ကျန်းမာတော်မူကြပါစခင်ဗျာ။ မိုးလေဝသ - အောင်လံ (NGO) Web စာမျက်နှာသည် အစိုးရအဖွဲ့အစည်း မဟုတ်ပါ။ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းသာ ဖြစ်ပါသည်။ အောင်လံမြို့နှင့် အနီးတစ်ဝိုက်၏ မိုးလေဝသ သတင်း အချက်အလက်များကို အချိန်နှင့်တပြေးညီ ဖော်ပြပေးလျှက်ရှိပါသည်။

Wednesday, June 10, 2020

(၁၁-၀၆-၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ

(၁၁-၀၆-၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ
=====================================

အပူချိန်အခြေအနေခန့်မှန်းချက်
=================

အမြင့်ဆုံးအပူချိန် = 33C

အနိမ့်ဆုံးအပူချိန် = 25C



နာရီအလိုက်အပူချိန်အခြေအနေခန့်မှန်းချက်
========================

နံနက် ၀၅း၀၀ နာရီ = 25C

နံနက် ၀၇း၀၀ နာရီ = 26C

နံနက် ၁၀း၀၀ နာရီ = 29C

မွန်းတည့် ၁၂း၀၀ နာရီ = 32C

မွန်းလွဲ ၁၃း၀၀ နာရီ = 33C

မွန်းလွဲ ၁၅း၀၀ နာရီ = 32C

ညေန ၁၇း၀၀ နာရီ = 30C

ည ၂၀း၀၀ နာရီ = 27C

ည ၂၃း၀၀ နာရီ = 26C



မိုးအခြေအနေခန့်မှန်းချက်
==============

          နံနက်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။ နေ့လယ်ပိုင်းတွင် သာယာ၍ ညနေပိုင်းတွင် တိမ်ထူထပ်ခါ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ဖွယ်ရာရှိပါသည်။ ညပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်ပါမည်။


လေအခြေအနေ

လေတိုက်အရပ် = အရှေ့တောင်၊ အနောက်တောင်။

လေတိုက်နှုန်း = 20 km/h (အရှေ့တောင်)။

                 = 15 km/h (အနောက်တောင်)။

လေထုဖိအား = 1005 hPa



မိုးလေဝသ - အောင်လံ (NGO)

လျှပ်စစ်အန ္တ္တ္တ္တ္တ္တရာယ် အစဉ်သတိပြုဖွယ်

စာတည်းရှုထောင့်

 

ဓာတ်လိုက်မှုအန္တရာယ်ရှိနိုင်သဖြင့် နေအိမ်၊ ဝင်းခြံစည်းရိုး၊ သံပန်း၊ သံတံခါး၊ သံဆန်ခါများတွင် မီးကြိုးများသွယ်တန်း ချည်နှောင်ခြင်းမပြုရ။

 

ဓာတ်အားလိုင်းကြိုးများ၊ အိမ်သုံးဆားဗစ်ဝါယာကြိုးများ ပြတ်ကျမှုများ တွေ့ရှိပါက ကိုင်တွယ်မှုလုံးဝ(လုံးဝ) မပြုလုပ်ရပါ။ အခြားသူများ မကိုင်မိအောင်လည်း စောင့်ကြည့်တားဆီးထားပါ။ လျှပ်စစ်လုပ်ငန်းကျွမ်းကျင်သူ လျှပ်စစ်ရုံးသို့ အမြန်ဆုံးအကြောင်းကြားပါ။

 

ဓာတ်အားလိုင်းကြိုးများ နိမ့်ကျနေခြင်း၊ ဓာတ်အားလိုင်းကြိုးများပေါ်တွင် မီးပွားများဖြစ်ပေါ်နေခြင်းများ တွေ့ရှိပါက လျှပ်စစ်ရုံးသို့ အမြန်အကြောင်းကြားပါ။

 

TV  အင်တာနာတိုင် တပ်ဆင်ရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရန်အတွက် ဓာတ်အားလိုင်းကြိုးအနီးနှင့် ဓာတ်အားလိုင်းကြိုးများအောက်တွင် စိုက်ထူခြင်းမပြုလုပ်ရန် အထူးသတိပြုပါ။

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတင်းစာမှတစ်ဆင့် ပြည်သူများသို့ အသိ၊ သတိပေးထားချက်များ ဖြစ်ပါသည်။ ထို့နည်းတူ မြို့နယ်မှ တာဝန်ရှိသူများကလည်း လျှပ်စစ်အန္တရာယ်ကင်းဝေးရေး ပညာပေးဟောပြောပွဲများကို မြို့နယ်တိုင်းမှာ ကျင်းပအသိပေးလျက်ရှိနေသည်ကို တွေ့ရသည်။ ထိုသို့ သတိပေးထားသော်လည်း အသိအမြင်ဗဟုသုတ နည်းပါးခြင်း၊ သတိမမူမိခြင်းတို့ကြောင့် အသက်အန္တရာယ်ကြုံတွေ့ရမှုများ ရှိနေသည်။

 

ပြည်သူများသို့ လျှပ်စစ်အန္တရာယ်ကို ကြိုတင်အသိပေးသလို အခြားတစ်ဖက်တွင်လည်း တာဝန်ရှိသူများကိုယ်တိုင် မိမိတာဝန်ယူထားရာမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးမှုများ မကြာခဏပြုလုပ်နေသင့်ပါသည်။ မြို့ပြလျှပ်စစ် မီးတိုင်များဆိုလျှင် မနိုင်ဝန်ကို ထမ်းနေရသည်။ လျှပ်စစ်ကြိုးများ ပင့်ကူအိမ်သဖွယ် ရှုပ်ယှက်ခတ်လျက်ရှိနေသည်။ လိုင်းပူး၊ လိုင်းခွာအန္တရာယ်များ အချိန်မရွေးရှိနိုင်ပါသည်။ ကျွမ်းကျင်ရာလိမ္မာ ပညာရှင်များသာ အန္တရာယ်ရှိ၊ မရှိကို ကြိုတင်သိနိုင်၍ ကြိုတင်ကာကွယ်မှုပြုလုပ်ပေးကြရမည်ဖြစ်သည်။

 

အချို့ဓာတ်ကြိုးလိုင်းများမှာ နှစ်ပရိစ္ဆေဒကြာလှပြီ။ အိုမင်းဟောင်းနွမ်း နေပြီး ဓာတ်ကြိုးများကြံ့ခိုင်ရေးအတွက် အချိန်မီလဲလှယ်ပြုပြင်သင့်သည့် အချက်များဖြစ်ပါသည်။

 

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဤလျှပ်စစ်ကြိုးများ အသစ်လဲလှယ်တပ်ဆင်ရေး အဆိုတင်သွင်းခဲ့သည်။ ဝိုင်းဝန်းထောက်ခံဆွေးနွေးကြသည်။ အထူးသဖြင့် အသစ်လဲလှယ်ပါက မြေအောက်ဓာတ်ကြိုးလိုင်းများ ဖြစ်သင့်ကြောင်း အထောက်အထားများနှင့်အကြံပြုကြသည်။ ရန်ကုန်မြို့ပြ၏ အချိန်မီလုပ်ဆောင်သင့်သည့်အချက်တစ်ရပ်ဖြစ်ပါသည်။ ထိုသို့ အသစ်လဲလှယ် ရန်အတွက် ငွေကြေးမြောက်မြားစွာ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။  တစ်ပြိုင်တည်းမှာ အားလုံးကိုမဆောင်ရွက်နိုင်၊ ကဏ္ဍလိုက်၊ အပိုင်းလိုက်ကို စနစ်တကျနှင့် အသစ်တပ်ဆင်ခြင်း၊ အဟောင်းများကို အန္တရာယ်ကင်းအောင် ယာယီပြုပြင်ပေးခြင်းများကို ဘဏ္ဍာရေးနှစ်အလိုက် ရေရှည်ဆောင်ရွက် ကြရမည်ဖြစ်ပါသည်။

 

ဤသို့ လုပ်ဆောင်သွားလျှင် မကြာမီ အားလုံးဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းသွားနိုင်ပါသည်။ မြို့ပြနေ ပြည်သူများသာ အန္တရာယ်ကင်းဝေးမည်သာမကဘဲ မြို့ပြအကျိုးဆောင်၊ မြို့ပြအလှ လမ်းဘေးသစ်ပင်ကြီးငယ်များသည်လည်း လျှပ်စစ်ကြိုးနှင့် မလွတ်၍ မကြာမကြာ ခုတ်ထစ်၊ ကိုင်းဖြတ်၊ ခုတ်လှဲခံနေရမှုများမှ လွတ်ကင်းသွားမည် ဖြစ်ပါသည်။ အကြောင်းမူ မြို့ပြ၏ လျှပ်စစ်ကြိုးများအားလုံး မြေအောက်ရောက်သွားမည်ဖြစ်ပါသည်။  ဤသို့ဖြင့် ရန်ကုန်မြို့ကြီးသည် လျှပ်စစ်အန္တရာယ်ကင်းရှင်းလျက် သစ်ပင်၊ သစ်တောများဖြင့်ဖွံ့ဖြိုးရှင်သန်မည့် ပန်းမန်ဥယျာဉ်မြို့တော်တစ်ခုဖြစ်လာပါလိမ့်မည်။

 

လျှပ်စစ်နှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် လူဦးရေ၏ ၃ဝ ရာခိုင်နှုန်းကျော်သာ သုံးစွဲနိုင်ကြသေးသည်။ ယေဘုယျအားဖြင့် မြို့ပြတွင်ဦးစားပေး လျှပ်စစ်သုံးစွဲနိုင်သည်။ မိမိတို့နိုင်ငံတွင် ကျေးလက်နေပြည်သူ ၇ဝ ရာခိုင်နှုန်း ရှိရာ ၂ဝ၁၆ ခုနှစ်တွင် နိုင်ငံ့လူဦးရေ၏ ၆ဝ ရာခိုင်နှုန်းထိ လျှပ်စစ်မီးရရှိရန် ရေတိုရေရှည်စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

 

လျှပ်စစ်သုံးစွဲမှုများလာသည်နှင့်အမျှ အခြားတစ်ဖက်မှာ လျှပ်စစ်အန္တရာယ်ကလည်း လိုက်ပါလာနိုင်သည်။ သို့သော် အားသာချက်တစ်ရပ်မှာ အချိန်မီလဲလှယ်သုံးစွဲလာမည့် လျှပ်စစ်ကြိုးများ အသစ်ဖြစ်၍ ကြံ့ခိုင်မှုရှိနေမည် ဖြစ်ပါသည်။

 

မည်သည့်အရာမဆို လူကိုအကျိုးပြုသည်မှန်သော်လည်း မသုံးစွဲတတ်လျှင် အန္တရာယ်ရှိနိုင်သည်ကို သတိမူရမည်ဖြစ်ပါသည်။


Ref; Myanmar News Agency

ကမ္ဘာပေါ်ရှိအပူဆုံးနိုင်ငံများနှင့် မြန်မာ့ရာသီဥတုအခြေအနေ




အေဝမ်းစိုး
 
မြန်မာနိုင်ငံ၏ ဥတုရာသီသုံးမျိုးသည် ကမ္ဘာကြီးပိုမိုပူနွေး လာမှုနှင့်အတူ ဖောက်လှဲဖောက်ပြန် ရာသီဥတုအခြေအနေ များကြောင့် ယခုကဲ့သို့ နွေရာသီကာလဆိုလျှင် ယခင်က ထက် ပိုမိုပူပြင်းလာခြင်း၊ မိုးရာသီတွင် အချို့ဒေသများ၌ မိုးခေါင်ပြီး အချို့ဒေသများတွင် မိုးသည်းထန်ခြင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခြင်းနှင့် ဆောင်းရာသီတွင် အအေးပေါ့လာခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။ 
 
မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် ယခုနွေကာလ တွင် အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အပူဒဏ်ကို အလူးအလဲခံစားနေကြရရာ ကမ္ဘာပေါ်တွင် အပူဒဏ်ကို အခံရဆုံးနိုင်ငံဟုပင် ထင်မှတ်ရသည်။ သောက်သုံးရေ ရှားပါးမှုပြဿနာများကိုလည်း   ရင်ဆိုင်နေကြရသည်။ မြန်မာနိုင်ငံထက် ပိုမိုပူပြင်းသည့် နိုင်ငံများရှိနေသည်ကို သိရှိနိုင်စေရန်နှင့် မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေကို နှိုင်းယှဉ်သုံးသပ်နိုင်စေရန် ကမ္ဘာ့အပူဆုံး (၁ဝ)နိုင်ငံကို စုစည်းတင်ပြရလျှင်-
 
(၁) လစ်ဗျား
 
မြောက်အာဖရိကဒေသတွင်တည်ရှိသည့် လစ်ဗျားနိုင်ငံ သည် ကမ္ဘာပေါ်တွင် အပူပြင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံ ထားရသည်။ နိုင်ငံ၏ ဒေသအတော်များများကို လစ်ဗျား သဲကန္တာရက ဖုံးလွှမ်းထားသည့်အတွက် တစ်နှစ်ပတ်လုံး ပူပြင်းခြောက်သွေ့နေတတ်ပြီး နှစ်စဉ် နွေရာသီကာလ ဆိုလျှင်  အပူရှိန်ပြင်းလွန်းသည့်အတွက်  လစ်ဗျားပြည်သူ များအနေဖြင့် အရေပြားတွင် အရည်ကြည်ဖုပေါက်ခြင်းနှင့် အခြားသောအရေပြားရောဂါများကို ခံစားကြရသည်။ လစ်ဗျားနိုင်ငံ၏ အပူချိန်မှာ ၅၅ ဒီဂရီစင်တီဂရိတ်ရှိပြီး အပူပြင်းဆုံးနှစ်မှာ ၁၉၂၂ ခုနှစ်ကဖြစ်ပြီး ၅၇ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်တင်ထားသည်။ 
 
(၂) ဆော်ဒီအာရေဗျ
 
အရှေ့အလယ်ပိုင်းဒေသတွင်တည်ရှိသည့် ဆော်ဒီအာရေဗျ နိုင်ငံသည်  ကမ္ဘာပေါ်တွင်  ဒုတိယမြောက်အပူဆုံးနိုင်ငံ ဖြစ်သည်။ ပူပြင်းသည့်ရာသီဥတုအခြေအနေနှင့် သဲကန္တာရ ကို ဖြတ်သန်းလာသည့် လေပူများတိုက်ခတ်ခြင်းနှင့် နိုင်ငံ ၏ဒေသအတော်များများသည် ကန္တာရအတွင်းတည်ရှိ နေခြင်းကြောင့် ဆော်ဒီအာရေဗျနိုင်ငံတွင် အပူချိန်သည် တစ်နှစ်ပတ်လုံး   ၅ဝ  ဒီဂရီစင်တီဂရိတ်အထက်တွင် အမြဲတမ်းရှိနေသည်။ 
 
(၃) အီရတ် 
 
အာရှတိုက်အနောက်ပိုင်းတွင် တည်ရှိသည့် အီရတ်နိုင်ငံ သည် စစ်ပွဲကြောင့်ဖြစ်ပွားရသည့် ပြဿနာများကို ရင်ဆိုင် နေရသည့်အပြင် နောက်ထပ်အကြီးမားဆုံး ရင်ဆိုင်ရသည့် ပြဿနာမှာ အပူရှိန်ပြင်းလွန်းသည့် ပြဿနာဖြစ်သည်။ အီရတ်နိုင်ငံ၏ နိုင်ငံတစ်ဝန်းပျမ်းမျှအပူချိန်မှာ ၄ဝ ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး နွေရာသီကာလဆိုလျှင် ၄၈ မှ ၅၄ ဒီဂရီစင်တီဂရိတ်ထိ ရှိသည်။ 
 
(၄) အယ်လ်ဂျီးရီးယား
 
အယ်လ်ဂျီးရီးယားနိုင်ငံသည်  မြောက်အာဖရိကဒေသတွင် တည်ရှိပြီး ကမ္ဘာ့အပူဆုံးနိုင်ငံဖြစ်သည့် လစ်ဗျားနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။ အယ်လ်ဂျီးရီးယား နိုင်ငံ၏    အစိတ်အပိုင်းအတော်များများသည်လည်း သဲကန္တာရများအဖြစ်တည်ရှိနေပြီး ညအခါတွင် အလွန် အေးကာ နေ့အခါတွင် အလွန်ပူပြင်းသည်။ နွေရာသီ ကာလ ပျမ်းမျှနေ့အပူချိန်များမှာ ၅ဝ နှင့် ၅၃ ဒီဂရီစင်တီ ဂရိတ်ကြားတွင် ရှိသည်။ 
 
(၅) အီရန် 
 
ကမ္ဘာပေါ်တွင် ပဉ္စမမြောက်အပူဆုံးနိုင်ငံမှာ အီရန်နိုင်ငံ ဖြစ်သည်။ အီရန်နိုင်ငံ၏ နွေရာသီကာလများသည် အလွန် ပူပြင်းသကဲ့သို့ ဆောင်းရာသီကာလတွင် အလွန်အေးသည်။ သို့သော် ဆောင်းရာသီကာလသည် တိုတောင်းလှသည်။ အီရန်နိုင်ငံ၏ နွေရာသီကာလ ပျမ်းမျှအပူချိန်များမှာ ၄ဝ မှ ၄၅ ဒီဂရီစင်တီဂရိတ်ကြားတွင် ရှိသည်။ 
 
(၆) အိုမန် 
 
အရှေ့အလယ်ပိုင်းဒေသမှ အာရပ်နိုင်ငံတစ်နိုင်ငံဖြစ်သည့် အိုမန်နိုင်ငံသည် ကမ္ဘာ့အပူဆုံးနိုင်ငံများတွင် အဆင့်(၆) နေရာတွင် ရပ်တည်နေသည်။ အိုမန်နိုင်ငံ၏ ရာသီဥတု အခြေအနေသည် မိုးရွာသွန်းမှုနည်းပါးပြီး အပူချိန်မြင့်မား သည်။ တစ်နှစ်လျှင် ခြောက်လခန့်သည် ပူပြင်းသည့်ကာလ များဖြစ်နေတတ်ပြီး အပူချိန်သည် ၅ဝ မှ ၅၃ ဒီဂရီစင်တီ ဂရိတ်ကြားတွင် ရှိသည်။ သို့သော် ရေနံကြွယ်ဝပြီး ချမ်းသာ သည့်နိုင်ငံဖြစ်သည့်အတွက်  အပူဒဏ်ကို အဲကွန်းခန်းများ တွင်နေထိုင်၍ ကာကွယ်ကြသည်။  
 
(၇) ဆူဒန် 
 
အာဖရိကတိုက်မှ  ဆူဒန်နိုင်ငံသည်  တစ်နှစ်ပတ်လုံး အပူချိန်မြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မိုးရွာသွန်းမှု အလွန်နည်းပါးခြင်း၊ ကန္တာရဧရိယာများပြားခြင်း၊ မိုးခေါင် ခြင်းနှင့် အစာရေစာရှားပါးခြင်းပြဿနာများနှင့် ရင်ဆိုင် နေရသည်။ ဆူဒန်နိုင်ငံ၏ ပျမ်းမျှအပူချိန်မှာ ၅၂ ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။ 
 
(၈) အိန္ဒိယ
 
တောင်အာရှဒေသတွင် တည်ရှိသည့် အိန္ဒိယနိုင်ငံသည် ရာသီဥတုအခြေအနေအမျိုးမျိုးတည်ရှိသည်။  အိန္ဒိယ တောင်ပိုင်းသဲကန္တာရဒေသများသည် အပူချိန် ၄၈ ဒီဂရီ စင်တီဂရိတ်အထိ ရှိသည်။ 
 
(၉) ဆိုမာလီယာ 
 
အာဖရိကတိုက်မှ ဆိုမာလီယာနိုင်ငံသည် ကမ္ဘာ့အပူဆုံး နိုင်ငံများတွင်   အဆင့်(၉)နေရာတွင်   ရပ်တည်နေပြီး တစ်နှစ်ပတ်လုံး အပူချိန်မြင့်မားသည့်နိုင်ငံဖြစ်သည်။ မိုးရွာ သွန်းမှုမရှိခြင်းနှင့် အလွန်ပူပြင်းသည့် ရာသီဥတုအခြေ အနေတို့သည် မိုးခေါင်ရေရှားခြင်းနှင့် အစာရေစာ ရှားပါး ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ဆိုမာလီယာနိုင်ငံ၏ ပျမ်းမျှ အပူချိန်မှာ ၅ဝ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။  
 
(၁ဝ) မက္ကဆီကို
 
ဗဟိုအမေရိကဒေသမှ မက္ကဆီကိုနိုင်ငံသည် ကမ္ဘာ့အပူဆုံး နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မက္ကဆီကိုနိုင်ငံ၏ နွေရာသီကာလပျမ်းမျှအပူချိန်မှာ ၅ဝ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ 
 
အထက်ဖော်ပြပါနိုင်ငံများ၏ ပတ်ဝန်းကျင်အနေ အထား၊ ရာသီဥတုအခြေအနေနှင့် အပူချိန်တို့ကို ဆက်စပ် သုံးသပ်ရလျှင် သစ်တောဧရိယာမရှိဘဲ သဲကန္တာရထူထပ် များပြားသောနိုင်ငံများဖြစ်ခြင်းနှင့် ရေနံထွက်ရှိရာ အရှေ့ အလယ်ပိုင်းဒေသမှ နိုင်ငံများ အများဆုံးပါဝင်သည်ကို တွေ့ရှိရသည်။ အပူချိန်များသည်လည်း ၄၅ ဒီဂရီစင်တီ ဂရိတ်မှ ၅၅ ဒီဂရီစင်တီဂရိတ်ကြားတွင် ရှိနေသည်ကို      တွေ့ရသည်။ 
 
မြန်မာနိုင်ငံရှိ မကွေးမြို့၊ ချောက်မြို့တို့သည်လည်း အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ရှိပြီး မုံရွာမြို့၊ မြင်းခြံမြို့၊ မင်းဘူးမြို့တို့သည်လည်း အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ် ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အပူချိန် များသည်  တစ်နှစ်ထက်တစ်နှစ်  မြင့်တက်လာနေရာ နောက်နှစ်အနည်းငယ်အတွင်း သဲကန္တာရနိုင်ငံများ၏ အပူချိန်ကို အမှီလိုက်ရန် တာစူနေသည်မှာ ကောင်းသော လက္ခဏာမဟုတ်သကဲ့သို့ သစ်တောပြုန်းတီးမှုနှင့် သဘာဝ ပတ်ဝန်းကျင်ကို ပြုပြင်ထိန်းသိမ်းရန် အဆောတလျင် လိုအပ်နေကြောင်း မီးမောင်းထိုးပြနေခြင်းဖြစ်သည်။
 
''ဥတုရာသီ တောကိုမှီ''ဟု မြန်မာဆိုရိုးစကားရှိသော် လည်း မြန်မာနိုင်ငံ၏ ရာသီဥတုအမှီသဟဲပြုစရာ မြန်မာ့ သစ်တောကြီးများသည် မဆင်မခြင် ခုတ်ထွင်သုံးစွဲမှုကြောင့် ပြောင်တလင်းခါနေပြီဖြစ်သည်။ ထို့ကြောင့် ပြောင်းလဲ ဖောက်ပြန်နေသော ရာသီဥတုအခြေအနေကို အချိန်မီထိန်းသိမ်းကာကွယ်ကြရမည်ဖြစ်သည်။  သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်း၊ သစ်ပင်ခုတ်ထွင်မှုကို ဥပဒေဖြင့် တင်းတင်းကျပ်ကျပ်တားမြစ်ခြင်း၊ သစ်တောများထိန်းသိမ်း ခြင်းတို့ကို အစိုးရ၊ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်း များနှင့် မြန်မာပြည်သူအားလုံး အတူလက်တွဲ ဝိုင်းဝန်း လုပ်ဆောင်၍ မြန်မာ့ရာသီဥတုအခြေအနေကို တတ်နိုင် သမျှ ပြန်လည်ထိန်းညှိ်ကြရမည်ဖြစ်သည်။ 

Ref; Myanmar News Agency

(၁၀-၀၆-၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ

(၁၀-၀၆-၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ
========================================================

အပူချိန်အခြေအနေခန့်မှန်းချက်
=======================

အမြင့်ဆုံးအပူချိန် = 33°C
အနိမ့်ဆုံးအပူချိန် = 25°C

နာရီအလိုက်အပူချိန်ခန့်မှန်းချက်
=======================

နံနက် ၀၅း၀၀ နာရီ = 25°C
နံနက် ၀၇း၀၀ နာရီ =26°C
နံနက် ၀၉း၀၀ နာရီ = 28°C
နံနက် ၁၁း၀၀ နာရီ = 31°C
မွန်းတည့် ၁၂း၀၀ နာရီ = 32°C
မွန်းလွဲ ၁၃း၀၀ နာရီ = 33°C
မွန်းလွဲ ၁၄း၀၀ နာရီ = 32°C
ညနေ ၁၆း၀၀ နာရီ = 31°C
ညနေ ၁၈း၀၀ နာရီ = 28°C
ည ၂၀း၀၀ နာရီ = 27°C
ည ၂၂း၀၀ နာရီ = 26°C
ည ၂၃း၀၀ နာရီ = 25°C

မိုးတိမ်အခြေအနေခန့်မှန်းချက်
======================

          နံနက်ပိုင်းတွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ရှိနိုင်ပါမည်။ နေ့လယ်ပိုင်းတွင် တိမ်အသင့်အတင့် ရှိနိုင်ပါမည်။ ညနေပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။ ညပိုင်းတွင် တိမ်ထူထပ်နိုင်ပါသည်။

လေအခြေအနေခန့်မှန်းချက်
====================

လေတိုက်အရပ် = အရှေ့တောင်၊ အနောက်တောင်
လေထုဖိအား = 1009 hPa

အရှေ့တောင်အရပ်မှ လေသည် အမြင့်ဆုံး တစ်နာရီ ၃ ကီလိုမီတာမှ ၅ ကီလိုမီတာအကြား၊
အနောက်တောင်အရပ်မှ လေသည် အမြင့်ဆုံး တစ်နာရီ ၁၅ ကီလိုမီတာမှ ၁၈ ကီလိုမီတာအကြား တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းရရှိပါသည်။

မိုးလေဝသ - အောင်လံ (NGO)