရာမှာလည်း ပိုခံစားလို့ကောင်းအောင် အထောက်အကူပြုတယ်။

နောက်မိမိဘာသာ အာသာဖြေတဲ့အတွက် လိင်ဆက်ဆံရာကနေကူးနိုင်တဲ့ ဘီပိုး၊ စီပိုး၊ အေအိုင်ဒီအက်စ် စတဲ့ ရောဂါတွေလည်းမဖြစ်ဘူး။ အကြောအချဉ် ကြွက်သားတွေ တင်းတာတွေကို လျော့စေတဲ့အတွက် စားကောင်းအိပ်ပျော်စေတယ်။ လိင်ဆက်ဆံဖော်နဲ့ ဝေးနေချိန်မှာလည်း စိတ်ကျေနပ်မှုရစေတယ်။

ဟာ ဒီလိုကောင်းကျိူးတွေရှိတယ်ဆိုတော့ နေ့တိုင်းတစ်နေ့ ၃ ခါလောက် အာသာဖြေလို့ရလားလို့ မေးချင်စရာရှိပါတယ်။

တစ်ပတ်ကိုဘယ်နှစ်ကြိမ် တစ်နေ့ဘယ်နှစ်ခါပဲဖြေရမယ်လို့တော့ မရေးထားပါဘူး။ အာသာဖြေခြင်းကြောင့် သင်ရဲ့နေ့စဉ်လုပ်ငန်းတွေအပေါ် အနှောင့်အယှက်ဖြစ်ရင် (ဆိုလိုတာက အာသာဖြေခြင်းကြောင့် ခုနကလိုမျိူးကောင်းကျိုးတွေ မခံစားရဘဲ အားမရှိသလိုဖြစ်နေရင် နေရထိုင်ရမကောင်းတာတွေရှိရင်)တော့ အကြိမ်ရေလျှော့တာ နားတာတွေ လုပ်သင့်ပါတယ်။

ဘယ်အရာမှာမဆို ကောင်းကျိူး၊ ဆိုးကျိူးက ဒွန်တွဲနေပါတယ်။

အာသာဖြေခြင်းရဲ့ဆိုးကျိူးတွေကတော့

နေ့စဉ်ရက်ဆက် ပြုလုပ်ပါက လိင်အင်္ဂါ ရောင်ရမ်းခြင်း ၊ ကြွက်သားများ နာကျင်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ အရမ်းများလွန်းရင် နောက်ပိုင်းအသက်ရလာတဲ့အခါ ပန်းသေပန်းညိုးတာတွေ ဖြစ်နိုင်ချေပိုများပါတယ်။ နောက်တစ်ကိုယ်ရည်အာသာဖြေတာကို အရမ်းများလွန်းတဲ့အခါကျ တကယ်တမ်းလိင်ဆက်ဆံရင် စိတ်ကျေနပ်မှု မရတာမျိူးလည်း ဖြစ်နိုင်ပါတယ်။

နောက်လက်ကမသန့်ရင် သို့မဟုတ် အာသာဖြေပြီး မိမိအဂါင်္ကို သေချာမဆေးဘဲ တွေ့ရာအဝတ်စုတ်နဲ့သုတ်ရင် ပိုးဝင်တတ်ပါတယ်။ နောက်ပြီးအရာဝတ္ထုတစ်ခုခုကိုသုံးပြီးအာသာဖြေရာတွင် ထိုအရာဝတ္ထုသည်မသန့်ရင် ပိုးဝင်တာမျိူးသော်လည်းကောင်း၊ ချွန်ထက်တဲ့အရာမျိူးဆိုပါက ထိခိုက်ရှနာခြင်းသော်လည်းကောင်း၊ ထိုအရာဝတ္ထုမှအစိတ်အပိုင်းများပဲ့ကျပြီး မိန်းမကိုယ်ထဲတွင် သို့မဟုတ် မစင်စွန့်ရာလမ်းကြောင်းထဲတွင် ကျန်နေခြင်းသော်လည်းကောင်း ဖြစ်တတ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ကတော့အာသာဖြေခြင်းနဲ့ ပတ်သက်ပြီး လွဲမှားတဲ့အယူအဆတွေကို ပြောချင်ပါတယ်။ အဲ့ဒါတွေကတော့ အာသာဖြေတာများရင် လိင်တံသေးတာဖြစ်စေတယ် သို့မဟုတ် လိင်တံကြီးတာ ရှည်တာကိုဖြစ်စေတယ် ယောက်ျားလေးတွေဆို အာသာဖြေတာများရင် အခြောက်ဖြစ်သွားတတ်တယ် အာသာဖြေတာများရင် အမွှေးအမျှင်တွေ များလာတတ်တယ်။ အရပ်ပုပြီး ခန္ဓာကိုယ်သိပ်မထွားတာမျိူးတွေဖြစ်စေတယ် ဆိုတဲ့ယုံတမ်းစကား သို့မဟုတ္ ထူးဆန်းတဲ့ ယုံကြည်မှုတွေလည်း ရှိပါသေးတယ်။

Source; Ondoctor