ကျန်းမာတော်မူကြပါစခင်ဗျာ။ မိုးလေဝသ - အောင်လံ (NGO) Web စာမျက်နှာသည် အစိုးရအဖွဲ့အစည်း မဟုတ်ပါ။ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းသာ ဖြစ်ပါသည်။ အောင်လံမြို့နှင့် အနီးတစ်ဝိုက်၏ မိုးလေဝသ သတင်း အချက်အလက်များကို အချိန်နှင့်တပြေးညီ ဖော်ပြပေးလျှက်ရှိပါသည်။

Friday, June 26, 2020

(၂၇-၀၆-၂၀၂၀) ရက်နေ့အတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့ကြီးများ၏ မိုးလေဝသ အခြေအနေ ကြိုတင်ခန့်မှန်းချက်များ

(၂၇-၀၆-၂၀၂၀) ရက်နေ့အတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့ကြီးများ၏ မိုးလေဝသ အခြေအနေ ကြိုတင်ခန့်မှန်းချက်များ
============================================================




အပူချိန်အခြေအနေခန့်မှန်းချက်များ
==========================

မကွေးမြို့
အမြင့်ဆုံးအပူချိန် = 33°C
အနိမ့်ဆုံးအပူချိန် = 26°C

မင်းဘူးမြို့
အမြင့်ဆုံးအပူချိန် = 34°C
အနိမ့်ဆုံးအပူချိန် = 27°C

ပွင့်ဖြူမြို့
အမြင့်ဆုံးအပူချိန် = 34°C
အနိမ့်ဆုံးအပူချိန် = 27°C

နတ်မောက်မြို့
အမြင့်ဆုံးအပူချိန် = 32°C
အနိမ့်ဆုံးအပူချိန် = 25°C

အောင်လံမြို့
အမြင့်ဆုံးအပူချိန် = 32°C
အနိမ့်ဆုံးအပူချိန် = 25°C

သရက်မြို့
အမြင့်ဆုံးအပူချိန် = 30°C
အနိမ့်ဆုံးအပူချိန် = 26°C

တောင်တွင်းကြီးမြို့
အမြင့်ဆုံးအပူချိန် = 32°C
အနိမ့်ဆုံးအပူချိန် = 25°C

ချောက်မြို့
အမြင့်ဆုံးအပူချိန် = 34°C
အနိမ့်ဆုံးအပူချိန် = 27°C

မိုးတိမ်အခြေအနေခန့်မှန်းချက်
=======================

          နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ရှိပါမည်။ ညနေပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမည်။ ညပိုင်းတွင် တိမ်အသင့်အတင့် ရှိပါမည်။

လေအခြေအနေခန့်မှန်းချက်
=====================

          အနောက်တောင်အရပ်မှ​လေသည် အမြင့်ဆုံး တစ်နာရီ (၂၀) ကီလိုမီတာအထိလည်းကောင်း၊ အရှေ့တောင်အရပ်မှလေသည် အမြင့်ဆုံး တစ်နာရီ (၁၅) ကီလိုမီတာအထိလည်းကောင်း တိုက်ခတ်နိုင်ပြီး လေထုဖိအားမှာ 1010 hPa အထိ ရှိနိုင်ကြောင်း ခန့်မှန်းရရှိပါသည်။

မိုးလေဝသ - အောင်လံ (NGO)

Thursday, June 25, 2020

(၂၆-၀၆-၂၀၂၀) ရက်နေ့အတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့ကြီးများ၏ မိုးလေဝသ အခြေအနေ ကြိုတင်ခန့်မှန်းချက်များ



(၂၆-၀၆-၂၀၂၀) ရက်နေ့အတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့ကြီးများ၏ မိုးလေဝသ အခြေအနေ ကြိုတင်ခန့်မှန်းချက်များ
============================================================

အပူချိန်အခြေအနေခန့်မှန်းချက်များ
==========================

မကွေးမြို့
အမြင့်ဆုံးအပူချိန် = 33°C
အနိမ့်ဆုံးအပူချိန် = 26°C

မင်းဘူးမြို့
အမြင့်ဆုံးအပူချိန် = 33°C
အနိမ့်ဆုံးအပူချိန် = 26°C

ပွင့်ဖြူမြို့
အမြင့်ဆုံးအပူချိန် = 33°C
အနိမ့်ဆုံးအပူချိန် = 26°C

ချောက်မြို့
အမြင့်ဆုံးအပူချိန် = 33°C
အနိမ့်ဆုံးအပူချိန် = 27°C

နတ်မောက်မြို့
အမြင့်ဆုံးအပူချိန် = 32°C
အနိမ့်ဆုံးအပူချိန် = 25°C

တောင်တွင်းကြီးမြို့
အမြင့်ဆုံးအပူချိန် = 32°C
အနိမ့်ဆုံးအပူချိန် = 25°C

အောင်လံမြို့
အမြင့်ဆုံးအပူချိန် = 32°C
အနိမ့်ဆုံးအပူချိန် = 25°C

သရက်မြို့
အမြင့်ဆုံးအပူချိန် = 31°C
အနိမ့်ဆုံးအပူချိန် = 26°C

မိုးတိမ်အခြေအနေခန့်မှန်းချက်
=======================

          နံနက်အစောပိုင်းတွင် တိမ်ထူထပ်နိုင်ပြီး နံနက်ပိုင်းတွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါမည်၊ နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။ ညပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပါမည်။

လေအခြေအနေခန့်မှန်းချက်
====================

          တောင်နှင့် အရှေ့တောင်အရပ်တို့မှလေသည် အမြင့်ဆုံး တစ်နာရီ (၂၀) ကီလိုမီတာအထိလည်းကောင်း၊ အနောက်တောင်အရပ်မှလေသည် အမြင့်ဆုံး တစ်နာရီ (၁၅) ကီလိုမီတာအထိလည်းကောင်း တိုက်ခတ်နိုင်ပါသည်။

မိုးလေဝသ - အောင်လံ (NGO)

(၂၅-၀၆-၂၀၂၀) ရက်နေ့အတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့ကြီးများ၏ မိုးလေဝသ အခြေအနေ ကြိုတင်ခန့်မှန်းချက်များ



အပူချိန်အခြေအနေခန့်မှန်းချက်များ
===========================

မကွေးမြို့
အမြင့်ဆုံးအပူချိန် = 36°C
အနိမ့်ဆုံးအပူချိန် = 27°C

မင်းဘူးမြို့
အမြင့်ဆုံးအပူချိန် = 36°C
အနိမ့်ဆုံးအပူချိန် = 27°C

နတ်မောက်မြို့
အမြင့်ဆုံးအပူချိန် = 33°C
အနိမ့်ဆုံးအပူချိန် = 25°C

အောင်လံမြို့
အမြင့်ဆုံးအပူချိန် = 35°C
အနိမ့်ဆုံးအပူချိန် = 25°C

သရက်မြို့
အမြင့်ဆုံးအပူချိန် = 32°C
အနိမ့်ဆုံးအပူချိန် = 27°C

ပွင့်ဖြူမြို့
အမြင့်ဆုံးအပူချိန် = 36°C
အနိမ့်ဆုံးအပူချိန် = 27°C

တောင်တွင်းကြီးမြို့
အမြင့်ဆုံးအပူချိန် = 33°C
အနိမ့်ဆုံးအပူချိန် = 25°C

ချောက်မြို့
အမြင့်ဆုံးအပူချိန် = 37°C
အနိမ့်ဆုံးအပူချိန် = 27°C

မိုးတိမ်အခြေအနေခန့်မှန်းချက်
======================

နတ်မောက်မြို့နှင့် တောင်တွင်းကြီးမြို့တို့တွင် ညနေပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။ ကျန်မြို့များမှာ ​တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ရှိပါမည်။ တစ်နေ့လုံးတွင် အများအားဖြင့် သာယာပါမည်။

လေအခြေအနေခန့်မှန်းချက်
====================

မကွေးမြို့၊ တောင်တွင်းကြီးမြို့၊ အောင်လံမြို့နှင့် သရက်မြို့တို့တွင်

အရှေ့တောင်အရပ်မှလေသည် အမြင့်ဆုံး တစ်နာရီ (၁၅) ကီလိုမီတာအထိလည်းကောင်း၊ အနောက်တောင်အရပ်မှလေသည် အမြင့်ဆုံး တစ်နာရီ (၂၀) ကီလိုမီတာအထိလည်းကောင်း တိုက်ခတ်နိုင်ပြီး လေထုဖိအားမှာ 1009 hPa အထိ ရှိနိုင်ပါမည်။
ကျန်မြို့များမှာ အမြင့်ဆုံး (၅) ကီလိုမီတာအထိသာ တိုက်ခတ်နိုင်ပြီး လေငြိမ်နေနိုင်ကြောင်း ခန့်မှန်းရရှိပါသည်။

မိုးလေဝသ - အောင်လံ (NGO)

Tuesday, June 23, 2020

အခ်စ္စစ္ဆိုတာ (အီစွတ်ပုံပြင်)



(အခ်စ္စစ္ဆိုတာ)အီစွတ် ပုံပြင်

တစ်ခါက ရွာတစ်ရွာမှာ ဆင်းရဲသား လင်မယားနှစ်ဦးရှိတယ်။

တစ်နေ့တော့ သူတို့ဟာ ပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးဖြစ်တဲ့ မြင်းကိုရောင်းပြီး လိုအပ်တာတွေ၀ယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ မြင်းကို နွားတစ်ကောင်နဲ့ လဲလိုက်တယ်။ ခဏေနေတာ့ အဘိုးအိုက နွားကို ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ္ကို ငန်းနဲ့ ငန်းကိုကြက်နဲ့ ကြက်ကို ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။

အဘိုးအိုက ပစ္စည်းတစ်ခုကနေ တစ်ခုလဲနေရခြင်း အကြောင်းရင်းက အဘြားအိုကို အံသြမှုတွေ ပေးချင်လို့ပဲဖြစ်တယ်။

အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း အင်္ဂလိပ်နှစ်ယောက်နဲ့ ဆုံခဲ့တယ်။ အလာပ သလာပေတြ ပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်း ပြောပြတော့ အင်္ဂလိပ်တွေက အဘိုးအိုကို တုံးအတယ်ဆိုပြီး ရီကြတယ်။

အိမ်ပြန်ရောက်ရင် အဘြားအိုရဲ့ အဆူခံရမယ်ဆိုတဲ့အကြောင်းကို ပြောတော့ အဘိုးအိုက အဆူခံရမွာ မဟုတ်ကြောင်း ငြင်းပါတယ်။

ဒါကို အင်္ဂလိပ်နှစ်ယောက်က တကယ်လို့ အဘြားအိုရဲ့ အဆူကို မခံရရင် သူတို့မှာပါတဲ့ ငွေတွေပေးခဲ့မယ် ဆိုတဲ့အကြောင်း လောင်းကြတော့တယ်။ ဒီလိုနဲ့ ၃ယောက်သား အဘိုးအို အိမ်ကိုရောက်လာခဲ့ကြတယ်။

အဘြားအိုက အဘိုးအိုပြန်လာတာတွေ့တော့ ၀မ်းသာအားရ ထွက်ကြိုပြီး အဘိုးအို ချွေးသုတ်ဖို့ ပုဝါကမ်းပေး၊ ရေကမ်းပေးနဲ့ အဘိုးအိုကို အမောဖြေစေတယ်။ ပြီးမှ အဘိုးအို ပြောပြတဲ့ အဖြစ်တွေကို စိတ်၀င်တစား နားထောင်တယ်။

ပစ္စည်းတစ်ခုကနေ နောက်တစ်ခု လဲပြောင်းပုံကို အဘိုးအို ပြောပြတဲ့အချိန်မှာ အဘြားအိုက ၀မ်းသာအားရနဲ့ 

ဟာ ကျုပ်တို့ နွားနို့သောက်ရပြီပေါ့

အင်း ဆိတ်နို့လည်း မဆိုးပါဘူး

အော် ဘဲငန်းမွေးတွေက သိပ်လှတာ

အင်း ကျုပ်တို့ ကြက်ဥစားရပြီပေါ့

စတာတွေ ပြောတယ်။ နောက်ဆုံး အဘိုးအိုက သူလဲလာတဲ့ ပန်းသီးကိုပြတော့ အဘြားအိုက စိတ်ပျက်သွားပုံ မျပဘဲ အင်း.. ဒီည ကျုပ်တို့ ပန်းသီးကိတ် လုပ်စားကြတာပေါ့ လို့ ပြောပြီး အဘိုးအိုကို အားရပါးရ နမ်းလိုက်တော့တယ်။

ပုံပြင်ရဲ့ နောက်ဆုံးက ပြောစရာမလိုတော့ပါဘူး။ အင်္ဂလိပ်နှစ်ယောက် ပါသမ်ွေငြေတြ ပေးခဲ့ရတယ်။

ပုံပြင်က ရိုးရိုးလေးပါ။ ပုံပြင်ကို ဖတ္စက သူ့ရဲ့ဆိုလိုရင်းကို နားမလည်ခဲ့ဘူး။ စာရေးဆရာက တုံးအတဲ့ ဆင်းရဲသား လင်မယားကို ကဲ့ရဲ့ဝေဖန်ထားတာလား? ဒါမှမဟုတ် လောင်းကြေးငွေတွေ အနိုင်ရအောင် ဇာတ်တိုက်ထားတာလားလို့ တွေးခဲ့မိတယ်။ တကယ်တော့ ပုံပြင်က အိမ်ထောင်တစ်ခုမှာ အခြေခံဖြစ်တဲ့ လင်မယားနှစ်ယောက်ရဲ့ ခွင့်လွတ်သည်းခံခြင်း၊ လေးစားယုံကြည်ခြင်းကို ပြချင်တာပဲဖြစ်တယ်။

အခ်စ္ဆိုတာ အနုပညာတစ်မျိုး

ခွင့်လွတ်ခြင်းက အချစ်ရဲ့ ကျောရိုးတဲ့

ပြင်ပလောကမှာ အဘိုးအိုလို တုံးအတဲ့ အပြုအမှုမျိုးက တကယ်မရှိနိုင်ပါဘူး။ လင်မယားနှစ်ယောက်ရဲ့ ချစ်ခင်မှု၊ နားလည်ခွင့်လွတ်မှုတွေက အိမ်ထောင်တည်မြဲဖို့အတွက် အကောင်းဆုံးနည်းတြွေဖစ်တယ်။ တစ်ယောက်ရဲ့ အမွားကို တစ်ယောက်က နားလည်ပေးမယ်၊ အပြစ်မမြင်ဘူး ခွင့်လွတ်သည်းခံမယ်ဆိုရင်

အိမ်ထောင်ရေးဟာ ပုံပြင်ထဲကအတိုင်း လှပနေနိုင်ပါလိမ့်မယ်။

Ref: Facebook Internet