အောင်လံမြို့နှင့် အနီးတစ်ဝိုက်၏ မိုးလေဝသ သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေသည့် NGO မိုးလေဝသ Web ဖြစ်သည်။
Thursday, June 18, 2020
ကပ္ပလီပင်လယ်
ကပ္ပလီပင်လယ် သည် ကပ္ပလီကျွန်းအားဖြင့် နီကိုဘားကျွန်းနှင့် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးကျွန်းဆွယ်တို့ ထိစပ်နေသောနေရာ၊ ဘင်္ဂလားပင်လယ်အော် (၎င်း၏အနောက်ဘက်မှ) ဖြင့် ပိုင်းခြားထားသော အိန္ဒိယသမုဒ္ဒရာ၏အရှေ့ဘက်ခြမ်း အစွန်ဆုံးပင်လယ်ကို ဆိုလိုသည်။ ၎င်း၏တောင်ဘက်အဆုံးပိုင်းသည် ဆူမားတြားကျွန်း၏မြောက်ဘက်ကျွန်းတစ်ကျွန်းဖြစ်သော Breuehကျွန်းအထိ သတ်မှတ်ထားကြသည်။
Wednesday, June 17, 2020
(၁၈-၀၆-၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ
(၁၈-၀၆-၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ
============================================================
အပူချိန်အခြေအနေခန့်မှန်းချက်
=======================
အမြင့်ဆုံးအပူချိန် = 28°C
အနိမ့်ဆုံးအပူချိန် = 24°C
နာရီအလိုက်အပူချိန်ခန့်မှန်းချက်
========================
နံနက် ၀၀း၀၀ နာရီ = 25°C
နံနက် ၀၄း၀၀ နာရီ = 24°C
နံနက် ၀၇း၀၀ နာရီ = 25°C
နံနက် ၁၀း၀၀ နာရီ = 26°C
မွန်းတည့် ၁၂း၀၀ နာရီ = 27°C
မွန်းလွဲ ၁၃း၀၀ နာရီ = 28°C
ညနေ ၁၅း၀၀ နာရီ = 27°C
ညနေ ၁၈း၀၀ နာရီ = 26°C
ည ၂၀း၀၀ နာရီ = 25°C
ည ၂၂း၀၀ နာရီ = 25°C
မိုးအခြေအနေခန့်မှန်းချက်
====================
နံနက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါမည်၊ နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါမည်။ မိုးအသင့်အတင့် ရွာသွန်းနိုင်ပါသည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။ ညပိုင်းတွင် တိမ်အသင့်အတင့် ရှိပါမည်။
လေအခြေအနေခန့်မှန်းချက်
=====================
အရှေ့တောင်အရပ်မှလေသည် အမြင့်ဆုံး တစ်နာရီ ၁၅ ကီလိုမီတာမှ ၁၈ ကီလိုမီတာအထိ တိုက်ခတ်နိုင်ပြီး လေထုဖိအားမှာ 1010 hPa အထိ ရှိနိုင်ကြောင်း ခန့်မှန်းရရှိပါသည်။
မိုးလေဝသ - အောင်လံ (NGO)
ဘင်္ဂလားပင်လယ်အော်
ဘင်္ဂလားပင်လယ်အော် (အင်္ဂလိပ်: The Bay of Bengal) သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ပင်လယ်အော်ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိသည်။ တြိဂံပုံသဏ္ဌာန် နှင့် ဆင်တူပြီး အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၏ အရှေ့ဘက် ကမ်းရိုးတန်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် သီရိလင်္ကာနိုင်ငံ၏ တောင်ဘက် ကမ်းရိုးတန်း၊ အရှေ့ဘက်တွင် မြန်မာနိုင်ငံ၊ အန်ဒမန်ကျွန်းနှင့် နီကိုဘာကျွန်းတို့ တည်ရှိကြသည်။
| တည်နေရာ | တောင်အာရှ |
|---|---|
| ကိုဩဒိနိတ် | 15°N 88°E / 15°N 88°E |
| အမျိုးအစား | ပင်လယ်အော် |
| ပင်မ ရေဝင်စီးကြောင်း | အိန္ဒိယသမုဒ္ဒရာ |
| ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | |
| အကျယ်ဆုံး အလျား | ၂,၀၉၀ km (၁,၃၀၀ mi) |
| အကျယ်ဆုံး အနံ | ၁,၆၁၀ km (၁,၀၀၀ mi) |
| မျက်နှာပြင် ဧရိယာ | ၂,၁၇၂,၀၀၀ km2 (၈၃၉,၀၀၀ sq mi) |
| ပျမ်းမျှအနက် | ၂,၆၀၀ m (၈,၅၀၀ ft) |
| အနက်ဆုံး အနက်အရှိုင်း | ၄,၆၉၄ m (၁၅,၄၀၀ ft) |
ဘင်္ဂလားပင်လယ်အော်သည် ဧရိယာ စတုရန်း ကီလိုမီတာ ၂,၁၇၂,၀၀၀ ကီလိုမီတာ ရှိသည်။ ဘင်္ဂလားပင်လယ်အော် အတွင်းသို့ စီးဝင်သော မြစ်များမှာ ပတ်ဒ်မာမြစ် (ဂင်္ဂါမြစ်၏ မြစ်လက်တက်)၊ မဂ်နာမြစ် နှင့် ဂျမူနာမြစ် (ဗြဟ္မပုတ္တရမြစ်၏ မြစ်လက်တက်များ)၊ ဧရာဝတီမြစ်၊ ဂိုဒဗာရီမြစ်၊ မဟာနဒီမြစ်၊ ခရစ်ရှနမြစ်၊ ကာဗရီမြစ် တို့ ဖြစ်ကြသည်။
Source; Wikipedia
Tuesday, June 16, 2020
(၁၇-၀၆-၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ
(၁၇-၀၆-၂၀၂၀) ရက်နေ့အတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ
============================================================
အပူချိန်အခြေအနေခန့်မှန်းချက်
=======================
အမြင့်ဆုံးအပူချိန် = 28°C
အနိမ့်ဆုံးအပူချိန် = 24°C
နာရီအလိုက်အပူချိန်ခန့်မှန်းချက်
========================
နံနက် ၀၀း၀၀ နာရီ = 25°C
နံနက် ၀၅း၀၀ နာရီ = 24°C
နံနက် ၀၆း၀၀ နာရီ = 25°C
နံနက် ၀၉း၀၀ နာရီ = 26°C
မွန်းတည့် ၁၂း၀၀ နာရီ = 26°C
မွန်းလွဲ ၁၃း၀၀ နာရီ = 27°C
မွန်းလွဲ ၁၄း၀၀ နာရီ = 28°C
ညနေ ၁၆း၀၀ နာရီ = 27°C
ညနေ ၁၈း၀၀ နာရီ = 26°C
ည ၂၀း၀၀ နာရီ = 26°C
ည ၂၂း၀၀ နာရီ = 25°C
မိုးအခြေအနေခန့်မှန်းချက်
===================
နံနက်ပိုင်းတွင် တိမ်အသင့်အတင့်၊ နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်ပါမည်။ မိုးအသင့်အတင့် ရွာသွန်းနိုင်ပါသည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။ ညပိုင်းတွင် တိမ်အသင့်အတင့် ရှိပါမည်။
လေအခြေအနေခန့်မှန်းချက်
====================
အရှေ့တောင်အရပ်မှလေသည် အမြင့်ဆုံး တစ်နာရီ ၂၀ ကီလိုမီတာအထိ တိုက်ခတ်နိုင်ပြီး လေထုဖိအားမှာ 1008 hPa အထိ ရှိနိုင်ကြောင်း ခန့်မှန်းရရှိပါသည်။
မိုးလေဝသ - အောင်လံ (NGO)
Subscribe to:
Comments (Atom)







