အကယ်ဒမီ (အမျိုးသားဇာတ်ဆောင်ဆု) နှစ်ကြိမ် ဆွတ်ခူးရရှိခဲ့သည်။
- ၁၉၆၇-ခုနှစ် (ဆောင်းအိမ်မက်)ဇာတ်ကား
- ၁၉၇၀-ခုနှစ် (မှုံရွှေရည်)ဇာတ်ကား
၎င်းအပြင် ဝင်းဦး၏ အဆိုတော်ဘဝကို အစပြုခဲ့သည့် သီချင်းမှာ "တေလေငှက်"ဖြစ်ပြီး ယင်းသီချင်းကို "ချစ်သောသူတစ်ယောက်"ဇာတ်ကားတွင် ကိုယ်တိုင်သီဆိုသရုပ်ဆောင်ခဲ့သည်။ ထို့အပြင် ဝင်းဦးသည် အချစ်၊ အလွမ်း၊ တိုင်းပြု ပြည်ပြု သီချင်းများနှင့် ခေတ်ပေါ်သီချင်းများ သာမက ရှေးသီချင်းကြီးများကိုပါ ပိုင်နိုင်စွာသီဆိုနိုင်သူ တစ်ဦးဖြစ်ပြီး တစ်ချိန်က မန္တလေးမြို့မအပျော်တမ်းတူရိယာအဖွဲ့နှင့်တွဲဖက်၍လည်း သီချင်းများ သီဆိုခဲ့သည်။ ၎င်းအပြင် "ကင်းဝန်" အမည်ရှိဓာတ်ပြားကုမ္ပဏီ တည်ထောင်ကာ ကိုယ်တိုင်သီဆိုသည့် သီချင်းများကို ဓာတ်ပြားများအဖြစ် ထုတ်လုပ်ဖြန့်ဖြူးခဲ့သေးသည်။
စာပေလုပ်ငန်း
========
ဝင်းဦးသည် ကျောင်းသား ဘဝကပင် သွေးသောက် မဂ္ဂဇင်းနှင့် ရှုမဝမဂ္ဂဇင်း တို့တွင် ညိုမင်းလွင် ကလောင် အမည်ဖြင့် ကဗျာ၊ ဝတ္ထုများ ရေးသားခဲ့သည်။ ပထမဆုံး ရေးသားခဲ့သော ဝတ္ထုမှာ ဂျိန်း ဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ် ရှုမဝမဂ္ဂဇင်း၌ တက္ကသိုလ် ကျောင်းသားတစ်ဦး မဂ္ဂဇင်း ဝတ္ထုရှည်ကြီးကို ရေးသားခဲ့သည်။ ဤမဂ္ဂဇင်း ဝတ္ထုရှည်ကို ဝင်းဦး ကလောင်အမည်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။ ဝင်းဦး ဆိုသော အမည်သည် ယင်း ဝတ္ထုရှည်ကြီးကြောင့် နာမည်ကျော်ကြား လူသိများခဲ့သည် မှန်သော်လည်း တစ်နိုင်ငံလုံးက ဝင်းဦးကို အသိအမှတ် ပြုခဲ့သည်မှာ ရုပ်ရှင်ကြောင့်ပင် ဖြစ်သည်။
ထို့အပြင် စန္ဒာမဂ္ဂဇင်းတိုက်ကို တည်ထောင်ပြီး မြန်မာ့စာပေသမိုင်းတွင် ပထမဆုံးသော ရောင်စုံအော့ဖ်ဆက် နည်းဖြင့် ထုတ်လုပ်သည့် ပထမဆုံးသော "စန္ဒာ"ပုဂ္ဂလိက ရောင်စုံမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။[၄] ထိုမဂ္ဂဇင်းတွင် ဝင်းဦးသည် ခင်မောင်ဝင့်အမည်ဖြင့် ကမ္ဘာ့ရုပ်ရှင်လောကနှင့် မြန်မာ့ရုပ်ရှင်လောကအကြောင်းများကို သုတရသ ပြောင်မြောက်စွာ ရေးသားခဲ့သည်။ ယင်းမဂ္ဂဇင်းတွင် ကလေးများအတွက် ဦးဦးပုံပြောမယ်၊ အမျိုးသမီးများအတွက် မရှပ်တေး ဟူသော အခန်းကဏ္ဍများကြောင့် ပရိသတ်များ၏အထူး အားပေးမှုကိုရရှိကာ ထိုအချိန်က စောင်ရေအများဆုံးသော မဂ္ဂဇင်း တစ်စောင်ဖြစ်ခဲ့သည်။ စာမူ အရေအတွက် များများ ဖော်ပြနိုင်ရန်အတွက် စန္ဒာမဂ္ဂဇင်းတွင် စာလုံးသေး (၁၂) ပွိုင့်ကို စတင် အသုံးပြုခဲ့သည်။ ဝင်းဦး၏ ကလောင်အမည်ခွဲများမှာ ညိုမင်းလွင် နှင့် ခင်မောင်ဝင့် တို့ ဖြစ်သည်။
ဘဝနိဂုံး
=====
ထို့နောက် ဝင်းဦးသည် ၁၉၈၈−ခုနှစ်တွင် အူမကြီးကင်ဆာကြောင့် ဗြိတိန်သို့ ဆေးသွားကုပြီး ပြန်လာသည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလလ ၁၄ ရက်နေ့တွင် ခိုင်မာလာနှင်းဆီ ဇာတ်ကားရိုက်ကူးဆဲတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ပြီးသောအခါ ဝင်းဦး၏ အမွေများအား ဒေါ်အိုင်ရင်းတင်လှက ဆက်ခံရသည်။ ပေခြောက်ထောင်ကျော် ရိုက်ကူးထားကာ အပြီးမသတ် ရသေးသော ခိုင်မာလာနှင်းဆီ ဇာတ်ကားကို ဒေါ်အိုင်ရင်းတင်လှက ရုပ်ရှင်မင်းသားရန်အောင် နှင့် အစားထိုး အပြီးသတ် ရိုက်ကူးခဲ့သည်။
ရေးသား ပြုစုခဲ့သော စာအုပ်များ
==================
သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများ
Source; Wikipedia

