ကျန်းမာတော်မူကြပါစခင်ဗျာ။ မိုးလေဝသ - အောင်လံ (NGO) Web စာမျက်နှာသည် အစိုးရအဖွဲ့အစည်း မဟုတ်ပါ။ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းသာ ဖြစ်ပါသည်။ အောင်လံမြို့နှင့် အနီးတစ်ဝိုက်၏ မိုးလေဝသ သတင်း အချက်အလက်များကို အချိန်နှင့်တပြေးညီ ဖော်ပြပေးလျှက်ရှိပါသည်။

Thursday, June 25, 2020

(၂၅-၀၆-၂၀၂၀) ရက်နေ့အတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့ကြီးများ၏ မိုးလေဝသ အခြေအနေ ကြိုတင်ခန့်မှန်းချက်များ



အပူချိန်အခြေအနေခန့်မှန်းချက်များ
===========================

မကွေးမြို့
အမြင့်ဆုံးအပူချိန် = 36°C
အနိမ့်ဆုံးအပူချိန် = 27°C

မင်းဘူးမြို့
အမြင့်ဆုံးအပူချိန် = 36°C
အနိမ့်ဆုံးအပူချိန် = 27°C

နတ်မောက်မြို့
အမြင့်ဆုံးအပူချိန် = 33°C
အနိမ့်ဆုံးအပူချိန် = 25°C

အောင်လံမြို့
အမြင့်ဆုံးအပူချိန် = 35°C
အနိမ့်ဆုံးအပူချိန် = 25°C

သရက်မြို့
အမြင့်ဆုံးအပူချိန် = 32°C
အနိမ့်ဆုံးအပူချိန် = 27°C

ပွင့်ဖြူမြို့
အမြင့်ဆုံးအပူချိန် = 36°C
အနိမ့်ဆုံးအပူချိန် = 27°C

တောင်တွင်းကြီးမြို့
အမြင့်ဆုံးအပူချိန် = 33°C
အနိမ့်ဆုံးအပူချိန် = 25°C

ချောက်မြို့
အမြင့်ဆုံးအပူချိန် = 37°C
အနိမ့်ဆုံးအပူချိန် = 27°C

မိုးတိမ်အခြေအနေခန့်မှန်းချက်
======================

နတ်မောက်မြို့နှင့် တောင်တွင်းကြီးမြို့တို့တွင် ညနေပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။ ကျန်မြို့များမှာ ​တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ရှိပါမည်။ တစ်နေ့လုံးတွင် အများအားဖြင့် သာယာပါမည်။

လေအခြေအနေခန့်မှန်းချက်
====================

မကွေးမြို့၊ တောင်တွင်းကြီးမြို့၊ အောင်လံမြို့နှင့် သရက်မြို့တို့တွင်

အရှေ့တောင်အရပ်မှလေသည် အမြင့်ဆုံး တစ်နာရီ (၁၅) ကီလိုမီတာအထိလည်းကောင်း၊ အနောက်တောင်အရပ်မှလေသည် အမြင့်ဆုံး တစ်နာရီ (၂၀) ကီလိုမီတာအထိလည်းကောင်း တိုက်ခတ်နိုင်ပြီး လေထုဖိအားမှာ 1009 hPa အထိ ရှိနိုင်ပါမည်။
ကျန်မြို့များမှာ အမြင့်ဆုံး (၅) ကီလိုမီတာအထိသာ တိုက်ခတ်နိုင်ပြီး လေငြိမ်နေနိုင်ကြောင်း ခန့်မှန်းရရှိပါသည်။

မိုးလေဝသ - အောင်လံ (NGO)

Tuesday, June 23, 2020

အခ်စ္စစ္ဆိုတာ (အီစွတ်ပုံပြင်)



(အခ်စ္စစ္ဆိုတာ)အီစွတ် ပုံပြင်

တစ်ခါက ရွာတစ်ရွာမှာ ဆင်းရဲသား လင်မယားနှစ်ဦးရှိတယ်။

တစ်နေ့တော့ သူတို့ဟာ ပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးဖြစ်တဲ့ မြင်းကိုရောင်းပြီး လိုအပ်တာတွေ၀ယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ မြင်းကို နွားတစ်ကောင်နဲ့ လဲလိုက်တယ်။ ခဏေနေတာ့ အဘိုးအိုက နွားကို ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ္ကို ငန်းနဲ့ ငန်းကိုကြက်နဲ့ ကြက်ကို ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။

အဘိုးအိုက ပစ္စည်းတစ်ခုကနေ တစ်ခုလဲနေရခြင်း အကြောင်းရင်းက အဘြားအိုကို အံသြမှုတွေ ပေးချင်လို့ပဲဖြစ်တယ်။

အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း အင်္ဂလိပ်နှစ်ယောက်နဲ့ ဆုံခဲ့တယ်။ အလာပ သလာပေတြ ပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်း ပြောပြတော့ အင်္ဂလိပ်တွေက အဘိုးအိုကို တုံးအတယ်ဆိုပြီး ရီကြတယ်။

အိမ်ပြန်ရောက်ရင် အဘြားအိုရဲ့ အဆူခံရမယ်ဆိုတဲ့အကြောင်းကို ပြောတော့ အဘိုးအိုက အဆူခံရမွာ မဟုတ်ကြောင်း ငြင်းပါတယ်။

ဒါကို အင်္ဂလိပ်နှစ်ယောက်က တကယ်လို့ အဘြားအိုရဲ့ အဆူကို မခံရရင် သူတို့မှာပါတဲ့ ငွေတွေပေးခဲ့မယ် ဆိုတဲ့အကြောင်း လောင်းကြတော့တယ်။ ဒီလိုနဲ့ ၃ယောက်သား အဘိုးအို အိမ်ကိုရောက်လာခဲ့ကြတယ်။

အဘြားအိုက အဘိုးအိုပြန်လာတာတွေ့တော့ ၀မ်းသာအားရ ထွက်ကြိုပြီး အဘိုးအို ချွေးသုတ်ဖို့ ပုဝါကမ်းပေး၊ ရေကမ်းပေးနဲ့ အဘိုးအိုကို အမောဖြေစေတယ်။ ပြီးမှ အဘိုးအို ပြောပြတဲ့ အဖြစ်တွေကို စိတ်၀င်တစား နားထောင်တယ်။

ပစ္စည်းတစ်ခုကနေ နောက်တစ်ခု လဲပြောင်းပုံကို အဘိုးအို ပြောပြတဲ့အချိန်မှာ အဘြားအိုက ၀မ်းသာအားရနဲ့ 

ဟာ ကျုပ်တို့ နွားနို့သောက်ရပြီပေါ့

အင်း ဆိတ်နို့လည်း မဆိုးပါဘူး

အော် ဘဲငန်းမွေးတွေက သိပ်လှတာ

အင်း ကျုပ်တို့ ကြက်ဥစားရပြီပေါ့

စတာတွေ ပြောတယ်။ နောက်ဆုံး အဘိုးအိုက သူလဲလာတဲ့ ပန်းသီးကိုပြတော့ အဘြားအိုက စိတ်ပျက်သွားပုံ မျပဘဲ အင်း.. ဒီည ကျုပ်တို့ ပန်းသီးကိတ် လုပ်စားကြတာပေါ့ လို့ ပြောပြီး အဘိုးအိုကို အားရပါးရ နမ်းလိုက်တော့တယ်။

ပုံပြင်ရဲ့ နောက်ဆုံးက ပြောစရာမလိုတော့ပါဘူး။ အင်္ဂလိပ်နှစ်ယောက် ပါသမ်ွေငြေတြ ပေးခဲ့ရတယ်။

ပုံပြင်က ရိုးရိုးလေးပါ။ ပုံပြင်ကို ဖတ္စက သူ့ရဲ့ဆိုလိုရင်းကို နားမလည်ခဲ့ဘူး။ စာရေးဆရာက တုံးအတဲ့ ဆင်းရဲသား လင်မယားကို ကဲ့ရဲ့ဝေဖန်ထားတာလား? ဒါမှမဟုတ် လောင်းကြေးငွေတွေ အနိုင်ရအောင် ဇာတ်တိုက်ထားတာလားလို့ တွေးခဲ့မိတယ်။ တကယ်တော့ ပုံပြင်က အိမ်ထောင်တစ်ခုမှာ အခြေခံဖြစ်တဲ့ လင်မယားနှစ်ယောက်ရဲ့ ခွင့်လွတ်သည်းခံခြင်း၊ လေးစားယုံကြည်ခြင်းကို ပြချင်တာပဲဖြစ်တယ်။

အခ်စ္ဆိုတာ အနုပညာတစ်မျိုး

ခွင့်လွတ်ခြင်းက အချစ်ရဲ့ ကျောရိုးတဲ့

ပြင်ပလောကမှာ အဘိုးအိုလို တုံးအတဲ့ အပြုအမှုမျိုးက တကယ်မရှိနိုင်ပါဘူး။ လင်မယားနှစ်ယောက်ရဲ့ ချစ်ခင်မှု၊ နားလည်ခွင့်လွတ်မှုတွေက အိမ်ထောင်တည်မြဲဖို့အတွက် အကောင်းဆုံးနည်းတြွေဖစ်တယ်။ တစ်ယောက်ရဲ့ အမွားကို တစ်ယောက်က နားလည်ပေးမယ်၊ အပြစ်မမြင်ဘူး ခွင့်လွတ်သည်းခံမယ်ဆိုရင်

အိမ်ထောင်ရေးဟာ ပုံပြင်ထဲကအတိုင်း လှပနေနိုင်ပါလိမ့်မယ်။

Ref: Facebook Internet

Saturday, June 20, 2020

မိုးကြိုးပစ်ရာ ထန်းလက်ဖြင့် ကာ၍မရပါ

ဆောင်းပါး
==========

မိုးကြိုးပစ်ရာ ထန်းလက်ဖြင့် ကာ၍မရပါ
===========================

မြင့်မြတ်သီတာ

မြန်မာလူမျိုးတို့၏ ချစ်စဖွယ်ကောင်းသောဓလေ့၊ နှစ်သက်ဖွယ်ကောင်းသည့် စရိုက်တွင် တစ်ဦးနှင့်တစ်ဦး စကားပြောရာ၌ စကားပုံများဖြင့် ကြားညှပ်ပြောဆိုခြင်း ပါဝင်ပါသည်။ မြန်မာ့ရိုးရာ စကားပုံမ်ားထဲမွ မိုးရာသီနှင့် သက်ဆိုင်သော စကားပုံလေးများမှာ မိုးပြိုအများ၊ မိုးကြိုး ပစ်ရာ ထန်းလက်ကာ၊ မိုးစေန လေရာဟု၊ မိုးကောင်းမှ ပျိုးသန်၊ မိုးလွန်မှ ထြန္ခ် စသည်တို့ ဖြစ်ပါသည်။ ယင်းတို့ ထဲတွင် မိုးကြိုးပစ်ရာ ထန်းလက်ကာ ဟူသော စကားပုံ ၏အဓိပ္ပာယ်မှာ လူတစ်ဦးကို ချက်ချင်းလက်ငင်း မီးသွေး တုံးဘဝသို့ ပြောင်းလဲနိုင်လောက်အောင် မိုးကြိုးပစ်ရာ တွင် မပြောပလောက်သော ထန်းလက်ကလေးနှင့် ကာ၍မရကြောင်း ဥပမာပေးထားခြင်းပင် ဖြစ်သည်။ ကြီးကျယ်သော ပြစ်မှုတစ်ခုအတွက် နီးရာတွေ့ရာ ဆင်ခြေပေး၍မရသည်ကို ပြောဆိုခြင်းဖြစ် သည်။

မိုးဦးကာလတွင် ကမ်ဘာတစ်ဝန်း တစ်နှစ်တစ်နှစ် မိုးကြိုးပစ်ခံရသဖြင့် အသက်ဆုံးရွုံးရေသာ လူအမ်ား အ်ပား ရှိခဲ့ပါသည်။ မိုးကြိုးမပစ်အောင် သိပ္ပံပညာရှင်များ လည်း မစွမ်းဆောင်နိုင်ချေ။ မိုးကြိုးပစ်ခံရသဖြင့် သေဆုံး သူများလည်းရှိသလို မသန်စွမ်းဖြစ်သွားသူများလည်း ရှိကြောင်း ကြားသိနေရပါသည်။ ကျွန်မတို့ အိမ်နီးချင်း အစ်မတစ်ယောက်၏ ရင်နာစရာအဖြစ်မှာ မိုးကြိုးပစ် သံကြောင့် နားမကြားနိုင်တော့ခြင်းပင် ဖြစ်ပါသည်။ မိုးကြိုးက အိမ်ခေါင်းမိုးပေါ်ကို ပစ်ချသည့်အသံကြောင့် နားစည်ထိပြီး ဘာမှမကြားရတော့ခြင်း ဖြစ်သည်။ ရုပ်ရည်ချောမောလှပပြီး လူမမည်သမီးနှစ်ယောက် အေမမို့ အားလုံးက ကရုဏာသက်ခဲ့ကြရသည်။ ယနေ့ အထိ လူအမ်ား၏ နှုတ်ခမ်းလှုပ်ရှားပုံကိုကြည့်ပြီး စကား နားလည်အောင် လုပ်ဆောင်နေရဆဲ ဖြစ်ပါသည်။ ကိုယ်ပြောတာ သူမကြားဘဲ သူကြားချင်သလိုကြားပြီး ပြောချင်တာကို ပြောနေခြင်းက စိတ်မကောင်းစရာ ဖြစ်သော်ငြား မိုးကြိုးထိမှန်ပြီး အသက်မသေခဲ့ခြင်းကပင် ကံကောင်းလှပါသည်။ အားလုံးက စိတ်မကောင်းစွာ နားလည်မှုဖြင့် ကူညီဖေးမပေးခဲ့ကြပါသည်။

မိုးကြိုးပစ်သည်ဆိုသည်မှာ

မိုးဥတုတွင် ရာသီဥတု ရုတ်ခြည်းဖောက်ပြန် ပြောင်းလဲသောအခါများ၌ မိုးသက်မုန်တိုင်းကြောင့် တိမ်လွှာအောက်ခြေတွင် လျှပ်စစ်ဓာတ်တို့ရွေ့လျားရာမှ လျှပ်စစ်အမဓာတ်တို့၏ ဆွဲဆောင်မှုကြောင့် လျှပ်စစ် အဖိုဓာတ်တို့သည် မြင့်သောနေရာများဖြစ်သည့် လျှပ်စစ် ဓာတ်တိုင်များ၊ လျှပ်စစ်ဝိုင်ယာကြိုးများ၊ အလံတိုင်နှင့် သစ်ပင်များ၊ ထိုးထိုးထောင်ထောင်ရှိနေသည့် အဆောက် အအုံမ်ား၏ ထိပ္ဖ်ားဆီသို့ တက်ရောက်လာကြသည်။ ထိုအခါတွင် စုဝေးမှု အစိုင်အခဲ ကြီးမားလာရာမှ ခုန္ကူး ပေါင်းစပ်မှု ပြုကြသည်။ ဤသို့ ဖြစ်ပျက်သည်ကို မိုးကြိုး ပစ်သည်ဟု ခေါ်ဆိုကြောင်း ဖတ်မှတ်ခဲ့ရပါသည်။

မိုးကြိုးအန္တရာယ်

မြင့်မားသောအဆောက်အအုံများ၊ သစ်ပင်ကြီးများ၊ ချွန်ထက်နေသော ထိုးထိုးထောင်ထောင်ရှိနေသည့် အဆောက်အအုံ စသည်တို့သည် မိုးဥတုအခါသမယတွင် ရာသီဥတု ရုတ်ခြည်းဖောက်ပြန်ပြောင်းလဲလာ၍ မိုးသက် မုန်တိုင်းကျရောက်သောအခါများ၌ မိုးကြိုးပစ်ခံရရန် အခွင့်အလမ်း ပို၍များပါသည်။ ယင်းတို့နှင့် နီးကပ္စြာ ရှိနေသော လူနှင့်တိရစၧာန်များ၊ ဝတၳုပစ္စည်းများသည် လည်း မိုးကြိုးစက်ကွင်းအတွင်း သက်ဆင်းကျရောက် နေသည်ဖြစ်၍ အန္တရာယ်ကြီးမားလှသည်။ 
ထို့ကြောင့် လျှပ်စီးလက်၍ ထစ်ချုန်းသောအခါမျိုး၌ ကျယ်ပြန့်သောနေရာများ၊ လွင်တီးခေါင်ဖြစ်သော နေရာ မ်ား၊ လယ်ကွင်းပြင်များတွင် မနေသင့်ပေ။ ထိုအခါမျိုး တွင် ကွင်းပြင်နှင့်လွင်တီးခေါင်အလယ်၌ရပ်နေသော လူ သို့မဟုတ် တိရစၧာန်တို့သည် အဆိုပါ နေရာများ၏ အမြင့်ဆုံး သော တည်ရှိမှုများဖြစ်နေသည့်အတွက် လျှပ်စစ်အဖိုဓာတ် နှင့် လျှပ်စစ်အမဓာတ်တို့ ခုန်ကူးပေါင်းစပ်မှုပြုရာ ဗဟိုချက်မ ဖြစ်သွားနိုင်သည်။ 

မိုးဥတုအခါမျိုးတွင် လယ်ကွင်းပြင်များ၌ လယ်ထွန် နေသူများနှင့် ကျွဲ၊ နွားစသည်တို့ မိုးကြိုးထိမှန်ခံရတတ်ခြင်း မျိုးသည် အထက်ပါ သဘောတရားကြောင့်ပင် ဖြစ်သည်။ 

ကောင်းကင်မြေစိုက်ကြိုးတပ်ဆင်ခြင်း

မိုးကြိုးအန္တရာယ်မှ ကာကွယ်ရန်အတွက် ကောင်းကင် မြေစိုက်ကြိုးအဖြစ် သွပ်ရည်စိမ်သံမဏိကြိုးကို သော်လည်းကောင်း၊ ကြေးအုပ်ထားသော သံမဏိကြိုးကို သော်လည်းကောင်း လျှပ်စစ်ဓာတ်တိုင်များ၏ ထိပ်အစွန်း မ်ား၌ သွယ်တန်းတပ်ဆင်ကြရမည်ဖြစ်ပါသည်။ သာမန် လူနေအိမ်အဆောက်အအုံများအနေဖြင့်မူ မိမိတို့၏ အဆောက်အအုံနှင့် နီးကပ္စြာ တည်ရှိနေသော ဓာတ်တိုင် များတွင် ကောင်းကင်မြေစိုက်ကြိုးများဖြင့် မိုးကြိုးလျှပ်စစ် အန္တရာယ်ကို စနစ္တက်ကာကြယၳားပါက မိုးကြိုး အန္တရာယ်ကျရောက်ရန် အခွင့်အလမ်း အလွန်နည်းပါးမည် ဖြစ်သည်။ သို့ရာတွင် ပို၍ စိတ်ချစေရန် မိုးကြိုးလွှဲများ တပ်ဆင်လိုပါက အနိမ့်စားဖိအားမိုးကြိုးလွှဲကို တပ်ဆင် လျှင် ကောင်းစွာ လုံလောက်မှုရှိသည်။ တပ်ဆင်မထားသော အထပ်မြင့်များ၊ တာဝါတိုင်များ၊ သစ်ပင်ကြီးများသည် မိုးကြိုးပို၍ အပစ်ခံရပါသည်။

အလင်းနှင့် အသံ

မိုးကြိုးပစ်လျှင် အလင်းရောင်ကို လက္ခနဲ မြင်တွေ့ တတ်ကြလေ့ ရှိပါသည်။ အလင်း၏ အလျင်သည် အသံ၏ အလျင်ထက် အဆမတန်များပြားလှသဖြင့် အလင်းကို မိမိကိုယ်တိုင်မျက်စိဖြင့် မြင်ပြီးပြီဆိုလျှင် ယင်းမိုးကြိုးသည် မိမိနှင့် လွဲဖယ်သွားပြီဟု သိရှိနားလည်နိုင်ပါသည်။

သတိရှိစေချင်

မိုးကြိုးပစ်ခံရမှုကြောင့် ၂ဝ၁၉ ခုနှစ်တွင် လူ ၁၃၃ ဦးသေဆုံးခဲ့ပြီး ၅၂ ဦး ဒဏ်ရာ ရရွိခဲ့ရာ ယခု ၂ဝ၂ဝ ပြည့်နှစ် ဇန္နဝါရီလ ၁ ရက်နေ့မှ ဇြန္လ ၆ ရက်နေ့အထိ လူ ၆၂ ဦး သေဆုံးကာ ၂၆ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ 
မိုးကြိုးပစ်မှုဖြစ်စဉ်များကို ကြည့်ပါက မိုးထစ်ချုန်း ရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်း ဖြစ်ပေါ်နေချိန်များတွင် လယ်ကွင်းထဲ၌ အလုပ်လုပ်နေစဉ်၊ အိမ်အပြင်ဘက်၌ လူများတစုတစည်းတည်းရှိနေစဉ်၊ လမ်းပေါ်စက်ဘီးတွန်း လာစဉ်၊ မြစ်ကမ်းဘေးတွင် လမ်းလျှောက်လာစဉ်၊ နေအိမ် ခြံဝင်းအတွင်း သစ်ပင်ဘေး၌ထိုင်နေစဉ်၊ ရေမြောင်းတူး နေစဉ်၊ နေအိမ်တံစက်မြိတ်၌ မိုးရေချိုးနေစဉ်၊ နေအိမ်ထဲ၌ ရေဒီယိုနားထောင်နေစဉ်၊ အိမ်ထဲ၌ ဖုန်းဖြင့်အင်တာနက်အသုံးပြုနေစဉ်၊ သစ်ပင်အောက်တွင် မိုးခိုနေစဉ်၊ တောင်ယာ တဲအတွင်းရှိနေစဉ်၊ ချောင်းထဲတွင် ငါးဖမ်းနေစဉ်၊ အုန်းပင် အနီးရှိနေစဉ် စသည်တို့ကြောင့် မိုးကြိုးဒဏ်ခံရသကဲ့သို့ ရင်ဘတ်ထဲထည့်ထားသည့်ဖုန်းကို မိုးကြိုးထိမှန်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးသည့် သတင်းမှာလည်း သတိပြု စရာအချက် ဖြစ်ပါသည်။ မိုးရွာနေစဉ် ဖုန်းပြောခြင်း၊ ဖုန်းအားသွင်းထားခြင်းမပြုလုပ်ဘဲ စက္ကိုပိတၳား သင့်ပါသည်။

မြန်မာနိုင်ငံတွင် မိုးကြိုးဘေးအန္တရာယ်သည် မိုးကြို ကာလနှင့် မိုးနှောင်းကာလများ၌ ပိုမိုဖြစ်ပွားတတ်ပြီး လေ့လာတွေ့ရှိမှုများအရ တစ်နေ့တာအတွင်း မိုးကြိုးပစ် ခြင်း အဖြစ်အများဆုံးအချိန်မှာ မွန်းတည့် ၁၂ နာရီမြ ညေန ၆ နာရီအတွင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက မိုးထစ်ချုန်းရွာသွန်းခြင်း၊ လျှပ်စီး လက်ခြင်းများ ဖြစ်ပေါ်နေချိန်တွင် အောက်ပါအချက်များကို အထူးသတိပြု လိုက်နာနေထိုင်ကြပါရန် အသိပေးနှိုးဆော် ထားပါသည် -

(က) အိမ်အပြင်တွင် ရောက်ရှိနေပါက -

(၁) အိမ်ထဲသို့ ချက်ချင်းပြေးဝင်ပါ။ သံ/သတ္တု ပစ္စည်းများကို လက်တွင် ကိုင်မထားပါနှင့်၊ သံ/သတ္တုပစ္စည်းများသည် လျှပ်စစ် အလြယ္တကူ စီးနိုင်သောကြောင့် မိုးကြိုး အလြယ္တကူ ပစ်နိုင်ပါသည်။

(၂) သစ်ပင်၊ ဓာတ်တိုင်၊ သွပ်ဆူးကြိုးကာထား သည့် ခြံစည်းရိုးနှင့် သံ/သတ္တုပစ္စည်းများ အနီးတွင် မနေပါနှင့်။

(၃) ရေကူးကန်၊ ရေကန်၊ မြစ်ချောင်း၊ အင်းအိုင် စသည့်နေရာများတွင် ရှိနေခဲ့ လျှင် ရေထဲမှ ချက်ချင်းတက်ပြီး လုံခြုံ သည့်နေရာ အမိုးအကာရွာ၍ နေပါ။

(၄) ကွင်းပြင်ကျယ်တွင် လူစုလူဝေးဖြစ်နေ ပါက အျမန်ဆုံး လူစ ုခြဲပါ။

(၅) ကွင်းပြင်တွင် ထီးထီးကြီး မနေပါနှင့်။ မလွှဲသာမရှောင်သာဘဲ ကွင်းပြင်နှင့် လွင်တီးခေါင်အလယ်တွင် ရောက်နေ ပါက လျှပ်စီးလက်၍ မိုးထစ်ချုန်းသံများ ကြားလျှင် ရပေ္မနဘဲ နီးစပ်ရာ နိမ့် သော နေရာများနှင့် ချိုင့်ဝှမ်းများအတွင်း၌ ဝပ်နေပါ။

(၆) စက်ဘီး၊ ဆိုင်ကယ်ပေါ်ရောက်ရှိနေပါက အမြန်ဆုံးဆင်းပါ။

(၇) ဆံပင်များထောင်လာသည်ဟု ခံစားရပါ က မိုးကြိုးပစ်တော့မည့် လက္ခဏာ ဖြစ်သည်။ ထိုသို့ျဖစ္ပြားပါက ဒူးထောက်ချလိုက်ပြီး လက်နှစ်ဖက်ကို ဒူးပေါ်သို့ ယှက်တင်၍ ခန္ဓာကိုယ်ကို ကွေးညွတ်ထားပါ။ မြေပြင်ပေါ်တွင် ပြားပြားဝပ် မှောက်မနေပါနှင့်။ ထိုသို့ မှောက်နေပါက သင့်ခန္ဓာကိုယ်သည် ပိုကြီးမားသော မိုးကြိုးပစ်မှတ် ဖြစ်သွားနိုင်ပါသည်။

(၈) လှေသမားများ၊ ရေကူးသမားများ အနေဖြင့် ဖြစ်နိုင်သမျှ ကမ်းသို့ကပ်ပါ။

(ခ) အိမ်အတွင်းတွင် ရှိနေပါက -

(၁) ဖြစ်နိုင်ပါက အဆောက်အအုံအလယ် တွင်နေပါ။ ပြတင်းပေါက်များနှင့် ဝေးကွာသော နေရာတွင် နေပါ။

(၂) ရေဒီယိုနားထောင်ခြင်း၊ တီဗွီကြည့် ခြင်းများ မပြုလုပ်သင့်ပါ။

(၃) ဖုန်းပြောခြင်း၊ ဖုန်းဖြင့်အင်တာနက် သုံးခြင်းများ မပြုလုပ်သင့်ပါ။

(၄) လျှပ်စစ်နှင့် ဆိုင်သောပစ္စည်းများကို ခလုတ်ပိတ်၍ ပလပ်ဖြုတ်ထားပါ။

(၅) လျှပ်စီးများလက်နေသည့်အခါ ရေသုံး စွဲခြင်း၊ ရေချိုးခြင်း မပြုလုပ်သင့်ပါ။ အိမ်အတွင်းရှိ သံ/သတ္တုနှင့် ဆက်စပ် သော ပစ္စည်းများတွင် လျှပ်စစ်စီးဝင်နိုင် သည်ကို သတိပြုပါ။ မည်သည့် သံ/သတ္တုပစ္စည်းကိုမှ မကိုင်ပါနှင့်။ လျှပ်စစ် စီးကူးလွယ်သည့် ပစ္စည်းများနှင့် ဝေးရာတွင် နေထိုင်သင့်ပါသည်။

(၆) မိုးကြိုးအပစ်ရပ်ပြီး နာရီဝက်ကျော်ကြာ မြ အိမ်ပြင်သို့ ထွက်ပါ။

(ဂ) ကားမောင်းနေပါက -

(၁) အရှိန်ကိုလျှော့ပါ။ လမ်းဘေးသို့ ချရပ် ပါ။ ကားထဲတွင်သာ ဆက်နေပါ။

(၂) ကားရပ်ထားစဉ် အရေးပေါ် အချက် ပြမီးကို ဖွင့်ထားပါ။

(၃) သစ်ပင်ကဲ့သို့ ရှည်လျားမြင့်မားသည့်အရာများနှင့် ဝေးရာတွင် နေပါ။ ၎င်းအရာများသည် လေပြင်းဒဏ် ကြောင့်သော်လည်းကောင်း လဲကျနိုင် ၍ ဖြစ်သည်။ 

(၄) ကားထဲတွင် မည်သည့် သံ/သတ္တု ပစ္စည်းကိုမှ မကိုင်ပါနှင့်။

(၅) ရေလွှမ်းနေသော လမ်းပေါ်တွင် ကား မမောင်းပါနှင့်။
သို့ဖြစ်ပါ၍ ယခုလို မိုးဥတုအချိန်အခါသမယတွင် မိုးကြိုးပစ်ခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ မိုးသီး ကြွေခြင်း၊ သစ်ပင်များလဲကျခြင်း၊ လျှပ်စစ်မီး ပြတ် တောက်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များသည် လူသားမ်ားကို ခြိမ်းခြောက်နေမည်ဖြစ်ပါသည်။ လူသားအားလုံး မလွန်ဆန်နိုင်သော သေခြင်းတရားများ ထဲမြ ယခုကဲ့သို့ ချက်ချင်းလက်ငင်း မီးသွေးတုံးဘဝ ရောက်မည့် မိုးကြိုးပစ်ခံရသည့် အခြေအနေနှင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို ကြိုတင် ကာကွယ်နေထိုင်ကြရန် အရေးကြီးနေပြီ ဖြစ်ပါကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။ ။

Ref; The Mirror Daily 

(၂၁-၀၆-၂၀၂၀) ရက်နေ့ အောင်လံမြို့နှင့် အနီးတစ်ဝိုက်၏ မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ

(၂၁-၀၆-၂၀၂၀) ရက်နေ့အတွက် အောင်လံမြို့နှင့် အနီးတစ်ဝိုက်၏ မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ
================================================================

အပူချိန်အခြေအနေခန့်မှန်းချက်
========================

အမြင့်ဆုံးအပူချိန် = 31°C
အနိမ့်ဆုံးအပူချိန် = 24°C

နာရီအလိုက်အပူချိန်ခန့်မှန်းချက်
========================

နံနက် ၀၀း၀၀ နာရီ = 25°C
နံနက် ၀၅း၀၀ နာရီ = 24°C
နံနက် ၀၇း၀၀ နာရီ = 26°C
နံနက် ၀၉း၀၀ နာရီ = 27°C
နံနက် ၁၁း၀၀ နာရီ = 29°C
မွန်းတည့် ၁၂း၀၀ နာရီ = 30°C
မွန်းလွဲ ၁၃း၀၀ နာရီ = 31°C
မွန်းလွဲ ၁၄း၀၀ နာရီ = 30°C
ညနေ ၁၅း၀၀ နာရီ = 29°C
ညနေ ၁၈း၀၀ နာရီ = 28°C
ည ၂၀း၀၀ နာရီ = 27°C
ည ၂၂း၀၀ နာရီ = 26°C

မိုးတိမ်အခြေအနေခန့်မှန်းချက်
=======================

          နံနက်ပိုင်း၊ နေ့လယ်ပိုင်းနှင့် ညပိုင်းတို့တွင် တိမ်အသင့်အတင့်ရှိပါမည်၊ ညနေပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ပါသည်။ 

လေအခြေအနေခန့်မှန်းချက်
=====================

          အရှေ့တောင်အရပ်မှလေသည် အမြင့်ဆုံး တစ်နာရီ (၁၅) ကီလိုမီတာအထိလည်းကောင်း၊ တောင်အရပ်မှလေသည် အမြင့်ဆုံး တစ်နာရီ (၂၀) ကီလိုမီတာအထိလည်းကောင်း တိုက်ခတ်နိုင်ပြီး လေထုဖိအားမှာ 1008 hPa အထိ ရှိနိုင်ကြောင်း ခန့်မှန်းရရှိပါသည်။

မိုးလေဝသ - အောင်လံ (NGO)